.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Wednesday, February 15, 2012

လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်ခန်းများ ပါဝင်သည့် အိမ်ရာစီမံကိန်းကြီး တည်ဆောက်ရန် အဆိုပြုထား

လူဦးရေ သိပ်သည်းလာမှု ဖြေရှင်းနိုင်ရန် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် အိမ်တစ်ခန်း ရရှိစေနိုင်မည့် အခန်းပေါင်း ၆၀၀၀၀ ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီး တစ်ခုကို  ဆောက်လုပ်ရေးကုမ္ပဏီကြီး တစ်ခုက စတင် လုပ်ဆောင်နိုင်ရန် အဆိုပြုထားပြီး ဖြစ်ကြောင်း ၈-၂-၂၀၁၂ ရက်က သိရသည်။ စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီးတွင် အထပ်မြင့် အိမ်ရာကြီးများ၊ ခြောက်ထပ်ဝန်းကျင် တိုက်ခန်းများနှင့် အခြားသော အိမ်ရာစီမံကိန်းများ ပါဝင်မည်ဟု သိရသည်။

 အဆိုပါ အိမ်ရာစီမံကိန်းကြီးတွင် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် ငါးနှစ်စာ တိုက်ခန်းများ၊ လစဉ်သွင်းငွေ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း စသည်ဖြင့် ငါးနှစ် အရစ်ကျသွင်းသည့် တိုက်ခန်းများလည်း ပါဝင်ကြောင်း သိရကာ အဆင့်မြင့်အိမ်ရာအတွက် တစ်လကို ကျပ်သိန်း ၂၀ သွင်းပြီး ငါးနှစ်ဆပ်ရမည့် ပုံစံများ ပါဝင်ကြောင်း သိရသည်။
 “ဒီစီမံကိန်းအတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ဒီလထဲမှာ အဖြေသိရပါမယ်။ စီမံကိန်းကို လုပ်ခွင့်ရခဲ့ရင် နှစ်ကုန်ပိုင်းမှာ  စတင်မယ်” ဟု တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။ “ဒီစီမံကိန်းထဲမှာ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ကလေး ထိန်းသိမ်း စောင့်ရှောက်ရေးတွေ၊ ထမင်းချက်တဲ့ စက်ရုံတွေနဲ့ ရပ်ကွက်ကြီးတစ်ခု၊ ဒါမှမဟုတ် မြို့နယ်တစ်ခု ပုံစံမျိုး လုပ်သွားမှာ၊ စီမံကိန်းကာလက သုံးနှစ်ကြာမယ်။ “မုဒိတာ၃” လို့ အမည်ပေးလို့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 “ဒီအထဲမှာ နေမယ့်သူတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ဖြစ်သလို နေထိုင်မယ့်သူတွေ မပါစေချင်ဘူး။ ဒီစီမံကိန်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာနိုင်ရမယ်။ အကုန်လုံး အရစ်ကျစနစ်နဲ့ သွားမှာ၊ အရင် Down Payment တွေက ၂၀ ရာခိုင်နှုန်း ပေးချေထားရမယ်။ ပြီးမှ အရစ်ကျသွားမှာ။ ကမ္ဘောဇဘဏ်က အဓိက ကျောထောက်နောက်ခံ ယူပေးထားတယ်၊ ၂၀ ရာခိုင်နှုန်းက အပြောင်းအလဲတော့ ရှိသွားနိုင်တယ်” ဟု ဆက်လက် ပြောကြားသည်။ လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန်က Hall Type ပုံစံနဲ့ စတုရန်းပေ ၂၂၀ လောက် ရှိမယ်။ ကျပ်ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း တိုက်ခန်း အရေအတွက်က ပိုများမယ်။ အဆင့်မြင့် အိမ်ရာက နည်းမယ်။ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းတွေကတော့ အိပ်ခန်းနှစ်ခန်း ပါမယ်။ ဓာတ်လှေကားတွေလည်း ပါမယ်။ ဒီစီမံကိန်းကြီး တစ်ခုတည်းမှာပဲ ဘုရားကျောင်း၊ စေတီ၊ ပန်းခြံ၊ အားကစားကွင်း တွေ အတော်များများ ပါဝင်မယ်။ စင်ကာပူစတိုင် အိမ်ရာဆိုပြီး ပြီးစလွယ်လုပ်မယ့် ပုံစံမျိုး သွားလို့မရဘူး။ တကယ့်ကို အဆင့်မြင့်အိမ်ရာတွေနဲ့ သီးသန့် မြို့တစ်မြို့ ပုံစံ သွားမှာ” ဟု ဦးကိုကိုထွေးက ပြောကြားသည်။
 “မြေနေရာကတော့ ရန်ကုန်မြို့ရဲ့ မြောက်ပိုင်းဧရိယာထဲမှာလို့ပဲ မှတ်ထားစေချင်တယ်။ နေရာ အတိအကျ မပြောချင်သေးဘူး။ ဒီအတွက် ဝန်ကြီးဌာနကို တင်ပြထားတယ်။ စင်ကာပူစတိုင် အိမ်ရာစီမံကိန်းအတွက် စင်ကာပူနိုင်ငံသား ဒီဇိုင်းသမားတွေ မသုံးပါဘူး။ မြန်မာတွေပဲ ဆွဲမှာပါ။ စင်ကာပူစတိုင် ဆိုပေမယ့် မြန်မာဆွဲတဲ့ အဆင့်မီ စင်ကာပူစတိုင် အိမ်ရာစီမံကိန်း ဖြစ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်း၏ စီမံကိန်းအရ အခန်းပေါင်း ၆၀၀၀၀ အထိ ပိုမို တိုးပွားလာမည်ဖြစ်ပြီး အခြေခံ လူတန်းစားအတွက် ရည်ရွယ်သော လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်မှာ ငါးနှစ် အရစ်ကျအတွက် အိမ်တန်ကြေး ကျပ်သိန်း ၃၀ နှင့် ဘဏ်တိုးငွေ ကျပ်သုံးသိန်းခွဲဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရကာ နိုင်ငံတော်ပိုင်းက ပိုမိုအားပေး ပါဝင်စေလိုကြောင်း ၎င်းက ပြောကြားသည်။
 အေဝိုင်အီး(ပြည်မြန်မာ)

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More