အထီးကျန်တိမ်ပန်းတစ်ပွင့်ပွင့်တိုင်း ရနံ့ မွှေးတတ်သလား..........မေမေ ရောထွေးယှက်နှောင် မုသားလွှမ်းဒီကမ္ဘာကြီးထဲ သမီး အလေးခိုးချင်ပြီ........။။ အိမ်မက်တွေကို ထုဆစ်နေရင်း ဘ၀က ကမ်းပါးပြိုတယ် ရေကြည်ရာ မြက်နုရာရှာရင်း ခပ်ညံ့ညံ့မိုးခါးရေတွေ သောက်သုံးမိတယ် ကူပါ ကယ်ပါ အော်ရင်း ချောက်ကမ်းပါးထဲလဲ ဆင်းမိနေပြီ မေမေ.... မှန်တယ်လို့ ထင်မိတာလဲ အမှားတွေ ဖြစ်ခဲ့တယ်.. လူအုပ်ထဲမှာရောက်တယ်ထင်ပြီး ခေါင်းမော့အသက်ရှုမိတော့မှ တစ်ယောက်တည်းဆိုတာ သတိရတယ်....။။ လောကပါလတရားက ဘာတွေကို ကောင်းချီးပေးပါသလဲ....... ၀ဋ်ကြွေးမှန်သမျှ..ကျေပျက်မယ်ဆို ကြိုးတစ်ချောင်းလဲ ငါမမှုဘူး.................................။။ ပြေးရင်းလွှားရင်း ကျင့်ဝတ်နီတိလဲ မေ့လျော့ကုန်ပြီ မေမေ ဘာမှ မတတ်နိုင်တဲ့အဆုံး လက်ကျန် ရိုးသားမှုနဲ့  ကဗျာတွေပဲ သီကုံးဖွင့်ချခဲ့မိတယ်........................














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။