.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Sunday, January 22, 2012

မရမ်းကုန်းမြို့နယ်ရှိ စိန်မောင်ရုပ်ရှင်စတူဒီယိုဟောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

w717f1
w717f2

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကုန်းမြင့်ရိပ်သာလမ်း အမှတ် ၆ ရှိ စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်းတစ်ခု ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ စိန်မောင်ရုပ်ရှင်စတူဒီယိုကို လက်ရှိတွင် ဇာထိုးပန်းထိုး လုပ်ငန်းတစ်ခုအား ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။


မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ "ကျွန်တော်က ဒီခြံနားက High Land Lodge Hotel ပိုင်ရှင်ပါ။ ကျွန်တော်တစ်ရေးနိုးတော့ အုန်းအုန်းဆိုတဲ့ အသံတွေကြားလို့ ကြည့်လိုက်တော့ မီးလောင်နေတာ ဖြစ်နေတယ်။ ဒါနဲ့ဖုန်းဆက်အကြောင်းကြားပေမယ့် ဆက်သွယ်လို့ မရတာနဲ့ ဂိုဒေါင်က လူတွေကားနဲ့သွားပြီး အကြောင်းကြားရတယ်။ အရင်က ရုပ်ရှင်စတူဒီယိုဟောင်းကြီးပါ။ အခုတော့ ဇာထိုး ပန်းထိုးလုပ်ငန်းကို ငှားထားတာပါ။ ရုပ်ရှင်စက်ပစ္စည်းအဟောင်းတွေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စက်ပစ္စည်း တွေရှိပါတယ်။ အသံလုံဖို့အတွက် အသုံးပြုထားတဲ့စပါးခွံတွေလည်း ရှိသေးတယ်။ စက်ရုံတစ်ခုလုံးတော့ အားလုံးလောင်ကျွမ်းသွားတယ်"ဟု စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်း ပိုင်ရှင်၏သားဖြစ်သူ ဦးတင်ထွဋ်က ပြောပါသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၃၃ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး ၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
EMG

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More