.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Wednesday, February 29, 2012

ဆောင်းဦးလှိုင်၏ ဖျော်ဖြေပွဲမှ ရရှိငွေများကို နာရေးကူညီမှု အသင်းနှင့် ၈၈ မျိုးဆက်ကျောင်းသား များသို့ လှူဒါန်း

e7222
အဆိုတော် ဆောင်းဦးလှိုင်၏ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ‘နှလုံးသားတွေလှူတဲ့ည’ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှ ရရှိသည့်ဝင်ငွေများအား နာရေးကူညီမှုအသင်းနှင့် ၈၈ မျိုးဆက် ကျောင်းသားများအား လှူဒါန်းခြင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ပြုလုပ်ခဲ့သည်။
“ကျွန်တော်ဒီပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်လေးက လူမှုရေးလုပ်ငန်းတွေ အများကြီးလုပ်ဖို့ လိုအပ်နေ ပါသေးတယ်။ အကူအညီ အစောင့်အရှောက်တွေရဖို့ လိုအပ်နေတဲ့နေရာတွေလည်း အများကြီး ရှိနေတုန်းပါပဲ။ လက်ရှိလူမှုရေး လုပ်ငန်းတွေကို ရွပ်ရွပ်ချွံချွံ လုပ်ကိုင်နေကြတဲ့ သူရဲကောင်းတွေကိုလည်း ကျွန်တော်တို့ တတ်စွမ်းသရွေ့ အားပေးဖို့ အများကြီး လိုအပ်နေသေးပါတယ်။ အဲဒီရည်ရွယ်ချက် နဲ့ ကျွန်တော်ဒီပွဲကို လုပ်ဖြစ်တာပါ။ တကယ်တမ်းပွဲလုပ်တဲ့ အချိန်မှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။ အဲဒီအခက်အခဲတွေကို ရအောင်ကျော်ဖြတ်ခဲ့ပြီး ဒီပွဲလေးကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ဆောင်းဦးလှိုင်က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် ဖျော်ဖြေပွဲညတွင် ကြုံတွေ့ရသည့် အခက်အခဲများအား ရှင်းပြ သွားခဲ့သည်။

ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား အလှူငွေ လေးဆယ့်နှစ်သိန်း တိတိကို ပေးအပ်လှူဒါန်းခဲ့ပြီးနောက် ကိုမင်းကိုနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More