ငါမသိပေမယ့် ငါ့သားသ္မီးကို တတ်သိစေချင်တာ
အဖေ........
အတ္တတစ်ခုကို အဖော်ပြုလို့ ကျောပူ ကျောအေး
လောကဒဏ် တေးကိုအပြုံး မပျက် ဟစ်ခါကြွေးကြော်
ငါ့သားသ္မီးတွေကို ပျော်စေခဲ့တာ အဖေ.....
လူပုံအလယ် မျက်နှာမငယ်ဖို့
ဖိနပ်ကြိုးပြတ် တွယ်ချှိုက်ကပ်ကာ
အင်းဂျီအစုတ် မေမေချုပ်ပေးတာကို
သူကားဝတ်ခါ သားသ္မီးကိုလှပစေခဲ့တာ အဖေ.......
ပညာပြည့်စုံ အတောင်တွေစုံလို့ ရေစုံမှာမမျောရအောင်
ပဲ့ကိုင်ပေးရင်း ခါးကနာ ဒူးကကိုက် လဲ
ဇရာကိုအဖော်ပြု အန်တုလို့
ရှေ့ကနေ မားမားရပ်ပေးခဲ့တာ အဖေ........... { ဒီကဗျာလေးကတော့ ..nyinyiks ရဲ့ခံစားချက်လေးပါခင်ဗျာ }














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။