.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Friday, February 24, 2012

ကျုပ်တို့လူမျိုးလဲ တာဝန်မဲ့တတ်ကြတာပဲ

ဒီနေ့(၂၃.၂.၂၀၁၂) ည ၁၀း၃၀ လောက်မှာ ပြည်လမ်း ကျောင်းကွေ့မှတ်တိုင်၊ ဘရာဇီးသံရုံးနားမှာ အမျိုးသားတစ်ယောက်ကို ကားတိုက်သွားပါတယ်။

ကျနော်က ညဘက်ဆိုရင် အိမ်ကတက္ကစီကို ထွက်မောင်းလေ့ရှိပြီး ရှစ်မိုင်ဘက်ကနေ ပြည်လမ်းအတိုင်း မြို့ထဲဘက်ကို မောင်းဝင်လာတယ်။
အင်းယားလေးအကျော်၊ အာစီတူးကို ၀င်တဲ့ အပေါက်နားက ပြည်လမ်းမကြီးပေါ်မှာ  လူတစ်ယောက် ကိုယ်တုံးလုံးကြီးနဲ့ သွေးအိုင်ထဲ လဲနေတာကို တွေ့လိုက်တယ်။

ကားတွေက အဲဒီလူကို ကျော်ကျော်သွားကြပြီး ဘယ်သူမှ အဖတ်လုပ် ဆင်းကြည့်ကြတာမရှိဘူး။
 လူကြီးကတော့ လမ်းမမှာ ဒီအတိုင်းပဲ လဲနေတယ်။ အန်တီကြီး ၂ယောက်က လမ်းလျှောက်နေရင်းနဲ့ အဲဒီလူလဲနေတဲ့ လမ်းအလယ်ကိုသွားကြည့်တယ်။ ပြီးတော့ လုပ်ရက်လိုက်ကြတာနော်လို့ ပြောပြီး လမ်းဆက်လျှောက်သွားကြတယ်။ လူတွေက လမ်းဘေးကနေ ကြည့်ပြီး ထွက်ထွက်သွားကြတယ်။ ဘာတစ်ခုမှ ကူညီပေးတာမရှိဘူး။

ကျနော်လဲ အဲဒီလူကို ကြည့်လိုက်တော့ လှုပ်နေသေးတာနဲ့ အဲဒီနားမှာရှိတဲ့ ဘရာဇီးသံရုံးထဲကိုဝင်ပြီး အစောင့်တွေကို လူတစ်ယောက်ကို ကားတိုက်ထားတဲ့အကြောင်း၊ ရဲကိုအကြောင်းကြားဖို့ ဖုံးဆက်ချင်တဲ့အကြောင်း ပြောပါတယ်။


အဲဒီသံရုံးအစောင့်ကောင်လေးတွေကို ကားတိုက်ထားတာ မသိဘူးလားလို့မေးတော့ သိတယ်တဲ့။ ရဲကိုဖုန်းဆက်ပြီးပလားမေးတော့ မဆက်ဘူးတဲ့။ ဒါပေမဲ့ ကားတိုက်တဲ့အသံကြားပြီးတော့ ကားတစ်စီးက သံရုံးရှေ့ရပ်ပြီးတော့ မောင်းပြေးသွားတယ်လို့ ပြောတယ်။ နံပါတ်မှတ်ထားလိုက်တယ်တဲ့။ ကျနော်အဲဒီကို ရောက်သွားတဲ့အချိန်က ကားတိုက်ပြီးလို့ ၁၀မိနစ်လောက် ရှိပြီပြောတယ်။


အဲဒါနဲ့ ကျနော်လဲ သူတို့ဆီကဖုန်းနဲ့ ၁၉၉ ကိုဆက်တယ်။ ဘယ်သူမှ ဖုန်းလာမကိုင်ဘူး။ ၃ခေါက်လောက်ဆက်ပြီး မရတော့ အရေးပေါ်လူနာတင်ယာဉ် ၁၉၂ ကို ဖုန်းဆက်တယ်။ အဲဒီနံပါတ်ကလည်း ဘယ်သူမှ လာမကိုင်ဘူး။ ကျနော်လဲ စိတ်ပျက်ပြီး လှည်းတန်းက ယာဉ်ထိန်းရဲကို သွားခေါ်မယ်ဆိုပြီး အဲဒီသံရုံးထဲက ထွက်လာတော့ အပြင်မှာ ယာဉ်ထိန်းရဲတစ်ယောက် ရောက်နေတယ်။

သူက မင်းဓမ္မလမ်းနဲ့ ပြည်လမ်းထောင့်က ပွိုင့်ကပါ။ သူ့ကို ကားတစ်စီးက လူတိုက်မိတဲံ့အကြောင်းပြောပြီး အဲဒီကားနဲ့ လိုက်ပို့သွားတယ်တဲ့။ အဲဒီ ယာဉ်ထိန်းကိုခွင့်တောင်းပြီး သွေးအိုင်ထဲလဲနေတဲ့အဲဒီလူကို ကျနော်နဲ့ တခြားတက္ကစီသမားတစ်ယောက်တို့ ခြေတစ်ဖက်လက်တစ်ဖက်ကိုင်ပြီး ပလက်ဖောင်းပေါ် မတင်လိုက်ကြတယ်။

အဲဒီလူပုံက ကရင်ရုပ်၊ အသက် ၄၀လောက် ရှိမယ်။ ခေါင်းကွဲနေပြီး နှာခေါင်းထဲကလည်း သွေးတွေထွက်နေတယ်။ ပက်လက်လှန်ထားတော့ နှာခေါင်းက ထွက်တဲ့သွေးတွေက မျက်လုံးပေါ်ကို စီးကျပြီး မျက်လုံးမှာ သွေးတွေပြည့်နေတယ်။ အရက်နံ့တွေ တထောင်းထောင်းထွက်နေပြီးတော့ ပါးစပ်က တအင်းအင်း နဲ့ ငြီးနေတယ်။

ယာဉ်ထိန်းရဲကလည်း စက်နဲ့လှမ်းပြီး လူနာတင်ယာဉ် လှမ်းခေါ်တယ်။ လူနာတင်ယာဉ် မလာခင်မှာ ဘရာဇီးသံရုံးက အစောင့်လေးတွေဆီမှာ ကားနံပါတ်မှတ်ထားတာရှိတယ်လို့ ကျနော်ပြောလိုက်တော့ သူတို့ဆီက ကားနံပါတ်ယူပြီး ရဲရုံးကို အကြောင်းကြားတယ်။ လူနာတင်ကားက ၁၅မိနစ်လောက်မှာ ရောက်လာတယ်။ အဲဒီလူကို ကျနော်တို့တွေ ၀ိုင်းမကြီး လူနာတင်ကားထဲ ထည့်ပေးလိုက်ကြတယ်။

ဟိုတလောတုန်းက တရုတ်ပြည်မှ ကလေးလေးကိုကားကြိတ်သွားတဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး တရုတ်တွေ အရမ်းအတ္တကြီးတယ်လို့ ကျနော်တို့တွေ ၀ိုင်းပြောကြတယ်။ အခုလဲ ဒီလူကို ကားတိုက်သွားတဲ့ ကိစ္စမှာလဲ ကျနော်တို့ မြန်မာလူမျိုးတွေ အတ္တကြီးတယ်လို့ ပြောချင်တယ်။

၁။ လူတစ်ယောက်လုံး ကားတိုက်ခံရပြီး သွေးအိုင်ထဲလဲနေတာကို ၁၀မိနစ်လောက် ကြာတဲ့အထိ လမ်းဘေးက ဖြတ်သွားဖြတ်လာတွေရော၊ ကားတွေရောက ဘာတစ်ခုမှ မကူညီကြဘူး။ (ပြည်လမ်းမကြီး အလယ်ကောင်မှာ လူတစ်ယောက် လဲကျနေတာ မမြင်တဲ့ကားက ထပ်ပြီး ကြိတ်မိသွားရင် ပိုမဆိုးပေဘူးလား။)

၂။ သံရုံးအစောင့် ၀န်ထမ်းတွေကလည်း လူတစ်ယောက်လုံး ကားတိုက်ခံရတာကို သိရက်နဲ့ ဘာလို့ ဒီအတိုင်း နေရက်ကြတာလဲ။( သူတို့တွေ ရှေးဦးသူနာပြု First Aid ကိုတော့ နားလည်ထားမယ်ဆိုတာ သေချာပါတယ်။ သူတို့ကို First Aid ရှိလားလို့မေးတော့ မရှိဘူးလို့ပြောတယ်။ နောက်တစ်ချက်က တာဝန်ရှိတဲ့ ရဲတွေ။ ယာဉ်ထိန်းတွေ၊ လူနာတင်ယာဉ်တွေကို ဘာလို့ အကြောင်းမကြားရတာလဲ)

၃။ ၁၉၉ ပြည်သူ့ရဲ ၊ ၁၉၂ လူနာတင်ယာဉ် စတဲ့ ၂၄နာရီ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေက ဘာလို့ ဖုန်းမကိုင်ကြတာလဲ။ တာဝန်မဲ့လွန်းပါတယ်။ ကျနော်တို့တွေ ဒီလိုစောက်သုံးမကျတဲ့ဟာတွေကို ဘယ်လို ယုံကြည်ပြီး ပုံအပ်ကြမှာတုန်း။

ဒီမိုကရေစီ၊ ဒီမိုကရေစီ နဲ့ဖင်ကွဲအောင် အော်နေတဲ့မြန်မာတွေ။

ခင်ဗျားတို့မှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူသားချင်းစာနာတတ်တဲ့စိတ် ရှိကြလို့လား။

အဲဒီ လမ်းမပေါ်မှာ လဲနေတဲ့သူဟာ ခင်ဗျားတို့ ကျုပ်တို့ အဖေ၊ ဦးလေး၊ ဆွေမျိုးသားချင်း ဆိုရင်ရော ခင်ဗျားတို့တွေ ဒီလိုမျိုး ကိုယ်နဲ့မဆိုင်သလိုမျိုး ကြည့်နေကြမှာလား။

သွေးအိုင်ထဲမှာ လူးလှိမ့်အော်ဟစ်နေတဲ့ ဒီလူက ခင်ဗျားတို့အတွက် အထူးအဆန်းကြည့်စရာတစ်ခု ဖြစ်နေလို့လား။

ကျုပ်တို့ မြန်မာတွေ အတ္တကြီးကြတယ်ဆိုတာ ဒီနေ့ ကျုပ်ကိုယ်တွေ့ ကြုံခဲ့ရတယ်။

ကျုပ်မျက်စိထဲမှတော့ အဲဒီသွေးအိုင်ထဲက လူးလှိမ့်နေတဲ့သူကို သွားကြည့်ပြီး လုပ်ရက်လိုက်ကြတာနော် လို့ ပြောပြီး ဘာမှမကူညီပဲ ထွက်သွားခဲ့တဲ့ အန်တီကြီး ၂ယောက်ရဲ့ အသံကိုပဲ ကြားယောင်နေတယ်ဗျာ။

ကိုသက်
၂၃.၂.၂၀၁၂  facebook မှကူးယူတင်ပြပေးသည်

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More