.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Monday, January 30, 2012

တီဘီ ရောဂါ လက္ခဏာ များ

တီဘီ ရောဂါဟာ ကူးစက် လွယ်တဲ့ ရောဂါ ဖြစ်ပြီး ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပွား ရတာ ဖြစ်ပါတယ်.. Tubercles Bacillus လို့လည်း ခေါ်ပြီး အတိုကောက် TB လို့ ခေါ်ပါတယ်.. ကမ္ဘာ့ လူဦးရေ သုံးပုံ တစ်ပုံ ဟာတီဘီ ရောဂါ ပိုးကူးစက် ခံထား ရပြီး တစ်စက္ကန့် မှာ ပျမ်းမျှ လူတစ်ဦး ကူးစက် ခံနေ ရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ခန့်မှန်း ထားပါတယ်.. အိပ်ခ်ျ အိုင်ဗွီ ပိုး မရှိဘဲ တီဘီ ပိုး တစ်မျိုး တည်းသာ ကူးစက် ခံထား ရသူ များရဲ့ ၅ မှ ၁၀ % ကသာ သူတို့ ရဲ့ သက်တမ်း တစ်လျှောက် တီဘီ ရောဂါ လက္ခဏာ ကို ခံစား ကြရ ပါတယ်.. အိပ်ခ်ျ အိုင်ဗွီ နဲ့ တီဘီ ပိုး နှစ်မျိုး လုံး ကူးစက် ခံရသူ များမှာ တော့
တီဘီ ရောဂါ ပိုမို ဖြစ်ပွား တတ်ကြ ပါတယ်.. တီဘီ ရောဂါ ဖြစ်ပွား နေသူ တစ်ဦး ဟာ မကု သဘဲ ထားပါက တစ်နှစ် အတွင်း ပျမ်းမျှ လူ ၁၀ မှ ၁၅ ဦးထိ ထပ်မံ ကူးစက် နိုင်ပါတယ်..
တီဘီ ရောဂါ ပိုးဟာ ရောဂါ ဖြစ်ပွား နေသူ၏ နှာခြေ၊ ချောင်းဆိုးခြင်း၊ တံတွေး ထွေးခြင်းကြောင့် လေမှ တစ်ဆင့် အသက် ရှူ လမ်းကြောင်း တစ်လျှောက် ၀င်ရောက် ကူးစက် တတ်ပါတယ်.. အဓိက အားဖြင့် အဆုတ် တွင်းတွင် ၀င်ရောက် ပွားများ တတ်ပြီး ခန္ဓာကိုယ် အခြား နေရာ များသို့ လည်း ပျံ့နှံ့ ဖြစ်ပွား တတ်ပါတယ်.. အဆုတ် အပြင် အခြား အဖြစ်များ သော နေရာ များမှာ ဦးနှောက် အမြှေး (Meninges)၊ အဆုတ် မြှေးလွှာ (Pleura)၊ အရိုး အထူးသဖြင့် ကျောရိုး တီဘီ (Pott's Spine)၊ ကျောက်ကပ် (Kidney)၊ အူသိမ် (Intestine) တို့ ဖြစ်ကြ ပါတယ်.. ဒီဆောင်းပါး မှာ အဆုတ် တီဘီ အကြောင်း ကိုဘဲ ဦးစားပေး ရေးပါ့မယ်.. ခန္ဓာကိုယ် ခုခံ အား ကောင်းမွန် သူများ တွင် တီဘီ ပိုးများ ၀င်ရောက် လာပါက ပိုးပွား များမှု ကို ဟန့်တား ထားစေပြီး ပိုးများ၏ ပတ်လည် တွင် အနာရွတ် တစ်သျှူး (Scar Tissue) များ ၀န်းရံ ထားခြင်း ဖြင့် ရောဂါ မဖြစ်ပေါ် အောင်၊ ငုပ်လျှိုး နေအောင် ခုခံ ထားနိုင် ပါတယ်.. ခန္ဓာ ကိုယ် ခုခံ မှု လျော့နည်း လာပါက ငုပ်လျှိုး နေသော တီဘီ ရောဂါ ပိုးများ ပြန်လည် ပွားများ လာပြီး တီဘီ ရောဂါ လက္ခဏာ များ ဖြစ်ပေါ် လာပါတယ်.. တီဘီ ကူးစက် ရန် အခွင့် အလမ်း များသော သူများမှာ

    တီဘီ ရောဂါ ဖြစ်ပွား နေသူနှင့် အတူနေ မိသားစု ၀င်များ၊
    ပြုစု စောင့်ရှောက် ရေး ဂေဟာ များရှိ အတူ နေသူများ၊
    အကျဉ်း သားများ၊
    အရက် သောက်သုံး သူများ၊ မူးယစ် ဆေးစွဲ သူများ၊
    ဆီးချို သွေးချို ရောဂါ ဝေဒနာ ရှင်များ၊ ကင်ဆာ ဝေဒနာရှင်များ၊ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများ၊
    ကျန်းမာရေး ၀န်ထမ်းများ
    တို့ ဖြစ်ပါတယ်...။

တီဘီ ရောဂါ လက္ခဏာ များမှာ

    တာရှည် စွာ ချောင်းဆိုး ခြင်း(chronic cough)၊
    ချောင်းဆိုး သွေးပါ ဖြစ်ခြင်း (blood- tinged sputum)၊
    တငွေ့ငွေ့ ဖျားတတ် ခြင်း (low grade fever)၊
    ညပိုင်း ချွေးထွက် တတ်ခြင်း (night sweat)၊
    အစား အသောက် ပျက်လာခြင်း (loss of appetite)၊
    ကိုယ်အလေး ချိန်ကျ လာခြင်း (weight loss)
    မောပန်း နုံးလွယ်ခြင်း (Fatique)

တို့ ဖြစ်ပါတယ်.. အဆုတ် ပြင်ပ တီဘီ မှာ ဖြစ်ပွား သည့် နေရာ ပေါ်မူ တည်ပြီး လက္ခဏာ ပြသကြ ပါတယ်..
တီဘီ ရောဂါ ရှာဖွေ စမ်းသပ် ရာတွင် သလိပ်ကို မိုက်ခရို စကုပ်ဖြင့် စစ်ဆေး ရှာဖွေခြင်း (Microscopic Sputum Examination)၊ ရင်ဘတ် ဓါတ်မှန် ရိုက်၍ စစ်ဆေး ကြည့်ရှုခြင်း (Chest X-ray)၊ အရေပြား တွင် ဆေးရည် ထိုး၍ စစ်ဆေးခြင်း (Tuberculin Skin Test)၊ တီဘီ ပိုးရဲ့ ဒီအန်အေ (DNA) ကို Polymerase Chain Reaction (PCR) နည်းဖြင့် ရှာဖွေ စစ်ဆေးခြင်း တို့ ဖြစ်ပါတယ်...

တီဘီ ရောဂါ လက္ခဏာ ခံစား ဖြစ်ပွား နေသူများ မကုသ ဘဲ ထားပါက ၅၀% ကျော်ဟာ အသက် ဆုံးရှုံး နိုင်ပါတယ်.. တီဘီ ရောဂါ ပိုးဟာ အခြား ရောဂါ ပိုးများ နဲ့ မတူဘဲ အချိန် ကြာရှည်စွာ ကုသမှ ပျောက်ကင်း နိုင်ပါတယ်.. ငုပ်လျှိုး နေသော ပိုးများ ကြောင့်၎င်း၊ ဘက်တီး ရီးယား ပိုး၏ ဆဲလ်နံရံ ဟာ အဆီနဲ့ မိုင်ကောလစ် အက်စစ် (Mycolic acid) အများ အပြား ပါဝင် တာကြောင့် ၎င်း အလွယ် တကူ ဆေးတိုက်ဖျက် နိုင်မှု မရှိတာ ကြောင့် ဖြစ်ပါတယ်.. ဖြစ်ပွားမှု အသစ် အဟောင်း၊ ဖြစ်ပွားတဲ့ နေရာ ပေါ် မူတည်ပြီး ဆေးကို ၆ လ မှ ၂ နှစ် ထိ သောက်ဖို့ လိုအပ် ပါတယ်.. တီဘီ ရောဂါ ကိုတိုက်ဖျက် နိုင်တဲ့ အစွမ်း ထက်ဆေး နှစ်မျိုး ကတော့ Rifampicin နဲ့ Isoniazid ဖြစ်ပြီး ဆေးသောက် သုံးနေတဲ့ ကာလ တစ်လျှောက် လုံး အမြဲ ပါဝင် နေပါတယ်.. အခြား တွဲဖက် သုံးစွဲ ရတဲ့ ဆေးများ ကတော့ Ethambutol, Pyrazinamide, Inj Streptomycin တို့ ဖြစ်ပါတယ်.. တီဘီ ရောဂါ အတွက် ဆေးတစ်မျိုး တည်းကိုသာ သုံးစွဲ ကုသ ပါက အချိန် ကြာမြင့် သည့်အပြင် အဓိက ဆေးမတိုး ဆေးယဉ် ပါးမှု ပြဿနာ (Drug Resisitant) များ ပေါ်ပေါက် လာနိုင်လို့ ဆေးများ စုပေါင်း သုံးစွဲ ကုသလာ ကြပါတယ်.. အခု အခါ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) မှ ချမှတ် ညွှန်ကြား ထားသော "တိုက်ရိုက် ကြည့်ရှု အချိန် တိုနှင့်ကု" (Directly Observed Treatment in Short-course - DOTS) စနစ် အရ ကုထုံး များဖြင့် ကုသ ပေးနေ ကြပါတယ်.. မြန်မာ နိုင်ငံ မှာတော့ အမျိုးသား တီဘီ ရောဂါ တိုက်ဖျက်ရေး အဖွဲ့ (NTP) ၏ စီစဉ် ညွှန်ကြားမှု ဖြင့် မြို့နယ် ဆေးရုံ များရှိ တီဘီ ရောဂါ တိုက်ဖျက်ရေး ဌာန၊ မြန်မာ နိုင်ငံ တစ်ဝှမ်း ရှိ "နေ အရည် အသွေး ပြည့် ဆေးခန်း" (Sun Clinic) များတွင် တီဘီ ရောဂါ ဝေဒနာ ရှင်များအား အခမဲ့ ဆေးပေး ကုသ လျက်ရှိ ပါတယ်.. ဆေးများကို နေ့စဉ် အချိန်မှန် စနစ်တကျ သောက်ရန် လိုအပ်ပြီး ပျက်ကွက် ပါက ဆေးယဉ် ပါးမှု ဖြစ်နိုင်ချေ များပါတယ်.. အဓိက ဆေးနှစ် မျိုးဖြစ်တဲ့ Rifampicin နဲ့ Isoniazid ဆေးယဉ်ပါး လာပါက Multi-Drugs Resisitant TB (MDRT or MDR-TB) လို့ ခေါ်ပြီး မြို့နယ် ဆေးရုံ နဲ့ ဆေးခန်း များတွင် ကုသမှု မပေး နိုင်တော့ဘဲ အမျိုသား တီဘီ တိုက်ဖျက်ရေး ဇုံ/ဆေးရုံ များတွင် သာ ဆက်လက် ဆေးကုသ ခံယူ ရပါမယ်...
အဆုပ်အပြင် အရိုး-အဆစ် တီဘီ၊ ဗဟို အာရုံကြောစနစ်၊ (လင့်ဖ်)ကြောစနစ်၊ ဆီး-မွေးလမ်းကြောင်း၊ အရေပြားတို့တွင်လည်း တီဘီရောဂါ ရစေသည်။ အဆုပ်အားဖုံးနေသည့်အလွှာ (Pleura) နှစ်လွှာအကြား အရည်-ပြည်တို့ စုဝေးနေခြင်းဖြစ်စေတတ်သည်။ တီဘီဆေးများအပြင် ၄င်းအရည်-ပြည်တို့အား စုပ်ထုတ်ကုသပေးရန်လိုသည်။လက္ခဏာများမှာ ယင်းကိုယ်အင်္ဂါများ သာမန်အားဖြင့် အလုပ်လုပ် နည်းပါးလာခြင်းတို့ပင် ဖြစ်သည်။ တီဘီရောဂါ၏ လက္ခဏာများ ပေါ်ပေါက်လာသည်နှင့် ဆရာဝန်ထံ အစစ်အဆေးခံယူရမည်။

ဆေးဝါးများကို မှန်ကန်စွာ မှီဝဲခြင်းမပြုပါက မည်သို့ ဖြစ်နိုင်သနည်း။

၁။ အကယ်၍ ဆေးဝါးများကို မှန်မှန်နှင့် စနစ်တကျ မသုံးစွဲပါက တီဘီရောဂါ၏ လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာနိုင်သည်။

၂။ ပထမ သုံးစွဲသည့် ဆေးဝါးများသည် အစွမ်းမထက်တော့သည်ကို မကြာခဏတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးများသည် ထိုဆေးများကို ခံနိုင်ရည် ရှိလာသောကြောင့် ဖြစ်သည်။ ၄င်းအပြင် ရိုးရိုးတီဘီဆေးများသည်လဲ ထိုရောဂါကို ပျောက်ကင်းရန် အစွမ်းဆောင်နိုင်တော့ခြေ။

၃။ ထိုရောဂါသည် အချိန်ကြာမြင့်စွာ ဆေးကုခံရတော့မည်ဖြစ်သည်သာမက ငွေကြေးအကုန်အကျ များပြားလာနိုင်သည့်အပြင် အသက်အန္တရာယ်လည်း ရှိလာနိုင်သည်။

၎။ အချိန်မှန်မှန်နှင့် စနစ်တကျ ဆေးဝါးများကို မှီဝဲခြင်းမရှိသော တီဘီရောဂါ စဖြစ်သည့်သူများမှာ တီဘီရောဂါ ကုဆေးများက အာနိသင် နည်းပါးလာပါသည်။

အခြေခံဆေးကုဌာနများ၏ တာဝန်များ


၁။ အများ ပြည်သူလူထုများအား တီဘီရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နားလည်သဘောပေါက်အောင် ပညာပေးခြင်း။

၂။ တီဘီရောဂါဖြစ်နေသည်ဟု ယူဆရသောရောဂါသည်များအား ဆေးစစ်ခြင်းကို ဆောင်ရွက်ပေးခြင်း။

၃။ ရောဂါဖြစ်နေသည်ဟု ယူဆရသောသူတို့၏ သလိပ်နှင့် တံတွေးများကို စစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးခြင်း။

၎။ တီဘီရောဂါသည်များကို အချိန်မှီ သင့်တော်သည့်ဆေးဝါးများ ရရှိရန် ဆောင်ရွက်ပေးခြင်း။

၅။ တီဘီရောဂါသည်တို့၏ မှတ်တမ်းများကို ပြုစုထားရန်

၆။ တီဘီရောဂါသည်တို့၏ မိသားစုမှ အခြားသူများအား ဆေးစစ်ခြင်း ပြုလုပ်ရန် အားပေးတိုက်တွန်းခြင်း။

၇။ လုပ်ငန်းအစီအစဉ်ကို မကြာခဏ ပြန်လည်စမ်းစစ်သုံးသပ်ရန်။

၈။ ကလေးများအား တီဘီဂျီ ကာကွယ်ဆေး ထိုးပေးနိုင်ရန် ဆောင်ရွက်ခြင်း။

တီဘီရောဂါ မည်သို့ ကူးစက်သနည်း
၁။ ရောဂါသည်၏ တံတွေးနှင့် သလိပ်တို့မှ တီဘီရောဂါ၏ ပိုးမွှားကလေးများသည် လေထုထဲတွင် ပြန့်ကျဲကာ အခြားသူများ အသက်ရှူသောအခါနှင့် ချောင်းဆိုးသောအခါတို့တွင် သူးစက်သွားနိုင်သည်။

၂။ လူများတွင် ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားနည်းသောအခါတွင် ကူးစက်နိုင်သည်။

အောက်ဖော်ပြပါအခြေအနေများသည် တီဘီရောဂါပြန့်ပွားကူးစက်ခြင်းကို အားပေးသည်။


၁။ လူသူများ၍ ကျဉ်းကြပ်ပြီး မှောင်မိုက်နေသောနေရာများတွင် အချိန်ကြာရှည် နေထိုင်ရခြင်း။

၂။ အစားအသောက်နှင့် အဟာရ ချို့တဲ့ခြင်း။

၃။ အေအိုင်ဒီအက်စ် နှင့် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ခြင်း။

တီဘီရှိ-မရှိ Mantoux tuberculin skin test နှင့် Tuberculosis radiology လူထုအား ဓါတ်မှန်ရိုက်ခြင်းလုပ်သည်။ သလိပ်ထဲပိုး ရှိ-မရှိ စစ်သည်။

တီဘီရောဂါမှ ကာကွယ်ခြင်း


၁။ တီဘီရောဂါသည် ချောင်းဆိုးသောအခါတွင် လက်ကိုင်ပုဝါနှင့် ပါးစပ်ပိတ်၍ ချောင်းဆိုးရမည်။

၂။ တီဘီရောဂါသည် မိမိတံတွေးကို နေရာတကာတွင် မထွေးရ။ အဖုံးရှိသောခွက်တွင် စံနစ်တကျ ထွေးရမည်။

၃။ ယင်းတံတွေးများကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ကို ပြုရမည်။

၎။ တီဘီရောဂါသည်အား ၀င်လေ-ထွက်လေ ကောင်းသောအခန်းတွင် နေထိုင်စေရမည်။

၅။ ထိုရောဂါသည်များနှင့် ဆက်ဆံမှုရှိသောသူများသည် (၂) နှစ်တာကာလအချိန်အတွင်း တီဘီရောဂါ ကူးစက်ရန် အန္တရာယ် ပိုများလာသည်။ ထိုသူများသည် တီဘီရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက လိုအပ်သည့် ဆေးစစ်မှုများကို ဆောင်ရွက်သင့်သည်။

၆။ ရောဂါသည်နှင့် ဆက်ဆံမှုရှိနေကြသော ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ရောဂါကူးရန် ပို၍ အန္တရာယ်ရှိ၍ အထူးသတိရှိရန် လိုအပ်ပါသည်။

ကုသဆေးများ


First line drugs = Rifampicin, Isoniazid, Pyrazinamide x 6 to 12 months ပထမတန်းစား တီဘီဆေးများ၊

INH (300 mg OD Oral), INH 300 mg/dose

Rifampin (15 mg/kg Oral), Rifampin 600 mg/dose

Pyrazinamide (20-30 mg/kg Daily Oral), Pyrazinamide 2 Gm/dose

Ethanbutol (15-25 mg/kg Daily Oral), Ethanbutol 2.5 Gm/dose

Streptomycin Injection IM (15 mg/kg IM), Streptomycin 1 Gm/dose

PAS = Aminosalicylic acid 8-12 Gm/dose

Ethionamide 15-20 mg/kg (Max. 1 Gm)

Cycloserine 15-20 mg/kg (Max. 1 Gm)


Multi-drug resistant TB (MDR-TB) ဆေးအများပြီးခြင်း၊

Extensively drug-resistant TB (XDR-TB)

Q and A

Q - ကျနော်သိချင်တာပါ မေးခွင့်ပြုပါခင်ဗျာ။ ချောင်းဆိုးတာ တစ်လနီးပါး ချောင်းဆိုးပါတယ်။ ချောင်းဆိုးရင်တော့ သွေးတော့ မပါဘူးပါ။ ညနေခင်းပိုင်းနဲ့ ညခင်းအိပ်ခါနီးလောက်ဆို အဖျား နည်းနည်း ရှိနေပါတယ်။ ခန့်မှန်းခြေ မနက်ခင်း ၈ နာရီ လောက်ထိ အဖျား နည်းနည်းရှိတုန်းပါ။ အဲဒီနောက်ပိုင်း လူကောင်းပတိပါ။ ဖျားခြင်းနာခြင်း လုံးဝမရှိပါ။ အစားအသောက်လည်း လုံးဝပျက်လာပါတယ်။ အားကစားလုပ်တိုင်း ခါတိုင်းနဲ့မတူ ပိုပြီး အမောလွယ်နေပါတယ်။ နောက်တော့ လူကအရမ်းကို ပိန်လာပါတယ်။ ဘယ်လောက်ဘဲ စားစား ဝမလာတော့ပါ။


အပေါ်က လက္ခဏာတွေက တီဘီ ဖြစ်နေတာကို ဆိုလိုတာပါလား။ တီဘီ ဖြစ်နေတယ်ဆိုလျှင် ဆေးသောက်ရုံနဲ့ ပျောက်ပါသလား။ ဆရာဝန်နဲ့ပြ ဆေးရုံတက်ပြီး ကုသပြီးမှ ပျောက်နိုင်တာမျိုးလား။ ဆေးသောက်ရုံနဲ့ ပျောက်နိုင်တယ်ဆို ဘာဆေးတွေ သောက်ရလဲ ညွှန်းပေးပါ ဆရာ
အဆင်ပြေသွားတာ တစ်ခုရှိပါတယ် (ချောင်းဆိုးတ့ ၃ ပတ်မြောက်လောက်မှာ သောက်ဖြစ်တာပါ)။ အဲဒါက ချောင်းဆိုးလွန်း အားကြီးလို့ဆိုပြီး ဆိုင်မှာသွားဝယ်တဲ့ ဆေးကိုသောက်ကြည့်တော့ ဆေးလည်းကုန်ရော ချောင်းဆိုး တော်တော်ကို သက်သာ သွားပါတယ်။ ချောင်းဆိုးအဆင်ပြေသွားတော့ အစားအသောက်ပျက်တာရယ် လူချောင်ကျ သွားတာရယ်က နဂိုမူရင်းက မူရင်း အတိုင်းပါဘဲ ထူးခြားမလာပါဘူး။

နောက်တစ်ခုဆိုးတာက အစာက စားချင်သည်ဖြစ်စေ ၊ မစားချင်သည်ဖြစ်စေ မရရအောင် ကောင်းကောင်း စားသောက်ြပီး နေပါတယ်။ ဝမ်းပုံမှန်သွားပါတယ်။ ဒီလိုနေထိုင်ပါလျက်နဲ့ လူကပိန်မြဲပိန်နေပြီး၊ စားတဲ့ အစားစာအာဟာရတွေ ဘယ်ရောက် ကုန်မှန်းမသိပါ။ အဲဒါလေးလည်း သိချင်ပါတယ် ဆရာ။

A - ဟုတ်ကဲ့ တီဘီ ရှိ-မရှိ စစ်တာ မမှားပါ။ ပြောတာတွေ အတော်များများက ရောဂါနဲ့ ဆင်တူနေတယ်။ ခုခေတ်မှာ တိုင်းပြည်တိုင်း လိုလို ဒီရောဂါဒဏ် ခံနေကြရတယ်။

ဓါတ်မှန်ရိုက်ရမယ်။ သလိပ်စစ်ရတယ်။ လိုအပ်ရင် သွေးစစ်မယ်။ ကောင်းတာက ရင်ပတ်အထူးကု၊ သမားတော်၊ ရိုးရိုးဆရာဝန်၊ တနေရာရာမှာ ပြပြီး သူတို့ခိုင်းတာ စစ်ပါ။ ဓါတ်မှန်ရိုက်ရင် ဓါတ်မှန် ဖတ်ပေးတဲ့နေရာမှာ ရိုက်ပါ။
ဖြစ်တယ်ဆိုရင် ၂ မျိုးဖြစ်နိုင်တယ်။ (၁) သလိပ်ပိုးတွေ့၊ အဆုပ်မှာတွေ့။ (၂) သလိပ်ပိုးမတွေ့၊ အဆုပ်မှာတွေ့။ ဘာဖြစ်ဖြစ် ဆေးကုလို့ရတာတွေချည်းပါ။ မပူပါနဲ့။ ၆ လ ၉ လ အလွန်ဆုံး ကြာတယ်။ ဆေးပေးနည်း နေရာတခုနဲ့တခု နဲနဲစီ မတူကြဘူး။ သေခြာတာက ပျောက်မဲ့ရောဂါပါ။ များသောအားဖြင့် ဆေးရုံမတက်ရပါ။ စောစောသိ၊ စောစောကုလေ ကောင်းလေပါ။ ခုခေတ်မှာ ထိုးဆေး သိပ်မသုံးကြတော့ဘူး။ ဆေးကောင်းတွေ ပေါ်နေပါပြီ။ ကံမကောင်းသူတွေ၊ နောက်ကျသူတွေ၊ ဆေးပါတ် မလည်သူတွေဆိုရင် ဆေးယဉ်တဲ့ပိုးဖြစ်လို့ ဆေးအဆန်းတွေနဲ့ ကုရတယ်။

2 comments:

၁နှစ်​၃လက​လေးတီဗွီကြိတ်​ရှိလို့၂လ​ဆေး​တိုက်​ခိုင်းပါတယ်​ မှန်​ပါသလား စိုးရိမ်​ရပါသလား

၁နှစ်​၃လက​လေးတီဗွီကြိတ်​ရှိလို့၂လ​ဆေး​တိုက်​ခိုင်းပါတယ်​ မှန်​ပါသလား စိုးရိမ်​ရပါသလား

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More