.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Thursday, May 31, 2012

ပညာ နှင့် ဥစ္စာ



သင်တို့ ဘာလိုချင်လဲ၊
ပစ္စည်းဥစ္စာ ယူမလား၊ အတတ်ပညာ ယူမလား။
   . . .   

တစ်ခါတုန်းက ကုန်သည်ကြီးတစ်ဦးသည် တောအုပ်တစ်ခုကို ဖြတ်၍ ခရီးထွက်ရာ တစ်နေရာ အရောက်တွင် တွင်းနက်ကြီး တစ်ခုအတွင်းသို့ ချော်ကျပြီး ကယ်ပါ ယူပါ တစာစာဖြင့် အော်နေရရှာသည်။
“ကယ်ကြပါအုန်း ... ဗျို့”
သူ၏ အော်သံကို မောင်ဖြူနှင့် မောင်ညို အမည်ရှိ ခရီးသည် နှစ်ဥိးက ကြားသွားရာ သူတို့သည် ကုန်သည်ကြီးအား တွင်းနက်ကြီးအတွင်းမှ အပေါ်သို့ ခက်ခက်ခဲခဲ ဆွဲတင်ကြရသည်။
ကုန်သည်ကြီးသည် သူ၏ အသက်ကို ကယ်ဆယ်လိုက်သော ခရီးသည်နှစ်ဦးအား ကျေးဇူးတင်သွားသည်။
အဲဒါကြောင့် ကုန်သည်ကြီးက “ကျွန်ုပ်၏ အသက်ကို ကယ်ဆယ်လိုက်သော သင်တို့ နှစ်ဦးအား ကျေးဇူးဆပ်လိုပါသည်။ သင်တို့ ဘာလိုချင်လဲ။ ပစ္စည်းဥစ္စာလား၊ အတတ်ပညာ တစ်ခုခုလား” ဟု မေးလေသည်။
မောင်ညိုက “ပစ္စည်းဥစ္စာကို လိုချင်ပါသည်”
မောင်ဖြူက “အတတ်ပညာကို လိုချင်ပါသည်” ဟု ပြောလိုက်လေသည်။
ကုန်သည်ကြီးသည် ပစ္စည်းဥစ္စာကို အလိုရှိသော မောင်ညိုကို ရွှေစင်တစ်ပိဿာကို ပေးလိုက်လေသည်။
အတတ်ပညာကို အလိုရှိသော မောင်ဖြူအား ပညာသင်ကြားပေးရန် သူနှင့်အတူ ခေါ်ဆောင်သွားလေသည်။
မောင်ညိုသည် ရွှေထုပ်ကို ၀မ်းသာအားရ ထမ်း၍ ခရီးဆက်လာခဲ့သည်။
“အင်း... အတော်စဉ်းစားဉာဏ် ကင်းမဲ့တဲ့ မောင်ဖြူပဲ၊ အခုချက်ချင်း သုံးလို့ရတဲ့ ဥစ္စာပစ္စည်းကို ယူတာ မဟုတ်ဘူး”
မောင်ညိုသည် ခရီးအတန်ငယ် သွားမိသောအခါတွင် လမ်း၌ လူဆိုးများနှင့် ရင်ဆိုင်တိုးမိသဖြင့် ရွှေထုပ်ကို ပေးလိုက်ရလေသည်။
မောင်ဖြူမှာမူ ကုန်သည်ကြီးထံမှ ကုန်သွယ်မှုပညာကို အပတ်တကုတ် ကြိုးစားသင်ယူသဖြင့် ကျွမ်းကျင်လိမ္မာသော ကုန်သည်တစ်ဦး ဖြစ်လာလေသည်။
မကြာမီ မောင်ဖြူသည် လွန်စွာ ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးတစ်ဦး ဖြစ်လာကာ အေးချမ်းသာယာသော ဘ၀ကို ပိုင်ဆိုင်သွားလေသည်။
မောင်ညိုမှာကား ပညာလည်း မရှိ၊ ပစ္စည်းဥစ္စာလည်း မရှိသောကြောင့် ဆင်းရဲပင်ပန်းစွာ အသက်မွေးဝမ်းကြောင်းပြုကာ မလှမပသော ဘ၀ဖြင့် နိဂုံးချုပ်ရလေသတည်း။

အထက်ဖော်ပြပါ ပုံပြင်ကို နမူနာယူ၍ မိမိ၏ ယခု ခဏတာ အချိန်လေးအတွင်း ရရှိတာကို မမက်မောသင့်ကြောင်းနှင့် နောင်တစ်ချိန်တွင် ခံစား စံစားနိုင်သည့် အကျိုးကျေးဇူးများကို တွေးတောဆင်ခြင်သင့်ကြောင်း ဖော်ပြလိုက်ရပါသည် ... ခင်ဗျား.....
“အတုယူနိုင်ကြပါစေ......”

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More