.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Thursday, May 31, 2012

အကျည်းတန်လက်တွဲဖော်


“ဒုက္ခ” ဟူသော စကားလုံးသည်ပင်လျှင် အမြင်၌ အကျည်းတန် အရုပ်ဆိုးပါလေသည်။ “ဒုက္ခ” ဟူသော အသံကို နား၏သာယာမှုရသ စိုးစဉ်းမျှ ရှာမရသောကြောင့် မည်သူကမျှ မကြားလို။ “ဒုက္ခ” ဟူသောအတွေ့အကြုံကိုလည်း မမြင်ချင်၊ မတွေ့ချင်၊ မပေါင်းဆုံလိုချင်သောကြောင့် လူသတ္တ၀ါတို့ ဒုက္ခနှင့်ဝေးအောင် ပြေးရှောင်နေကြချေသည်။
သို့ရာတွင် ဒုက္ခကို ကျေးဇူးတင်စရာတော့ ရှိပါသည်။
“ဒုက္ခ” က မိမိ၏ ညံ့ကွက်၊ ရှော်ကွက်၊ ပျော့ကွက်၊ ချို့ယွင်းချက်ကို မူယာမာယာမရှိဘဲ ဒိုး ဒိုးဒေါက်ဒေါက် ထောက်ပြတတ်သည်။ ကိုယ့်အကျိုးကို မလိုလားသူ၊ ကိုယ့်အငြိုအငြင်ကို မခံလိုသူများလို ရေငုံနှုတ်ပိတ် လုပ်မနေတတ်။ မြုံ၍ မနေတတ်၊ အလိုက်သင့် အလျားသင့် ဆက်ဆံမနေတတ်။ အမှန်အတိုင်း အရှိအတိုင်း ဒုက္ခက ထောက်ပြတတ်သည်။ ဤသို့ထောက်ပြသောကြောင့် မိမိတို့၏ ညံ့ကွက်၊ ပျော့ကွက်ကို ပြုပြင်ကျော်လွှားကာ အောင်မြင်သူတွေ ဖြစ်လာသည့်အခါ ဒုက္ခကို ကျေးဇူးတင်လာကြသည်။ အမှန်တော့ သင်၏ချို့ယွင်းချက်ကို အသေအချာ ထောက်ပြပြောဆိုနိုင်သောသူသည် သင့်ဘ၀အတွက် မိတ်ဆွေကောင်းပင် ဖြစ်၏ ဟူသောအဆိုကို ဒုက္ခက ခံယူထားသည်နှင့် တူနေပါသည်။
ဒုက္ခက လူသတ္တ၀ါတို့၌ တိမ်မြုပ်နေသော အစွမ်းအစကို ဆွဲဖော်၍ ငိုက်မြည်းတွေဝေနေသောစိတ်ကို လှန့်နှိုးကာ သတိပေးတတ်သည်။ ဒုက္ခက လူတော်နှင့်လူညံ့ကိုလည်း ခွဲခြားပေးတတ်သည်။ လူတစ်ဦးအား လူတော်လူကောင်း ဟုတ်မဟုတ်၊ လူစွမ်းလူစ ရှိမရှိ စစ်ဆေးပေးနိုင်သော မှတ်ကျောက်များအဖြစ် ဒုက္ခက အခက်အခဲတို့ကို ဖန်တီးပေးတတ် သည်။ အခက်အခဲနှင့် အန္တရာယ်တို့ကို ကြုံလာသောအခါ
တချို့သောသူများက ချိုင်းထောက်ဝယ်၍ ထောက်ကြရပြီး တချို့သောသူများမှာတော့ အတောင်များပေါက်လာကြသည်ဟူသော အဆိုရှိသည်။ ဆိုလိုသည်မှာ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ကြရာ၌ အချို့သူများသည် စိတ်ဓါတ်ပျော့ညံ့ခြင်း၊ ကြံရည်ဖန်ရည် နည်းပါးခြင်းတို့ကြောင့် မျှော်လင့်ချက်များ ကျိုးပဲ့ပျက်ဆီးစီးခြင်းနှင့်အတူ ကျရှုံးပျက်စီးသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ ချိုင်းထောက်ဝယ် တပ်ရသည်ဟု တင်စားပြောဆိုခြင်းဖြစ်သည်။ တချို့သော သူများကတော့ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ရာ၌ စိတ်ဓါတ်ကြံ့ခိုင်ကြသည်။ ကြံရည်ဖန်ရည် ရှိကြသည်။ ထိုအခါ အခက်အခဲများကို ကျော်လွှားလွန်မြောက်နိုင်သည့် စွမ်းရည် များ ရသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ တချို့သူများ၌ အတောင်များ ပေါက်လာကြသည်ဟု တင်စားပြောဆိုခြင်း ဖြစ်သည်။ ဟုတ်ပါသည်။
အခက်အခဲနှင့် ဒုက္ခတရားက စိတ်ဓါတ်ခိုင်ခံ့သူ၊ အသိဉာဏ် အမြော်အမြင်ရှိသူကို အောင်မြင်မှုဆီသို့ ပျံသန်း ရောက်ရှိသွားစေနိုင်သော အစွမ်းအစ တောင်ပံများကို တပ်ဆင်ပေးလိုက်မြဲဖြစ်သည်။
လူသတ္တ၀ါဆိုသည်မှာ အခက်အခဲနှင့် ပြဿနာများကိုကြုံမှ အစွမ်းအစကို ထုတ်ချင်တတ်ကြသည်။ ထို့ကြောင့်လည်း နောင်မှ “တ”ရသည့် နောင်တ တရားသည် သတ္တလောက၌ အဆင့်အမြင့်ဆုံးဟုဆိုသော သတ္တ၀ါတို့ နယ်ပယ်အတွင်းသို့ ရေသာခိုခြင်း ပျင်းရိခြင်း သက်သက်သာသာ နေလိုခြင်းတည်းဟူသော တံခါးပေါက်တို့မှ တိတ်တခိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် “ဒုက္ခ”က လူတစ်ဦး ကိုယ်ရည်ကိုယ်သွေး တောက်မတောက်၊ စိတ်ဓါတ် ခိုင်မခိုင်ကို ဇွဲသတ္တိတည်းဟူသော မှတ်ကျောက်၌ တင်ကြည့်ပေလိမ့်မည်။ ဘ၀ဟူသော ကြိုးဝိုင်းအတွင်းသို့ သွင်း၍ အခက်အခဲတည်းဟူသော ပြိုင်ဘက်နှင့် ပြိုင်ဖက်စေလျက် သတ္တိရှင်ကို ရွေးချယ်ပေလိ့မ်မည်။ ဘ၀ကြိုးဝိုင်း၌ အောင်မြင်မှု သရဖူ မဆောင်းနိုင်သူကိုလည်း ဒုက္ခက သနားညှာတာ ချစ်ကြင်နာစွာဖြင့် မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ ဤမျှရက်စက်၍ ပြတ်သားလွန်းသောကြောင့် ဒုက္ခကို အကျည်းတန်လှချေသည်ဟု ထင်ခဲ့ကြသည်။
ဘ၀ကြိုးဝိုင်း၌ အခက်အခဲနှင့် အပွဲပွဲယှဉ်ပြိုင်ခဲ့သောကြောင့်တစ်ကြောင်း၊ ဇွဲသတ္တိမှတ်ကျောက်၌ အကြိမ်ကြိမ် မိမိတို့၏ အစွမ်းအစကို မှတ်ကျောက်တင်ခံခဲ့သောကြောင့် တစ်ကြောင်း အောင်မြင်ကျော်ကြားသူများသည် ဒုက္ခ၏ သဘောကို နားလည်ခဲ့ကြသည်။ အကဲခတ်သူတစ်ဦးက “လင်ကွန်းဟာ ဒုက္ခရဲ့ အရွေးချယ် အစမ်းသပ်ကို အမျိုးမျိုး ခံခဲ့ရတယ်။ ဒါပေမယ့်... သူ့အစွမ်းအစကို ဇွဲသတ္တိ မှတ်ကျောက်ပေါ်မှာ တလက်လက် တင်ပြနိုင်ခဲ့လို့ နောက်ဆုံးတော့ ... ဒုက္ခက ရိုကျိုးစွာနဲ့ သမ္မတလင်ကွန်းအဖြစ် တင်မြှောက်လိုက်တာပဲ” ဟု ဆိုသည်။ “ဒုက္ခဟာ အကျည်းတန်တယ်လို့ ထင်ရပေမယ့် တကယ်က... အောင်မြင်မှုဆီ ပို့ပေးတဲ့ မိတ်ဆွေကောင်း ဖြစ်ပါတယ်” ဟုပင် ဆိုပြန်ချေသည်။
သင်ကကော ဒုက္ခကို မည်ကဲ့သို့ မြင်ပါသနည်း။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More