မသွားခင်မှာ အဝေးကြီးကို မျှော်ကြည့်ပါ.
သွားပြီ ဆိုရင်တော့ တစ်လှမ်းချင်းစီကိုပဲ ကြည့်ပါ.
မလုပ်ခင်မှာ စဉ်းစားပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ.
လုပ်ပြီဆိုရင်တော့ တစ်ဆင့်ချင်းစီကို သတိထား ဂရုစိုက်ပြီး လုပ်တက်အောင် လေ့ကျင့်ပါ..
အများကြီး တွေးပါ အများကြီး စဉ်းစားပါ အများကြီး ဆင်ခြင်ပါ. သို့သော်
တစ်ခုချင်းစီပဲ လုပ်ပါ..
တရားသဘောကို နားလည် သဘောပေါက်ချင်တယ် ဆိုရင်တော့.
သတိထားပြီး တွေး သတိထားပြီး ပြော သတိထားပြီး လုပ် လုပ်ရင်းနဲ့
တရားသဘောတွေကိုခံစားမိလာပါလိမ့်မယ်.
ခံစားမိလာတာကို ဥာဏ်လေးပေါ်တင်ပေးလိုက်ပါ.
အကြောင်း အကျိုးတွေ အကောင်း အဆိုးတွေ အမှား အမှန်တွေကို ဝေဖန်ပိုင်းခြားတက်လာပါလိမ့်မယ်
ဝေဖန်ပိုင်းခြားလို့ ရလာတဲ့ အသိတရားတွေကို သင့် မသင့် ဆိုတာလေးပေါ် တင်ပေးလိုက်ပါ
တွေးတဲ့ အတွေးတွေ ပြောတဲ့ စကားတွေ လုပ်တဲ့ အလုပ်တွေ သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်.

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။