.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Tuesday, January 10, 2012

တောင်သူများထံမှ အရန်ဆန် တန်ချိန်တစ်သိန်းနှင့်ညီမျှသော စပါးတင်း ၈၅ သိန်းအားဝယ်ယူရန် အများပိုင်ကုမ္ပဏီဖွဲ့စည်း လူနည်းစုမှ လက်ဝါးကြီးမအုပ်နိုင်စေရန် တစ်ဦးလျှင် ရှယ်ယာကျပ်သိန်း ၅၀၀၀ ဖိုးအထိသာ ၀ယ်ယူခွင့်ပြုမည်

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ရှိ ယခုနှစ် မိုးစပါးရိတ်သိမ်းထားသည့် တောင်သူကြီးတစ်ဦးအား တွေ့ရစဉ်
တောင်သူများထံမှ နိုင်ငံတော် အရန်ဆန် တန်ချိန် တစ်သိန်းနှင့် ညီမျှသော စပါးတင်းပေါင်း ၈၅ သိန်းအား ၀ယ်ယူရန်အတွက် အများပိုင် ဆန်ကုမ္ပဏီကြီးတစ်ခုကို ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
ဝယ်ယူရာတွင် တောင်သူများ မနစ်နာစေရန်အတွက် တစ်တင်း ၄၆ ပေါင
်တိတိကျကျဖြင့် ၀ယ်ယူမည်ဖြစ်ပြီး စပါးကြမ်းခင်းဈေးအား ဒေသအသီးသီးအတွက် ပျမ်းမျှအ နေဖြင့် တင်းတစ်ရာလျင် ကျပ်သုံးသိန်းအောက် မကျရောက်စေရန် သတ်မှတ်ထားကြောင်းလည်း သိရသည်။
''အမြန်ဆုံး ၀ယ်ယူပေးသွားမယ်။ ဒေသတစ်ခုနဲ့တစ်ခု ဆန်အမျိုးအစားနဲ့ ဈေးကမတူကြပါဘူး။ တချို့ဒေသမှာ တင်းတစ်ရာကို ကျပ် ၂၈၀၀၀၀ ရှိတယ်။ တချို့ဒေသမှာက တင်းတစ်ရာကို ကျပ် ၃၅၀၀၀၀ လောက်ရှိတယ်။ တောင်သူတွေ မနစ်နာအောင် အနိမ့်ဆုံးပေးဝယ်ရမယ့်ဈေးကို တင်းတစ်ရာ ကျပ် ၃၀၀၀၀၀ နဲ့ဝယ်ဖို့ သတ်မှတ်ထားတယ်။ ၄၆ ပေါင် တစ်တင်း တိတိကျကျနဲ့ဝယ်ဖို့လည်း သတ်မှတ်ပေးထားပါတယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အများပိုင်ဆန်ကုမ္ပဏီ ဖွဲ့စည်း ထားရာတွင် မည်သူမဆို အလွယ်တ ကူပါဝင်နိုင်စေရန်အတွက် အစုရှယ် ယာတစ်စုတန်ဖိုးအား ကျပ် ၁၀၀၀၀ သာ သတ်မှတ်ထားကြောင်း၊ လူနည်းစုမှ လက်ဝါးကြီးအုပ်မှု မဖြစ်စေရန် လူတစ်ဦးသည် အများဆုံး ကျပ်သိန်း ၅၀၀၀ ဖိုးအထိသာ ၀ယ်ယူခွင့်ပြုထားကြောင်း သိရသည်။

တချို့ဒေသမှာက တင်းတစ်ရာကို ကျပ် ၃၅၀၀၀၀ လောက်ရှိတယ်။ တောင်သူတွေ မနစ်နာအောင် အနိမ့်ဆုံးပေးဝယ်ရမယ့်ဈေးကို တင်းတစ်ရာ ကျပ် ၃၀၀၀၀၀ နဲ့ဝယ်ဖို့ သတ်မှတ်ထားတယ်။ ၄၆ ပေါင် တစ်တင်းတိတိကျကျနဲ့ ၀ယ်ဖို့လည်း သတ်မှတ်ပေးထားပါတယ် . . 
ယင်းအပြင် ငွေပမာဏများစွာဖြင့် အစုရှယ်ယာ မ၀ယ်ယူနိုင်သော်လည်း ဆန်စပါးလုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ၊ ကုမ္ပဏီလုပ်ငန်းဖြင့်ပတ်သက်၍ ကျွမ်းကျင် သူများအနေဖြင့် ဒါရိုက်တာတစ်ယောက်အနေဖြင့် ပါဝင်ကာ လုပ်ဆောင်ခွင့်ရရန်အတွက်လည်း အစုရှယ်ယာ ၁၀၀၀ ၀ယ်ယူနိုင်သူတိုင်းကို ဒါရိုက်တာအဖြစ် သတ်မှတ်ပေး မည်ဖြစ်ကြောင်းလည်း သိရသည်။
''မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ဦးစီးပြီးတော့ အများပိုင် ဆန်ကုမ္ပဏီကြီးတစ်ခု ဖွဲ့ထားပါတယ်။ အဓိကအချက်ကတော့ ဆန်တန်ချိန် ၁ သိန်းနဲ့ညီတဲ့ စပါးတင်း ပေါင်း ၈၅ သိန်းကို တောင်သူတွေဆီက ၀ယ်ဖို့အတွက်ပါ။ အများပိုင် ကုမ္ပဏီဖွဲ့တဲ့အခါ လူတစ်ဦးတစ်ယောက်၊ လူနည်းစုက အစုရှယ်ယာတွေအများကြီး ၀ယ်ထားပြီး ကုမ္ပဏီ လုပ်ပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်မှာမျိုး မဖြစ်အောင် လူတစ်ဦးကို ကျပ်သိန်း ၅၀၀၀ ဖိုးထက် ပိုဝယ်ခွင့်မပြုပါဘူး။ လူတိုင်းနီးပါး ပါဝင်ခွင့်ရအောင် အစုရှယ်ယာတစ်စုကို ကျပ် ၁၀၀၀၀ ပဲ သတ်မှတ်ထားတယ်။ နောက်တစ်ချက်ကတော့ ဆန်လုပ်ငန်းလည်း ကျွမ်းကျင်တယ်။ ဒါပေမယ့် သူများလိုအများကြီး အစုရှယ်ယာမ၀ယ်နိုင်ဘူး။ မ၀ယ်နိုင်လို့ ကုမ္ပဏီထဲမှာ ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်အောင် လုပ်ခွင့်မရဘူးမဖြစ်ရအောင် အစုရှယ်ယာ ၁၀၀၀ ၀ယ်ယူနိုင်သူတိုင်းကို ဒါရိုက်တာအဖြစ် သတ်မှတ်ပေးပါမယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့ပါသည်။             

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More