.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Sunday, January 22, 2012

ရန်ကုန်လေဆိပ်ကိုဗုံးခွဲရန်ကြံစဉ်သူများအားဖမ်းစီးမိ

လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦးကို ကညနရုံးရှေ့ အငှားယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကိစ္စကို စစ်ဆေးရာမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အငှားယာဉ်ငှားရမ်းပြီး ဗုံးခွဲရန်ကြံစည်ခဲ့သည့် အစီအစဉ်တွင်အကြံပေးခဲ့သော စာရွက်စာတမ်းအထောက်အ ထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။

သင်္ဃန်းကျွန်းရဲစခန်းမှ လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦး ဖြစ်သည့် ကတုံး(ခ) ဇော်သက်အောင်(က၀မြို့နယ်နေသူ)တို့နှင့်အောက်ကိုမင်း(ခ) နေမျိုးသူရအောင်(သာယာ ၀တီမြို့နယ်နေသူ) နှစ်ဦးကိုစစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထားအချက်အလက်များကို သိရှိရခြင်းဖြစ် သည်။

" သူတို့အဖွဲ့က လေးဦး၊ လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့တဲ့အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ်ခဲ့တယ် လို့ စစ်ဆေးသိရှိရတယ်။ သူတို့နှစ်ဦးက လှည်းတန်းဈေးအိမ်သာဗုံးဖောက်ခွဲမှု၊ အငှားယာဉ်ပေါ်မှာ ပေါက်ကွဲမှု၊ မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိမှု စတဲ့ကိစ္စတွေမှာလဲ အဓိကပါဝင်ပတ်သက်တယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

၎င်းတို့နှစ်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူလူထုက အထိတ်တ လန့်ဖြစ်အောင် ရုန့်ရင်းကြမ်းတမ်းမှု ခြိမ်းခြောက်မှုများကို ကျူးလွန်လေ့ရှိသည့် ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေ စိုက် စွမ်းအားဖြင့် ကျောင်းသားများအဖွဲ့အစည်း (VBSW) မှ အဖွဲ့ဝင်များဖြစ်သည်။

သင်္ကန်းကျွန်းရဲစခန်းမှ ၄င်းတို့နှစ်ဦးကို(ပ) ၅၁၂/၁၁ ပုဒ်မ ၂၈၆/၃၃၈/၃၀၂ အမှုအား စစ်ဆေး ရာမှ ယခုကဲ့သို့ အရေးတကြီး သက်ဆိုင်သည့်ကိစ္စများကို သိရှိခဲ့ခြင်းဖြစ်ရာ သင်္ကန်းကျွန်းရဲစခန်းမှ (ပ) ၇၂/၁၂ မတရားအသင်း အက်ဥပဒေနှင့်ပုဒ်မ ၁၇(၁) ဖြင့် ဇန်န၀ါရီ ၁၈ ရက်က ထပ်မံစစ်ဆေးလျက်ရှိသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More