ဒုတိယကမ္ဘာစစ်အတွင်း က ဖောက်လုပ်ခဲ့သည့် သံဖြူဇရပ်ရှိ မီးရထားလမ်း ဟောင်းအား အသစ်ပြန်လည်ဖောက်လုပ်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားလမ်းသည် ဖက်ဆစ်ဂျပန် တို့မြန်မာပြည်သူများကို ချွေးတပ်အဖြစ်ခေါ်ယူကာ ဖောက်လုပ်ခဲ့ပြီး အသက်ပေါင်း များစွာဆုံးရှုံးစေခဲ့သော ကြောင့် ''သေမင်းတမန်ရထားလမ်း''ဟု တင်စားထားသည့်
ရထားလမ်း လည်းဖြစ်ကာ နိုင်ငံခြားခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှုများ ရှိကြောင်းသိရသည်။
''ထိုင်းဘက်ခြမ်းမှာ သေမင်းတမန်ရထား လမ်း ဖောက်လုပ်ပြီးနောက် ခရီးသွားလုပ်ငန်းအောင် မြင်နေပါတယ်။ ဒါကြောင့် ဒီသေမင်းတမန်ရထား လမ်းကို အမြန်ဆုံး အကောင်အထည်ဖော်သွားပါမယ်'' ဟု ဖေဖော်ဝါရီ ၂၄ရက်တွင် မွန်ပြည်နယ်တွင် ပြုလုပ် သော ဒေသဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
သေမင်းတမန်ရထားလမ်း မြေပုံ
အဆိုပါ ရထားလမ်းကို မွန် ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်ပြီး ပြန်လည် ဖောက်လုပ်ကာ ရထားလမ်း အရှည်မိုင် ၆ဝရှိကြောင်း သိရသည်။
''အဓိကတော့ ဂျပန်ခေတ်က ထိုင်းနယ်စပ် ကို သွားလာနိုင်ဖို့ ဒီရထားလမ်းကို ဖောက်တာပါ။ မြန်မာတွေရဲ့ အသက်ပေါင်းများစွာ စတေးခဲ့တဲ့နေရာပဲ။ ရထားလမ်းဇလီဖားတုံး တစ်ခုစီမှာ အသက်တွေရှိ နေတယ်လို့ တင်စားပြီး သေမင်းတမန် ရထားလမ်းလို့ နာမည်ကြီး ပါတယ်'' ဟု မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
''ထိုင်းဘက်က ခရီးသည်တွေ ရထားလမ်း ကိုလာကြည့်ကြတယ်။ သံဖြူဇရပ်မှာလဲ ရထားလမ်း နဲ့ပတ်သက်တဲ့ မှတ်တမ်းဓာတ်ပုံနဲ့အတူ ပြတိုက်လဲရှိပါ တယ်'' ဟု ယင်းက ဆက်ပြောသည်။
အဆိုပါ ရထားလမ်းဟောင်း စီမံကိန်းကြီး ကို ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခင်ရထားလမ်း အရှည် သည် ၄၁၅ ကီလိုမီတာရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။