.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Friday, February 24, 2012

ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်” လှည်းတန်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူ မခင်မြတ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

 ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၂ (YPI)

(ယမန်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က လှည်းတန်းလမ်းဆုံ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယင်းသန့်စင်ခန်း ၀န်ထမ်း တဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသူ မခင်မြတ်နွယ်မှာ ဆေးရုံတွင်လနှင့်ချီ ကုသမှုခံယူလျှက်ရှိသည်။
သူ့အနေဖြင့် ဖြစ်ပျက်ခဲ့သည့် အတွက်မည်သူ့ကိုမျှ အာဃာတမထားပဲ သူ့၏ မျက်နှာတခြမ်း မှ ဒဏ်ရာကိုသာ ပြန်လည်ကောင်းစေချင်သည်ဟု ပြောဆိုသည်။ မခင်မြတ်နွယ်နှင့် YPI တွေ့ဆုံမေးမြန်းထားသည်ကို ဖေါ်ပြပေးလိုက်ပါသည်။)

 
လွန်ခဲ့သည့် ၂လကြာက လှည်းတန်း လမ်းဆုံ ဗုံးကွဲမှုကြောင့်ရရှိသည့် ဒဏ်ရာများ ကုသမှုခံယူလျှက်ရှိသည့် မခင်မြတ်နွယ်အား ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ ၎င်းနေထိုင်ရာ အိမ်၌ ယခုလိုတွေ့ရသည်။ (ဓါတ်ပုံ- သူရမျိုး YPI)

YPI ။  ။ အဲဒီနေ့က အဖြစ်အပျက်ကလေးကို ပြန်ပြောပြ ပေးနိုင်မလား။

မခင်မြတ်နွယ်။ ။ အဖြစ်အပျက်ကတော့ ၊ သမီးက သိတာ သူထားခဲ့တာဘဲသိတော့တယ်။

YPI ။  ။ ထားခဲ့တဲ့လူပုံကောမှတ်မိလား ။


မခင်မြတ်နွယ်။ ။ လူပုံကတော့မှတ်မိပါတယ် ။ ပိန်ပိန်သေးသေးလေးကောင်လေးက ။ခပ်ငယ်ငယ်ပါဘဲ။ သူတို့ပြောတာတော့အသက် ၁၅ နှစ်လို့ပြောတယ်။ ကုလားစပ်လို့တော့ ထင်တာဘဲ ထားခဲ့တာ။ ဘာမှမလုပ်ပါဘူး သူလည်းသူ့ဘာသာသူ အပြင်ထွက်သွားတယ် ။ သမီးတို့လည်း နှစ်ယောက်အတူ ထိုင်ပြီးထမင်းစားနေကြတာ အဲဒီအချိန်မှာထဖြစ်တာ။

YPI။ ။အခုလိုဖြစ်သွားတဲ့အတွက် ဆေးကုသမှုကို ဘယ်သူ တာဝန်ယူပေးပါသလဲ။

မခင်မြတ်နွယ်။ ။ အဲဒါတော့ သက်ဆိုင်ရာက ကုပေးတာ ။ ကိုယ်ကတော့ ဘာမှမ၀ယ်ရဘူး ။

YPI။ ။ အလုပ်ရှင်က ရော ဘယ်လိုတာဝန်ယူပေးပါသလဲ။

မခင်မြတ်နွယ်။ ။အလုပ်ရှင်က ဖြစ်ဖြစ်ခြင်းတော့ ငါးသိန်းလာပေးတယ်။ သုံးဖို့ပေါ့နော် ။ တော်တော်ကြာတော့ လစာအဖြစ်ဆိုပြီးတော့ငါးသောင်းပေးတယ်။ လစာပေးတာတဲ့။

YPI။ ။ အရင်အလုပ်ကိုပြန်လုပ်ဖို့အစီအစဉ်ရှိလား။

မခင်မြတ်နွယ်။ ။ သွားတော့မတွေ့ရသေးဘူး။ သူကတော့ပြန်ခိုင်းမယ်ပြောတာဘဲ။ ကိုယ်ကလည်း ဟိုးအရင်တုန်းက ဒီအလုပ်ကိုဘဲလုပ်နေကြဆိုတော့ သူတို့ဆီသွားလျောက်ပြီး လုပ်လိုက်တာ။

YPI ။ ။ အခုစားဝတ်နေရေးအခြေအနေဘယ်လိုရှိသလဲ ။

မခင်မြတ်နွယ်။ ။အခုတော့ အဒေါ်တွေကကြွေးထားတာဘဲ ။မိဘတွေကလည်း အဆင်မပြေလို့ပြန်သွားကြပြီ။ အလုပ်ပြန်လုပ်တာပေါ့နော်။ ပိုက်ဆံပြန်ရှာကြတာပေါ့ ။ ကိုယ်ကတော့ ဒီမှာအဒေါ်တွေနဲ့ ကြွေးထားတာ စားရတာ။

YPI။ ။ မိသားစု ဘယ်နှစ်ယောက်ရှိပါသလဲ။
မခင်မြတ်နွယ်။ ။မိသားစုက အဖေကြီးရယ်အမေကြီးရယ် မောင်လေးတစ်ယောက်ရယ် သမီးရယ် သမီးရဲ့သားလေးရာယ်။ အမျိုးသားက ကွဲနေတယ် ကိုယ့်ဘာသာကိုယ် အလုပ်လုပ်စားနေရတာ ။ကလေးကို အမေကြီးအိမ်မှာထားတာပေါ့နော်။ မောင်လေး တစ်ယောက်က မြောက်ဥက္ကလာမှာ အလုပ်လုပ်တယ်။

YPI ။ ။ အခုလို ဗုံးဖောက်ခွဲတဲ့လူတွေအပေါ်ဘာများပြောချင်ပါသလဲ။

မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး ။ ဒါကတော့ ကိုယ့်ကုသိုလ်ကံပေါ့နော်။ ကုသိုလ်ကံမကောင်းဘူး။သူလည်းတစ်နေ့ကျရင် သူ့ဒုက္ခနဲ့သူ သွားမှာဘဲ။ သူ့လည်းကိုယ်ဘာမှ မလုပ်ချင်ဘူး ။ကိုယ့်ကုသိုလ်ကံ မကောင်းလို့ပေါ့နော် ။ဟိုဘ၀က ဒီလိုဖြစ်မယ်ဆိုတာ ပါလာလို့ဖြစ်တာဘဲ။ အဲလိုမျိုးတော့ယူဆတယ်။ ကိုယ်ကမှ  ကုသိုလ်ကံကောင်းတယ်လို့ ပြောရအုန်းမယ် ဟိုတစ်ယောက်ဆို သေသွားတာ တစ်စစီဖြစ်သွားတယ် ။ ကိုယ်လည်းပြန်ပြန်ပြီး ဖြေသိမ့်တယ်။ ဘယ်သူ့ကိုမှ ပြစ်မတင်ပါဘူး ။ ကုပေးတဲ့လူကိုတော့ ကျေးဇူးတင်တယ်။ အစိုးရကုပေးတယ်ပြောတာပါဘဲ။ ကိုယ်တော့မမြင်ရပါဘူး။ ကိုယ်က ဘာမှမ၀ယ်ရဘူး သူတို့လာလုပ်ပေးတာ အသင့်နေရတာဘဲရှိတယ်။ သူတို့ကိုတော့ ကုလက်စနဲ့ မျက်နှာလေးပါကောင်းအောင် ကုပေးပါလို့တော့ စာတင်ခိုင်းထားတယ်။ ကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့ မကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့နော်။

YPI။ ။ နောက်ရောဘာပြောချင်ပါသေးလဲ။

မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်။ မျက်နှာပြန်ကောင်းချင်တယ်။ အဲဒါ အလုပ်မြန်မြန်ပြန်လုပ်လို့ရအောင် ။ ဒီမျက်နှာနဲ့ ကျတော့  ဘယ်မှမသွားရဲဘူး ။ ယောင်္ကျားးလေး ဆိုရင်တော့ မလုပ်ခိုင်းဘူးပေါ့ ။မိန်းခလေးဖြစ် တော့လည်းရှက်တာပေါ့ လူကြားထဲအလုပ်လုပ်ရမှာလေ။ မကောင်းတာ လုပ်စားတာလည်းမဟုတ်ဘူး ။ လူတော သူတောထဲမှာ သူများတွေဝိုင်းကြည့်တော့ အားငယ်တာပေါ့ ။ မျက်နှာမကောင်းတာတော့ အဲလိုမျိုးပေါ့နော် ဟိုတစ်လောကဆိုမှန်ထဲကြည့်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ငိုရတယ်။ ခြေထောက်တွေလက်တွေ မကောင်းတာတော့ ကိစ္စမရှိဘူးပေါ့နော်။  အဲဒါပါပဲ။

YPI ။  ။ အခုလိုဖြေပေးတဲ့အတွက် မခင်မြတ်နွယ်ကိုကျေးဇူးတင်ပါတယ်။      ။

 
အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ဗုံးကွဲပြီး မိနစ်အနည်းငယ်အကြာ ဒဏ်ရာရရှိသူ မခင်မြတ်နွယ်အား သယ်ဆောင်သွားစဉ်၊ (ဓါတ်ပုံ-YPI)

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More