ရင်ငွေ့နဲ့ယုယ သူ့အလှကိုစတေး
အပြုံးမပျက်ပဲပေးဆပ်ခဲ့တာ အမေ.........
သူ့ငယ်ဘ၀ သူ့အလှနဲ့ ရင်းယူ
သွေးဖြူဖြူကို ရင်နင့်သဲချာ(သားသ္မီး)ရတနာကို
နို့ချိုအဖြစ်တိုက်ကျွေး အိပ်ရေးပျက်ခံခဲ့တာ အမေ.........
တစ်နေ့တာအပူနဲ့အအေး မှဲ့ခြင်ယင်ဝေးအောင်
သူ့အတွက်ပင်အရေးမထား ခဏလေးတောင်မနား
အနားကမခွာ ပြုစုယုယခဲ့တာ အမေ..........
တီတီတာတာစကားဆိုလာ(သားသ္မီး)ရတနာ
ကြည့်ခါကြည်နူး ရွှင်မြူးခဲ့တာ အမေ.......
ကျောင်းတက်ခါစ လက်ရေးလှဖို့
အိမ်မှုကိစ္စမအားတဲ့ကြားက (၀လုံး)ဒီလိုရေး
ဝိုင်းဝိုင်းလေးဖြစ်ဖို့ ရင်ခွင်မှာထားခါ
သင်ပြပေးခဲ့တာ အမေ........
ပညာပြည့်ဝ အရွယ်လှလို့ ၀င့်ဝါမာန
မရှိရအောင် ဘိုးဘွားစကားဦးထိပ်ထားခါ
ချော့လို့တစ်မျိုး ခြောက်လို့တစ်ခါ ဆုံးမခဲ့တာ အမေ........
သူ့ငယ်ဘ၀သူ့အလှတွေ ဇရာကြောင့်ကြွေလဲ
သူကားမမှု လောကဒဏ်ကို အန်တုလို့
သားသ္မီး ပြန်အရောက် အိမ်တံခါး အခေါက်ကို
စုန်ရေနဲ့ အတူ စောင့်နေတယ် ....{ ကဗျာရေးသားသူ ..nyinyiks }














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။