.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Tuesday, February 7, 2012

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ ခွင့်ပြုရန် အမေရိကန် တိုက်တွန်း

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ ပြည်တွင်းနှင့်နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ ခွင့်ပြုရန် အမေရိကန်က ဖေဖော်ဝါရီလ၂ ရက်နေ့က တိုက်တွန်းခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပခြင်းသည် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့စေရေးတွင် အဓိက သော့ချက်တစ်ခု ဖြစ်သည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာက ကြားဖြတ်ရွေးကောက်ပွဲများတွင် စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်းကို အမေရိကန် အနေဖြင့် မြန်မာ အစိုးရနှင့် ဆွေးနွေးခဲ့ဖူးကြောင်း၊ ပြည်တွင်းက စောင့်ကြည့် လေ့လာသူတွေရော ပြင်ပက စောင့်ကြည့်လေ့လာသူတွေပါ လမ်းဖွင့်ပေးလိမ့်မည်ဟု အရမ်း မျှော်လင့်ထားကြောင်း ဖေဖော်ဝါရီ လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီး တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများအတွက် ပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်နှစ်နယ်တို့ ဖြစ်ကြသည်။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများ အတွက် မိမိအမည် မဲစာရင်း၌ ပါရှိစေရေး ပြည်သူများသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ရန် အသိပေးနှိုးဆော်ထားပြီး ပါတီများအနေဖြင့်လည်း မိမိတို့စည်းရုံး ထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန်လည်း နှိုးဆော်ထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More