.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Wednesday, February 29, 2012

Prepaid စနစ်သို့ စတင်ပြောင်းလဲမည့် ကြိုးဖုန်းများတွင် နောက်တိုးမိနစ်အား မိနစ်အလိုက် ဘီလ်ဖြတ်ရာမှ စက္ကန့်အလိုက် ပြောင်းလဲ၍ ဘီလ်ဖြတ်သွားမည်


4484
မတ်လ ၁ ရက်နေ့မှစတင်၍ Prepaid စနစ်သို့ ပြောင်းလဲမည့် ၀၁ ၂၃၀ နှင့်စသည့် အော်တို တယ်လီဖုန်းလိုင်းများတွင် အထွက်ခေါ်ဆိုခများ၏ နောက်တိုးမိနစ်အား မိနစ်အလိုက် ဘီလ်ဖြတ်ရာမှ Prepaid စနစ်သို့ ပြောင်းလဲပြီးပါက စက္ကန့်အလိုက် ပြောင်းလဲ၍ ဖြတ်တောက်သွားမည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ဆောင်မှုများအား တရားဝင်ဖြေဆိုခွင့် ရရှိထားသည့် Call Center မှ သိရသည်။
“မတ်လ ၁ ရက်နေ့ကစပြီး Prepaid စနစ်ပြောင်းလဲမယ့် ၀၁ ၂၃၀ အော်တိုကြိုးဖုန်းတွေရဲ့ ဖုန်း ဘီလ်ဖြတ်တဲ့စနစ်ကို မိနစ်အလိုက် ဖြတ်တာကနေ အခုစနစ်မှာ စက္ကန့် စနစ်နဲ့ ပြောင်းပြီးဖြတ်သွားမှာပါ။ မိနစ်အလိုက်ဖြတ်တုန်းက တစ်မိနစ် နဲ့ ၂ စက္ကန့်ဆိုရင် ၂ မိနစ်စာ ဖြတ်လိုက်ပါတယ်။ အခုစက္ကန့်စနစ်မှာ ကျတော့ မြို့တွင်းဆိုရင် အထွက် တစ်မိနစ် ၁၅ ကျပ်နဲ့နောက်တိုး ၁၂ စက္ကန့်တိုးတိုင်း ၃ ကျပ် ဖြတ်သွားမှာပါ။ နယ်ဝေးနဲ့ မိုဘိုင်းဖုန်းခေါ်ဆိုမှု တွေကျတော့ တစ်မိနစ်ကို ၂၅ ကျပ် နဲ့နောက်ထပ် ၁၂ စက္ကန့်တိုးတိုင်း ၅
ကျပ်ဖြတ်သွားမှာပါ”ဟု Call Center မှပြောကြားသည်။ အဆိုပါ အော်တိုတယ်လီဖုန်းများမှ မြို့တွင်းခေါ်ဆိုခနှုန်းထားမှာ တစ်မိနစ် ၁၅ ကျပ်၊ မိုဘိုင်းဖုန်းနှင့် နယ်ဝေးခေါ်ဆိုပါက တစ်မိနစ် ၂၅ ကျပ်သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများကိုမူ မကြာမီ ပြောင်းလဲ သတ်မှတ်သွားမည်ဟု သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More