.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Wednesday, February 29, 2012

ချစ်သူများနေ့တွင် လင်မယားစကားများရန်ဖြစ်ရာမှ ယောက်ျားသေဆုံး

မုံရွာ၊ ဖေဖော်ဝါရီ- ၂၂
မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာတွင် ယခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်(ချစ်သူများနေ့) ညနေ(၆)နာရီအချိန်ခန့်တွင် လင်မယား စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူကခင်ပွန်းဖြစ်သူအား ရေပုံးထမ်းထန်းလက် ရေထမ်းပိုးနှင့်ရိုက်နှက်ရာမှ လင်ယောက်ျား ဖြစ်သူသေဆုံးခဲ့သည်။

အဆိုပါအခင်းဖြစ်ပွားမှုတွင် ဘုတလင်မြို့နယ်၊ကင်းစမ်းကျေးရွာနေ ဦးကျော်ဝင်းအသက်(၄၃)နှစ်သည်ဖေဖော်ဝါရီလ(၁၄)ရက်၊ ညနေပိုင်းက မူးယစ်သောက်စား ၍လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ဇနီးဖြစ်သူတစ်ရွာတည်းနေဒေါ်အိမ်ဌေးကပြောကြားခဲ့သည်။ မူးယစ်သောက်စားလာသော လင်ယောက်ျားဖြစ်သူက ဇနီးဖြစ်သူအား လက်သီးဖြင့်ထိုးနှက်ရာဇနီးဖြစ်သူက အရှည် နှစ်တောင်တစ်ထွာ၊ ဗျက်(၃)လက်မခန့်ရှိ ထန်းလက်ရေထမ်းပိုးတုတ်ဖြင့် ပြန်လည်ခုခံရိုက်နှက်ခဲ့သည်။ လင်မယားအချင်းချင်းစကားများရန်ဖြစ်ပြီးနောက်ပိုင်း ဦးကျော်ဝင်းမှာနေအိမ်အိပ်ခန်းအတွင်း ၀င်ရောက်အိပ်ခဲ့သည်ဆို၏။ နောက်တစ်နေ့နံနက်တွင် ဇနီးဖြစ်သူက လင်ယောက်ျားဖြစ်သူအား အိပ်ရာမှထရန်သွားရောက်နှိုးစဉ် သေဆုံးနေကြောင်းတွေ့ရှိရသည်ဆို၏။ သေဆုံးသူဦးကျော်ဝင်း၏ ဖခင်ဦးငွေမောင်က သက်ဆိုင်ရာတွင် တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ကြောင်းသိရှိရသည်။ ယင်းပြစ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ဇနီးဖြစ်သူအား ဘုတလင်မြို့နယ် ရဲတပ်ဖွဲ့ စခန်း(ပ)-၄၀/၂၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-(၃၀၂)အရ အမှုရေးဖွင့်ကာဘုတလင်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်စံမြင့်က အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 7Day News

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More