.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Wednesday, February 29, 2012

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို မတ်လ ၂ ရက်နေ့မှစ၍ ကွန်ပျူတာ စနစ်သုံး ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးသွားမည်

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအား မတ်လ ၂ ရက်နေ့မှ စတင်ပြီး ကွန်ပျူတာစနစ်သုံး ယာ ယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ ပြင် အိုင်တီစနစ်ဖြင့် Online  Nationality Verificationနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာ အလုပ်သမားများ၏ သားသမီးများအား C of I ထုတ်ပေးခြင်း တို့ကိုလည်း မတ်လ ၂ ရက်နေ့ တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
“Computerized Temporary Passport ထုတ်ပေးတာကို တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ ရနောင်း နဲ့ (Bangkok, Samut Sakhon, Samut Prakan, Surat Thani and Chiang Mai) တို့က ငါးနေရာမှာ မတ် လ ၂ ရက်နေ့က စပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အတွက် ထုတ်ပေးသွားမှာ ဖြစ်တယ်။ နိုင်ငံသားစိစစ်မှုနဲ့ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးတို့ကို ဒီစခန်းတွေက ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ပေးကြရမှာဖြစ်တယ်၊၊ တိုင်းရင်းသား ရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို စတင်ထွက်ခွာစဉ် ကတည်းက မှတ်ပုံတင် မရှိကြသူများဖြစ်တဲ့အတွက် အခုနိုင်ငံသားစိစစ်မှု လုပ်ငန်းမှာ အဓိကကျတဲ့
အရေးကိစ္စ တစ်ခုဖြစ်လာမှာ ဖြစ်သလို အရင်က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန နဲ့ဆက်သွယ်ပြီး ဆောင်ရွက်ရတဲ့ နိုင်ငံသားစိစစ်မှု လုပ်ငန်းများထက် ဘယ်အဆင့်တွေ လျှော့ချပြီး လွယ်ကူအောင် ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ အဆင့်တွေကို အလုပ်သမားတွေ နဲ့ မီဒီယာတွေ ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်။ ဒါ့အပြင် ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ခွင့်ပြုထားတဲ့ အကျိုးဆောင်များအပြင် အလုပ်သမားများ အလုပ်ရှင်များက လွတ်လွတ်လပ်လပ် ဒီလုပ်ငန်းစဉ်ကို ပူးပေါင်း ပါဝင်ဆောင်ရွက်ခွင့် ရှိဖို့လည်း လိုအပ်ပါတယ်”ဟု ရွှေ့ပြောင်း အလုပ်သမား အရေးကိစ္စများနှင့် ပတ်သက်ပြီး ရေးသားလေ့ရှိသူ ဆရာဝင်းနိုင်ထွန်းက ပြောပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More