သက်တမ်းလွန်Outsider
ဟော....ဟို.......တောင်.....ရိုး......ဆီ...........က
ရွာမယောင်ဟန်ပြင်
ခြိမ်းသံတွေ တဂျိန်းဂျိန်းပေးပြီးမှ
မိုးတစ်စက်မှ မကျဘဲ
မိုးကြိုးသာ ပစ်ချလိုက်တယ်....။
ရာသီဥတုကို ခန့်မှန်းခဲ့တာ မဟုတ်ဘူး
ဇလဗေဒကိုက မှားယွင်းခဲ့တာပါ
ခွင့်မလွှတ်နိုင်လဲ နေပါစေတော့
တိမ်စိုင်တွေလား.....လေစိုင်လား
မြူထူတွေလား...............မီးခိုးငွေ့တွေလား
Outsider တစ်ယောက်ရဲ့ဝန်းကျင်မှာ
အထီးကျန်ရေငွေ့တွေသာ လွှမ်းခြုံတယ်..။
ဒီရေငွေ့တွေနဲ့ယဉ်ပါးခဲ့ရတာ
သက်တမ်းစေ့ရုံမက...လွန်ခဲ့ပါပြီ
နာကျင်ခြင်းဝေဒနာက
လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးစားရင်း
အပြုံးချိုချို....နှုတ်ခမ်းပါးပါးတွေကြား
ခပ်ညံ့ညံ့မိုးခါးရေတွေ သောက်သုံးနေရသူပါ....။
ကိုယ့်ကိုကိုယ် မှန်ရှေ့ရပ်တာတောင်
မသေချာတဲ့နောက်တော့
ဘာတွေကိုများ ယုံကြည်သေချာနေရဦးမှာလဲ
သိပ်တော့ စိတ်မပူလှပါဘူး
ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ဒီကျောပြင်ထက်
အထူးတလည်ဓားစိုက်စရာမှ မလိုလှပါဘူး....။
သက်သာရာသက်သာကြောင်း
ကိုယ့်ကိုကိုယ်သာ ပြစ်တင်မိတယ်
ကိုယ်သာလျှင် နားလည်နိုင်တဲ့
ကိုယ်ပိုင်ဘာသာဗေဒနဲ့
အများက တ ဖြေး ဖြေး ဖယ် ခွာ
ကိုယ်ဟာ Outsider ပါ....။
ပါးပြင်ထက် မျက်ရည်မကျမိအောင်
ခေါင်းနှစ်ဖက်ကို ဘယ်ညာယမ်းရင်း
ကြာ ခဲ့ ပြီ ပဲလေ
Outsider ဖြစ်ခဲ့ရတာ သက်တမ်းတောင် လွန်ခဲ့ပြီပဲလေ.............................။
ဟော....ဟို.......တောင်.....ရိုး......ဆီ...........က
ရွာမယောင်ဟန်ပြင်
ခြိမ်းသံတွေ တဂျိန်းဂျိန်းပေးပြီးမှ
မိုးတစ်စက်မှ မကျဘဲ
မိုးကြိုးသာ ပစ်ချလိုက်တယ်....။
ရာသီဥတုကို ခန့်မှန်းခဲ့တာ မဟုတ်ဘူး
ဇလဗေဒကိုက မှားယွင်းခဲ့တာပါ
ခွင့်မလွှတ်နိုင်လဲ နေပါစေတော့
တိမ်စိုင်တွေလား.....လေစိုင်လား
မြူထူတွေလား...............မီးခိုးငွေ့တွေလား
Outsider တစ်ယောက်ရဲ့ဝန်းကျင်မှာ
အထီးကျန်ရေငွေ့တွေသာ လွှမ်းခြုံတယ်..။
ဒီရေငွေ့တွေနဲ့ယဉ်ပါးခဲ့ရတာ
သက်တမ်းစေ့ရုံမက...လွန်ခဲ့ပါပြီ
နာကျင်ခြင်းဝေဒနာက
လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးစားရင်း
အပြုံးချိုချို....နှုတ်ခမ်းပါးပါးတွေကြား
ခပ်ညံ့ညံ့မိုးခါးရေတွေ သောက်သုံးနေရသူပါ....။
ကိုယ့်ကိုကိုယ် မှန်ရှေ့ရပ်တာတောင်
မသေချာတဲ့နောက်တော့
ဘာတွေကိုများ ယုံကြည်သေချာနေရဦးမှာလဲ
သိပ်တော့ စိတ်မပူလှပါဘူး
ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ဒီကျောပြင်ထက်
အထူးတလည်ဓားစိုက်စရာမှ မလိုလှပါဘူး....။
သက်သာရာသက်သာကြောင်း
ကိုယ့်ကိုကိုယ်သာ ပြစ်တင်မိတယ်
ကိုယ်သာလျှင် နားလည်နိုင်တဲ့
ကိုယ်ပိုင်ဘာသာဗေဒနဲ့
အများက တ ဖြေး ဖြေး ဖယ် ခွာ
ကိုယ်ဟာ Outsider ပါ....။
ပါးပြင်ထက် မျက်ရည်မကျမိအောင်
ခေါင်းနှစ်ဖက်ကို ဘယ်ညာယမ်းရင်း
ကြာ ခဲ့ ပြီ ပဲလေ
Outsider ဖြစ်ခဲ့ရတာ သက်တမ်းတောင် လွန်ခဲ့ပြီပဲလေ.............................။














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။