.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Tuesday, January 10, 2012

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြု

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော်တို့အား ရာထူးမှနုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးကာ အမိန့် ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂/၂၀၁၂ ကိုဇန်န၀ါရီလ ၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး အမိန့်ထဲတွင် ''ပြည်ထောင်စု ၀န်ကြီးရာထူးမှ ကျန်းမာရေးအခြေအနေအရ နုတ်ထွက်ခွင့်ပြုရန်တင်ပြလာသည့် သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)တို့အရ မိမိသဘောဆန္ဒအလျောက် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်''ဟု ဖော်ပြထားသည်။
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော်အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည့် အမိန့်  အမှတ် ၃/၂၀၁၂ ကို  နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ အမိန့်ထဲတွင် ''တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးမှ ကျန်းမာရေးအခြေအနေအရ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးခင်ဇော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ(က)တို့အရ မိမိသဘောဆန္ဒအလျောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်''ဟု ဖော်ပြထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More