အိချောပိုက “အနုပညာပျိုးခင်း”နဲ့ ဗီဒီယို ဇာတ်ကားတစ်ကား ရိုက်ကူးထားပြီး၊ နောက်ထပ်တစ်ကားအနေနဲ့ ပြေတီဦးနဲ့ရိုက်ဖို့ ရှိတယ်လို့ ပြောပါတယ်။ အိချောပိုက အာခီဒိုကစား နည်းကို ကစားဖြစ်နေပြီး ဇာတ်ကားရိုက်ကူးဖို့အတွက် လိုအပ်တာတွေကို အားလပ်ချိန်မှာ သင်ဖြစ်တယ်လို့ ပြောပါတယ်။ “အာခီဒိုကစားတာက ဆရာ ဦးအောင်ကိုလတ်ဆီမှာ သင်တာပါ။ အရင်တုန်းက အိချောက အမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ်မှာ ကျောင်းတက်တယ်။ အဲဒီမှာ ဆရာ ဦးအောင်ကိုလတ် က လာသင်ရင်းနဲ့ ဆရာ့ဆီမှာ သင်တန်းတက်ဖြစ်သွားတာ။ အာခီနိုကစားနည်းကို ဝါသနာလည်းပါတော့ တက်ဖြစ်တာ။ နှစ်နှစ်နီးပါးလောက်ရှိပြီ။ အားကစားနဲ့ပတ်သက်ရင် သိုင်းကစားတာ ဝါသနာပါတယ်”လို့ ပြောပြပါတယ်။ သီချင်းဆိုတာကိုလည်း ဝါသနာပါတဲ့ အိချောပိုက သင်္ကြန်သီချင်း ၂ပုဒ်ကို “သင်္ကြန် ဆင်ဖိုနီ” အခွေမှာဆိုဖူးပြီး နောက်ပိုင်းသင်္ကြန်မဏ္ဍပ်တွေမှာ ဆိုဖို့အတွက် ဓီရအာမိုရ်ရေးပေးထားတဲ့ သီချင်းတွေရှိတယ်လို့ ပြောပါတယ်။ သီချင်းခွေသီးသန့်ထုတ်ဖို့ အတွက် အစီအစဉ်မရှိပေမယ့် ပရိသတ်အားပေးရင် အားပေးသလိုလုပ်သွားမယ်လို့ ပြောပြီး တရုတ်ပြည်ကို အာဆီယံမယ်အဖြစ် သွားဖို့အတွက်ကတော့ ရက်ကနောက်ဆုတ် ထားတဲ့အတွက် သေသေချာချာ မသိသေးဘူးလို့ အိချောပိုကပြောပြပါတယ်။မေမွန်မောင်
ပေါ်ပျူလာဂျာနယ်














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။