.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Friday, February 24, 2012

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသည့် အသက်အရွယ် ပိုမိုငယ်လာ

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ကင်ဆာရောဂါများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး လက်ရှိအချိန်တွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသည့် အသက်အရွယ် ပိုမိုငယ်လာပြီး အသက်၂၅ နှစ်မှ ၃၀ နှစ်အတွင်းရှိ အမျိုးသမီးများတွင်လည်း ရောဂါဖြစ်ပွားမှုများတွေ့ရှိလာရကြောင်း ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)၊သားဖွားနှင့်မီးယပ်ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်ကဆိုပါသည်။

အဆိုပါ ကင်ဆာရောဂါကို ယခင်က အသက် ၄၀၊ ၅၀ ကျော်သူများတွင်သာ ဖြစ်ပွားမှုနှုန်းများ ပြားသည်ကိုတွေ့ရှိရပြီး နည်းပညာများတိုးတက်လာသည့်နည်းတူ လူငယ်များအနေဖြင့်  Sex နှင့် ပတ်သက်သည့်အသိအမြင်များ ပိုမိုပွင့် လင်းလာရာ လိင်ဆက်ဆံသည့် အသက်အရွယ်အပိုင်းအခြား ယခင်ကထက် ပိုမိုစောလာခြင်း၊ လိင်ဆက်ဆံဖက် များပြားခြင်းများကြောင့် အသက် ၂၅၊ ၃၀ ၀န်းကျင်အတွင်းရှိ အမျိုးသမီးများတွင် ဖြစ်မှုနှုန်းမြင့်တက် လာခြင်းဖြစ်နိုင်ကြောင်း သိရှိရပါသည်။မြန်မာကျေးလက်နေ အမျိုးသမီး အများစုတွင် သားအိမ်ခေါင်းစစ်ဆေးမှုအား ခံယူခဲ့ဖူးခြင်းမရှိကြောင်း ''မြို့ပြနှင့် ကျေးလက်တောရွာနေ အိမ်ထောင်သည် အမျိုးသမီးများ၏ သားအိမ်ခေါင်းကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးခြင်းအပေါ် သိရှိနား လည်မှုအား လေ့လာခြင်းသုတေသန'' စာတမ်းအရ သိရသည်။ အဆိုပါ စာတမ်းကို နေပြည်တော်ရှိ မြို့ပြနှင့်ကျေးလက်တောရွာနေ အိမ်ထောင်သည်အမျိုးသမီးများအတွင်း မျိုးဆက်ပွားကျန်းမာရေး စရိုက်လက္ခဏာများနှင့် သားအိမ်ခေါင်းကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးခြင်းအပေါ် သိရှိနားလည်မှုအား ဖော်ထုတ်သုတေသနပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် သုတေသနတွင် မြို့ပြနေ ၁၀၂ ဦးနှင့် ကျေးလက်တောရွာနေ ၁၂၅ ဦး အိမ်ထောင်သည် အမျိုးသမီးစုစုပေါင်း ၂၂၇ ဦး ပါဝင်ခဲ့ကြောင်း သိရှိရပါ သည်။

ထို့အပြင် မြို့ပြနေ အိမ်ထောင်သည်အမျိုးသမီးများ၏ ၁၂ ဒသမ ၇ ရာခိုင်နှုန်းသည် သားအိမ်ခေါင်း ကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးမှုအား ခံယူခဲ့ဖူးသော်လည်း ကျေးလက်တောရွာနေ အိမ်ထောင်သည် အမျိုးသမီးများတွင်မူ သားအိမ်ခေါင်း စစ်ဆေးမှုအား ခံယူခဲ့ဖူးခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည့်အတွက် အိမ်ထောင်သည် အမျိုးသမီး၏ သားအိမ်ခေါင်းကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးခြင်းအပေါ် သိရှိနားလည်မှု အားနည်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။


ကာကွယ်ဆေးထိုးတာ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ရှိ၊ မရှိ စစ်ဆေးတာ Cervical smear စတဲ့ ကာကွယ်နည်းတွေရှိပေမယ့် ငွေကြေးတတ်နိုင်သူတွေအတွက်ပဲ ထိရောက်ပါသေးတယ် .. 
''အခြေခံလူတန်းစားတွေမှာ ဒီရောဂါကိုပိုတွေ့လာတယ်။ သူတို့က ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးအသိပညာတွေ၊ ကြိုတင်ကာကွယ်နိုင်တဲ့နည်းတွေကို သိရှိမှု နည်းပါးပါတယ်။ ကာကွယ်ဆေးထိုးတာ၊သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့်ရှိ၊ မရှိစစ်ဆေးတာ Cervical smear စတဲ့ ကာကွယ်နည်းတွေ ရှိပေမယ့် ငွေကြေးတတ်နိုင်သူတွေအတွက်ပဲ ထိရောက်ပါသေးတယ်'' ဟု ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) သားဖွားနှင့်မီးယပ်ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ဆိုပါသည်။ကမ္ဘာပေါ်ရှိ အမျိုးသမီးများ တွင် တစ်နှစ်လျှင် သားအိမ်ခေါင်း ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ ၂၇၀၀၀၀ ကျော်ရှိပြီး သေဆုံး မှု၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြောင်း  သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More