.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Monday, January 23, 2012

နံပါတ်မပါသည့်ကားများကို စီမံချက်ဖြင့် အရေးယူဆောင်ရွက်ပြီ

နံပါတ်မပါသည့်ကားများကို စီမံချက်ဖြင့် အရေးယူဆောင်ရွက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ခြင်းဖြစ်ပြီး မှုခင်းဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် နံပါတ်မရမီသတ်မှတ်နေရာများထက် ကျော်လွန်မောင်းနှင်နေသော ကားသစ်များကို အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
"မှုခင်းမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် နံပါတ်မပါတဲ့ကားတွေကို တိုင်းဒေသကြီး အိစုးရက စီမံချက်နဲ့ ဖမ်းဆီးအရေးယူနေပါတယ်။ ယာဉ်တိုက်မှုနဲ့ အမှုအခင်းတွေဖြစ်တဲ့အထါ နံပါတ်မပါရင် အရေးယူဖို့ခက်ခဲနိုင်တယ်။ ဒါကြောင့် ကာစတန်ကနေ ထုတ်ယူလာတဲ့ ကားသစ်တွေကို
ကညနရုံးကိုပဲ သွားခွင့်ပြုတယ်။ လိုက်နာမှုရှိမရှိ စောင့်ကြည့်ပြီး အရေးယူနေတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။
အဆိုပါ စီမံချက်ဖြင့် မော်တော်ယာဉ်အချို့ကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း လိုက်နာမှု အားနည်းလျက်ပင် ရှိနေသေးကြောင်း သိရသည်။ "အရေးကြီးတာက ဒီနံပါတ်မပါတဲ့ကားတွေဟာ ယာဉ်တိုက်မှုကျူးလွန်ခဲ့ရင် ရှာဖွေစုံစမ်းအပြစ်ပေးဖို့ခက်ခဲမှာ ဖြစ်သလို တစ်ဖက်မှာ ခံရတဲ့သူတွေအတွက် သိပ်နစ်နာမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းနယ်မြေ(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းစီမံချက်ဖြင့် နံပါတ်မပါသည့် မည်သည့်မော်တော်ယာဉ်ကိုမဆို စစ်ဆေး၍ ဖမ်းဆီးအရေူးယူမှုများကို တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More