.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Thursday, February 23, 2012

ဟိုတယ်ဝန်ထမ်းကို ပါးရိုက်ခဲ့သည့် ဂျပန်နိုင်ငံသားက တရားပြန်စွဲ

ပြီးခဲ့သည့် လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ သားက Orchid Hotel မှ အမျိုးသမီးဝန်ထမ်းတဦးကို ပါးရိုက်ခဲ့ပြီးနောက် ၎င်းကပင် ပါးရိုက်ခံရသူဝန်ထမ်းကို တရားပြန်စွဲထားကြောင် ယင်းဟိုတယ်မှ  မန်နေဂျင်း ဒါရိုက်တာဦးဌေးအောင်က YPI သို့ပြောသည်။

"သူပြန်ဆွဲတာက သူ့ကိုအင်အားသုံး တားဆီးမှုရယ် သူ့ပိုင်နက်ထဲကို ၀င်ရောက်ခွင့်မပြုတာနဲ့ပတ်သက်ပြီးစွဲ ထားတာပါ။ တရားစွဲခံရတာက ပါးရိုက်ခံရတဲ့ ဟိုတယ်ဝန်ထမ်းနဲ့ သူ့အတွက်သက်သေခံထွက်ပေးတဲ့ အမျိုးသမီးဝန်ထမ်း နောက်တယောက်ကိုစွဲထားတာပါ"ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ အောကစ် ဟိုတယ်၊

ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်၍တရားရင်ဆိုင်ခဲ့ပြီး လာမည့် ၂၉ ရက်နေ့တွင်  စစ်ဆေးကြားနာရန် ချိန်းဆိုထားသည်ဟု ဆိုသည်။ တရားရင်ဆိုင်ရန်အတွက် အာမခံအနေဖြင့်၎င်းတို့ဟိုတယ် ၀န်ထမ်းနှစ်ဦးအတွက် ပိုင်ဆိုင်မှု ကျပ်သိန်းလေးရာ အာမခံပေးထားရသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဇန္န၀ါရီလ ၂၈ ရက်နေ့ညက Business ဗီဇာဖြင့်နေထိုင်သူ ဂျပန်နိုင်ငံသား Mr.Okahashi Takashi က ဟိုတယ်သို့ အထောက်အထား မပြည့်စုံသည့် အမျိုးသမီး တဦးကို ခေါ်လာရာ ဟိုတယ်ဝန်ထမ်း ဒေါ်အေးအေးကြည်က တားဆီးသဖြင့်   Mr Takashi က ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သည်။

အဆိုပါအမှုကို ပုဇွန်တောင်ရဲစခန်းသို့သွားရောက် တိုင်ကြားရာ ပါးရိုက်ခဲ့သည့် အထောက်အထား ဆေးစာရွက်များ ပြသမှသာလျင် အမှုဖွင့်နိုင်သည်ဟု ဆိုရာမှ နောက်ပိုင်း  သတင်းများပြန့်သွားခဲ့သည့်နောကှ် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ဟိုတယ်သို့လာရောက်စစ်ဆေး အမှုဖွင့်ပေးခဲ့သည်ဟုဆိုသည်။


ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ ဂျပန်နိုင်ငံသားအားနာမည်ပျက်စားရင်းသွင်းကာ မြန်မာနိုင်ငံသို့ မည်သည့် ဗီဇာမှထုတ်မပေးရန်ဆုံးဖြတ် အရေးယူလိုက်သည်ဟု ဖေ့ဘွက် စာမျက်နှာများတွင်  သတင်းများပြန့်လာသော်လည်း ယင်းကဲ့သို့  အရေးယူမယူ အတည်မပြုနိုင်ကြောင်း ဦးဌေးအောင်ကဆိုသည်။

"သူ့ကို အဲလို အရေးယူရင်တောင် အခုအချိန်မှာ အမှုက ရှိနေတော့သူထွက်သွားလို့ မရသေးဘူးလေ၊ လောလောဆယ် အိုလံပစ် ဟိုတယ်မှာတည်းနေတယ်လို့တော့ သတင်းကြားတယ်" ဟုဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ ဂျပန်သံရုံးသို့ပြီးခဲ့သည့် တပတ်ကျော်မှ စတင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အထိ ဖြေဆိုပေးခြင်းမရှိသေးချေ။

လက်ရှိတွင် ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ရသည့် အမျိုးသမီး ဟိုတယ်ဝန်ထမ်းမှာ အလုပ်ပုံမှန်ဆင်းလျက်ရှိပြီး ကိုယ်ထိလက်ရောက် စော်ကား ခံရခြင်းအတွက် သူမဘက်မှလည်း ဂျပန်နိုင်ငံသားအား အမှုဖွင့် တရားစွဲထားသည်။

"အရင်က ကျွှန်တော်တို့ဝန်ထမ်းကသူ့ကို တရားစွဲထားတာကို သူုတောင်းပန်ရင် ကျေအေးပေမယ်လို့ စဉ်းစားထားတာလေ အခုကဒီလိုဖြစ်သွားတော့ ကျွန်တော်တို့ဘက်က ၀န်ထမ်းကလည်း ဂျပန်နိုင်ငံသားကို ထိုက်တန်တဲ့အပြစ်ဒဏ် ရတဲ့အထိ တရားရင်ဆိုင်သွားမယ်လို့ဆုံးဖြတ်ထားတယ်" ဟု ဦးဌေးအောင်ကဆိုသည်။

ဟိုတယ်ဝန်ထမ်းများဘက်မှ ရှေ့နေဦးဝင်းနိုင်နှင့်အဖွဲ့မှ ဆောင်ရွက်ပေးနေပြီး ဂျပန်နိုင်ငံသားဘက်မှလည်း ကူညီပေးနေသည့် ရှေ့နေအဖွဲ့များရှိသည်ဟုဆိုသည်။

Orchid Hotel သည် အဆိုပါပြဿနာ ဖြစ်ပွားသည့်နောက် ဟိုတယ်သို့ ညသန်းခေါင် ဧည့်သည်အသစ်များ လက်မခံခြင်း၊ အမျိုးသမီးဝန်ထမ်းများကို ညဘက် တာဝန်မချထားရန် စသည့် အစီအစဉ်များဆောက်ရွက်ရန် စီစဉ်လျက်ရှိသည်ဟုဆိုသည်။

Orchid Hotelသည် စကာင်္ပူနှင့်မြန်မာ နိုင်ငံသားတို့ ပူးပေါင်းတည်ထောင်ထားသောဟိုတယ်ဖြစ်ပြီး အမှတ် ၉၁၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်တွင်တည်ရှိသည်။        ။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More