.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Tuesday, February 14, 2012

ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညမှာ နှလုံးသားတွေ လှူမယ့် ဆောင်ဦးလှိုင်

 ဆောင်းဦးလှိုင်
 ဆောင်းဦးလှိုင်က ဖေဖော်ဝါရီ ၁၇ ရက် နေ့မှာ ပြုလုပ်မယ့် သူ့ရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ အနေ နဲ့ တခြား ပွဲတွေနဲ့ မတူတဲ့ ရသတွေ ပေးစွမ်းနိုင် ဖို့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်နေတာ ဖြစ်ကြောင်း ဆောင်းဦးလှိုင် ကပြောပါတယ်။ ဆောင်းဦးလှိုင်က သီချင်းတွေကို လည်း ပရိသတ်တွေ အကြိုက်ကို အဓိက ရွေးချယ်ထားပြီး၊ သူ့အကြိုက် သီချင်း တွေကိုလည်း ကြားညှပ်ပြီး သီဆိုသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ သီချင်း အားလုံး အပုဒ် ၃ဝလောက် ဆိုဖို့ စီစဉ်ထားပြီး၊ အတွဲသီချင်း တွေလည်း ဆိုဖို့ စီစဉ်ထားပါတယ်။ ဆိုမယ့် သူတွေကိုတော့ လျှို့ဝှက်ထား ဦးမယ် လို့ ပြောပါတယ်။
”ဒီပွဲရဲ့ခေါင်းစဉ်က ‘နှလုံးသားတွေ လှူမယ့်ည’ လေ။ ဒီခေါင်းစဉ် အတိုင်းပဲ။ ဒီပွဲ ကရတဲ့ ငွေကြေးတွေ အားလုံးကို ပြန်လှူမှာ။ ပရဟိတ တွေမှာပေါ့။ ကျွန်တော် တို့က ဒီအချိန်မှာ လူမှုရေး လုပ်ငန်းတွေကို ရှေ့ဆောင်လမ်းပြ လုပ်သင့်တယ်လေ။ နောက် ဒီပွဲက အစ်ကို့ရဲ့ ဂီတသက်တမ်း တစ်လျှောက် ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေ ပွဲပါ။ တစ်ကိုယ်တော် ဖျော်ဖြေပွဲလို့ ခေါင်းစဉ် တပ်ထားတဲ့ အတွက် အစ်ကို တစ်ယောက်တည်းပဲ အဓိက ဖျော်ဖြေသွားမှာ ပါ” လို့ ဆောင်းဦးလှိုင် က ပြောပါတယ် ။ ဆောင်းဦးလှိုင် ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို Plus Three တီးဝိုင်းနဲ့ တီးခတ် မှာဖြစ်ပြီး၊ မြို့မကျောင်းလမ်း၊ အမျိုးသားက ဇာတ်ရုံမှာ ညနေ ၇နာရီ စတင် ဖျော်ဖြေ မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More