ရည်မှန်းချက်နဲ့လွဲတဲ့အခါ စိတ်ဓာတ်ကျတတ်တယ်မျှော်လင့်ချက်တွေရဲ့နောက်မှာ မမျှော်လင့်တာတွေဖြစ်လာတတ်တယ်
ယုံကြည်ချက်တို့နဲ့ရှေ့ဆက်ချင်လည်း ကံကြမ္မာကိုကြောက်တယ်
တစ်ခါတစ်ခါဝမ်းနည်းတယ်
တစ်ခါတစ်ခါအားငယ်တယ်
တစ်ခါတစ်ခါအားလုံးနဲ့ဝေးရာထွက်သွားချင်တယ်
တစ်ခါတစ်ခါနှုတ်ဆိတ်နေချင်တယ်
တစ်ခါတစ်ခါလောကကြီးနဲ့အဆက်အသွယ်ဖြတ်ထားချင်တယ်
(ချစ်သူမုန်းသူတွေနဲ့ဝေးရာထွက်သွားချင်တယ်)
တစ်ခါတစ်ခါကံကြမ္မာက ငါ့ဘက်မပါဘူး
တစ်ခါတစ်ခါကံကြမ္မာက ငါ့ဘက်မှာ (နဲနဲ)
ငါ့မှာချို့ယွင်းချက်တွေရှိတယ် အားနဲချက်တွေရှိတယ်
လူတိုင်းမှာ ချို့ယွင်းချက်တွေရှိတယ် အားနဲချက်တွေရှိတယ်
ဒါပင်မယ့်
ငါ့စိတ်ထဲမှာ သူတို့ကိုအားကျတယ်
ငါ့ပတ်ဝန်းကျင် ငါ့အသိုင်းအ၀ိုင်း ငါ့လူမှုဆက်ဆံရေးမှာ
သူတို့ကငါ့ထက်သာတယ်ထင်မိတယ်
ကိုယ်လုပ်တဲ့ကံကိုယ်သာခံ ဆိုတဲ့အတိုင်း
ငါ့အရင်ဘ၀က ဘာတွေချို့ယွင်းနေခဲ့လဲ
ငါ့အခုဘ၀မှာ မိဘအပေါ်ရိုသေတယ် သိတတ်တယ် လုပ်ကျွေးတယ် ပြုစုတယ်
ကံကြမ္မာမတရားဘူး
ငါ့ကို မိဘနဲ့ခွဲထားတယ်
ချစ်သူနဲ့ခွဲထားတယ်
လုပ်ငန်းခွင်မှာ မျက်နှာသာမပေးဘူး
ဒါပင်မယ့်
ငါ့မှာသစ္စာတရားရှိတယ်
မိဘပေါ်ထားတဲ့ မေတ္တာတရားကို သစ္စာဆိုမယ်
ချစ်သူပေါ်ထားတဲ့ ချစ်ခြင်းနဲ့သစ္စာတရားကို သစ္စာဆိုမယ်
တစ်နေ့တော့ ငါ့ဆန္ဒတွေဖြစ်လာလိမ့်မယ်
ငါ့ကိုယ်ငါယုံကြည်တယ်
အခုလောလောဆယ်တော့
အရမ်းခံစားနေရတယ်ဟူးးးးးးးး
မကြည်လင်တဲ့စိတ်တွေဆေးချဖို့ရေတွေကိုယ်တိုင်ကနောက်လို့

အရမ်းခံစားနေရတယ်

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။