ကျွန်တော်တို့ True Donation အဖွဲဝင်တွေ ဖြစ်ကြတဲ့ ကိုထက်နိုင် Htet Naing၊ ကိုဝင်းသူနိုင် Win Thu Naing နှင့် မပိုးကောင်လေး Poe Kaung Lay တို့ဟာ ၂၇၊၀၄၊၂၀၁၂ ရက်နေ့မှာ ခရမ်းမြို့နယ်မှာ ရှိတဲ့ ကျေးရွာတွေကို ရေအလှူအတွက် ကွင်းဆင်းလေ့လာခဲ့ပါတယ်။
မနက် ၆ နာရီမှာ လှည်းတန်းမှာ လူစုပြီး ခရမ်းမြို့နယ်သို့ကားစီးခဲ့ကြပါတယ်၊ ခရမ်း သို့ မနက် ၉ နာရီ ရောက်ပါတယ်။ ခရမ်းသို့ရောက်ရှိပြီး ခရမ်းမှ ကံသာရွာသို့ ၁၅ မိုင် ဆိုင်ကယ် ကယ်ရီငှားပြီး သွားခဲ့ကြပါတယ်။ ကံသာရွာတွင် အိမ်ခြေ ၅၀၀ ရှိပါတယ်။ ကံသာရွာကို ၁၁ နာရီရောက်ရှိပါတယ်။ ရွာထဲတွင် ရေကန် ၄ ကန်ရှိပြီး၊ ရေကန် ၃ ကန် လုံးဝ ခမ်းနေပါပြီ။ ၁ ကန်သာ ရေအနည်းငယ်ကျန်ပါတယ်။ ထိုရေမှာ သုံးရန်သာသင့်တော်ပါတယ်။ သောက်ရေကို တစ်ခြားရွာမှ လှည်းနွားများဖြင့် သယ်ယူပြီး သုံးစွဲရပါတယ်။ သယ်စရာ မရှိသောသူများနှင့် ရေထည့်စရာ မရှိသောသူများမှာ ဒုက်ခရောက်ကျရပါတယ်။
ကံသာရွာမှ ဇီးဖြူပင် ရွာသို့ရောက်ရှိခဲ့ပါတယ်။ ဇီးဖြူပင်ရွာမှာ ရေချို ထွက်တဲ့အတွက် သောက်ရေ အခက်အခဲ မရှိပါဘူးဟု ရွာသူကြီးက ပြောပါတယ်။ ထိုမှ တဖန် အုန်းပင်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ ထိုရွာတွင်လည်း သုံးရေသာ ရှိပြီး သောက်သုံးရေ အလွန် အခက်အခဲဖြစ်နေပါတယ်။ အုန်းပင်ရွာမှ ရေကျော်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ ရေကျော်ရွာ ကျော်ရင်တော့ ပင်လယ် ပဲရှိတော့တယ်လို့ ရွာသားများကပြောပါတယ်။ ရေကျော်ရွာတွင် အိမ်ခြေ ၄၀၀ ရှိပါတယ်။
ရွာတိုင်းလိုလိုတွင် သောက်ရေ အခက်အခဲ ဖြစ်နေပါတယ်။ သုံးရေများမှာလည်း ရေငံပဲထွက်ပါတယ်။ တစ်ချို့ရွာများတွင် တုံကင်များ၊ ကံရေများ မှထွက်သောရေများမှာလည်း ရေငံများသာဖြစ်ပါတယ်။
ကျွန်တော် တို့ အဖွဲ ည ၆ နာရီ ခွဲ ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။
ဆက်လက်ပြီး ဓါတ်ပုံများ တင်ပေးပါမည်။














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။