.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Sunday, January 22, 2012

မိုဘိုင်းဖုန်းလဲလှယ်ခြင်း ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမလို

မိုဘိုင်းဖုန်းလဲလှယ်ပေးခြင်း
မိုဘိုင်းဖုန်းလဲလှယ်ပေးခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ပေးလျက်ရှိရာ ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမလိုတော့ကြောင်း သိရှိရသည်။ မိုဘိုင်းဖုန်းများလဲလှယ်ရာ၌ ကြွေးကင်းရှင်းကြောင်း ထောက်ခံစာပါမှသာ လဲလှယ်ခွင့်ပြုမည်ဖြစ်ကြောင်း ပန်းဆိုးတန်းအိတ်ချိန်းရုံးတွင် ကြော်ငြာစာကပ်ထားသည်ကိုတွေ့ရသည်။

“ဖုန်းတွေ စတင်လဲလှယ်ပေးခဲ့ကတည်းက ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမပေးရပါဘူး။ လက်ရှိလဲလှယ်ပေးပြီးခဲ့တဲ့ ဖုန်းအားလုံးအတွက်လည်း မတောင်းခဲ့ပါဘူး။ ဖုန်းတွေကို လဲလှယ်ပေးတဲ့အခါမှာ ငွေကြေးအရ အပေါင်း၊ အနုတ်ကို နောက်မှပြန်လုပ်မှာဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၀၁၇၂၊ ၀၉၈၀၊ ၀၉၉၀၊ ၀၉၉၉ အစရှိသည့် နံပါတ်ဖြင့်စသောဖုန်းများကို မိမိတို့ကြိုက်နှစ်သက်ရာ ငါးသိန်းတန်ဖုန်းများဖြင့် လဲလှယ်ပေးလျက်ရှိသည်။ ထိုကဲ့သို့လဲလှယ်ရာတွင် လဲလှယ်ပြီးဖုန်း၏ ကြွေးမြီကင်းရှင်းကြောင်းထောက်ခံစာကို ပေးရန်မလိုခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့လဲလှယ်ပေးခြင်းကို ယခုလ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လဲလှယ်လိုသူများအနေဖြင့် ဖုန်းဘီလ်စာအုပ်၊ စာချုပ်မူရင်း၊ လျှောက်ထားသူ၏မှတ်ပုံတင် မူရင်း၊ မိတ္တူတို့လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လဲလှယ်ခြင်းအား နီးစပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More