`သောက်ရေသန့် အကူအညီလိုသူပေါင်း ၁သိန်းကျော်ရှိနေပါတယ်`
သုံးခွ မြို့နယ်၊ မုတ္တမပင်လယ်အနီးရှိ ကျေးရွာပေါင်း ၄၀ ကျော် မှာ သောက်ရေကန်များခမ်းခြောက်ကုန်တဲ့ အတွက် ကျေးရွာဒေသခံ ၁ သိန်းကျော်ခန့် ရေသန့်သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နေရပါတယ်။
NLD ပါတီမှ အနိုင်ရကိုယ်စားလှယ်ဒေါ်စုစုလွင်က သင်္ကြန်အကြတ်နေ့မှာ တရက်ခန့် ရေလာလှူသွားခဲ့တယ်လို့ ကျေးရွာ ၂ ရွာက ပြောပါတယ်။နောက်ပိုင်း ဆက်လျက်လာရောက်လှူဒါန်းခြင်း မရှိခဲ့သလို၊
ယခုအချိန်ထိ မည်သည့်အဖွဲ့အစည်းမှ လာရောက်လှူဒါန်းခြင်း မရှိသေးပါ။
ဒေသခံများအနေနဲ့ သောက်သုံးရေ ရရှိရေးက အရေးတကြီးလိုအပ်ချက် ဖြစ်နေပါတယ်။
အစိုးရ အဖွဲ့၊ နိုင်ငံရေးပါတီများ၊ အကူညီပေးရေးအဖွဲ့များနှင့် စေတနာရှင်များ သွားရောက်ကူညီပေးကြဖို့ တိုက်တွန်း နိုးဆော်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
(အဲဒီအတွက် ကိုယ်တတ်နိုင်သလောက် ကုသိုလ်ယူပါဝင်လှူဒါန်းချင်တယ်ဆိုရင် 0941997074 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်.....)
ှ့Source : FB , Shared by thettantcho
By: သက်တန့်ချို














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။