.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Saturday, February 4, 2012

မင်္ဂလာဒုံမြို့နယ်၌ မြေကြီးထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေ၍ သတိပေးစာ ကပ်ထားရ

အနံ့ထွက်နေသည့် နေရာအား ရေဖြန်းပြီး သတိပေးစာ ကပ်ထားသည်ကို တွေ့ရစဉ်

မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့ သစ်ရပ်ကွက် သစ္စာလမ်းသွယ် အတွင်း၌မြေထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေကြောင်း သိရသည်။

အဆိုပါ ဂတ်စ်အနံ့များမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှစ၍ ထွက်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ၌လည်း ထွက်ပေါ်နေသေးကြောင်းလည်း သိရသည်။

“အိမ်ထဲမှာ ဂတ်စ်အနံ့တွေ ရနေလို့ အိမ်မှာမီးခြစ်တွေလိုက်စစ် တယ်။ ဒါပေမယ့် မီးခြစ်တွေက ဘာမှမဖြစ်ဘူး။ ဘေးအိမ်တွေကို လည်းလိုက်မေးကြည့်တော့ ဘယ်သူ မှဂတ်စ်မီးဖိုသုံးတာမျိုး၊ ဂတ်စ်နဲ့ပတ် သက်တဲ့ဟာမျိုးသုံးတာ မရှိဘူး။ လိုက်စစ်ရင်းနဲ့ မြေထဲက အနံ့တွေ ထွက်နေတာကိုတွေ့ရတယ်။ အဲဒါ နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အ ကြောင်းကြားလိုက်တယ်။ နောက် တော့ အုပ်ချုပ်ရေးမှူးရော၊ ရဲတပ် ဖွဲ့က တာဝန်ရှိသူတွေနဲ့ မီးသတ်က တာဝန်ရှိသူတွေရောက်လာပြီး အနံ့ ထွက်နေတဲ့နေရာကိုရေဖြန်းပြီး သတိ ပေးစာတွေကပ်ထားလိုက်တယ်။ ဒါ ပေမယ့် ဓာတ်ငွေ့နဲ့ပတ်သက်ပြီး နား လည်တာဝန်ရှိသူတွေကတော့ရောက် မလာဘူး။ အခုကျွန်တော်တို့မှာ ဂတ်စ်အနံ့ကိုလည်း အချိန်တိုင်းရှူ နေရပြီး ဘယ်အချိန်ဘာဖြစ်မလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ နေနေရ တယ်”ဟု အဆိုပါလမ်းအတွင်း တွင်နေထိုင်သူက ဆိုသည်။

လက်ရှိတွင် အဆိုပါဂတ်စ် အနံ့များ ထွက်ပေါ်နေသည့် လမ်းသွယ်ကို ခေတ္တပိတ်ထားပြီး မီးခြစ် မခြစ်ရ၊ ဆေးလိပ်မသောက်ရ အန္တရာယ်ရှိသည်ဟူ၍ သတိပေးထားကြောင်းလည်း သိရသည်။

eleven media မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More