.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Saturday, February 4, 2012

ကြားဖြတ်ရွေးကောက်ပွဲဝင်ရာ၌ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူများအား အကျိုးမဖြစ်စေသည့်အပိုင်းများ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ထားဝယ်ဒေသခံများအား နှုတ်ခွန်းဆက်စကားပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ကြားဖြတ်ရွေးကောက်ပွဲဝင်ရာ၌ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူများအား အကျိုးမဖြစ်စေသည့်အပိုင်းများ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့ အခုကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့နေရာမှာ အခြေခံအားဖြင့် လိုအပ်ချက်သုံးခုကို အခြေခံမှာ တင်ပါတယ်။ ပထမဦးဆုံး လိုအပ်ချက်ကတော့ ဥပဒေစိုးမိုးရေးပါပဲ။ ဥပဒေစိုးမိုးရေး ဘာဖြစ်လို့ အရေးကြီးသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုံခြုံမှုအတွက်ပါ။ အိပ်နိုးချမ်းသာပေါ့နော်၊ အိပ်တဲ့အခါကျရင် လုံလုံခြုံခြုံ အိပ်ရာဝင်နိုင်ရမယ်။ ငါတို့ရဲ့ရပ်ရွာဟာ အေးချမ်းမယ်၊ သာယာမယ်။ ဓါးပြလည်း လာမတိုက်ဘူး။ ဘယ်အာဏာပိုင်အဖွဲ့မှ လည်း တံခါးမှာ လာပြီးတော့ မခေါက်ဘူး။ ဘယ်သူကမှလည်း ဘယ်သူကိုတရားဥပဒေနဲ့ မကိုက်ညီဘဲနဲ့ အနိုင်ကျင့်လို့ မရဘူး။ ဒီလိုစိတ်ချမ်းသာမှုတွေနဲ့ အိပ်ရာဝင်နိုင်ရမယ်။ နိုးလာတဲ့အခါမှာလည်း ငါတို့ဘ၀ဟာ လွတ်လပ်တယ်၊ လုံခြုံတယ်။ ငါတို့ဟာ ဥပဒေကိုမ ဖောက်သရွေ့ ဘယ်သူကမှ ငါတို့ကို မထိနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်နဲ့ အေးအေးချမ်းချမ်းနဲ့ ကိုယ်ရဲ့တစ်နေ့တာ လုပ်စရာရှိတာတွေကို လုပ်နိုင်တဲ့အခြေအနေမှာ ဖြစ်ရမယ်။ ကျွန်မတို့ ပြည်သူတချို့ကပြောမယ်၊ ဥပဒေစိုးမိုး ရေးအကြောင်း ပြောနေတာကျွန်တော်တို့၊ ကျွန်မတို့ရဲ့ နိစ္စဓူ၀၀မ်းစာအတွက်ရော၊ ၀မ်းရေးအတွက်ရော မြန်မာပြည်သူတွေဟာ ဆင်းရဲပါတယ်ဆိုပြီးတော့ ကျွန်မခဏခဏ ကြားရပါတယ်။ အလုပ်အကိုင်တွေ လုံလုံလောက်လောက် မရှိပါဘူးဆိုတာ လည်း ကျွန်မတို့ ကြားရပါတယ်။ အဲဒီတော့ ဒီလိုပြည်သူတွေ အလုပ်အကိုင်မဲ့မဖြစ်ရအောင် ဆင်းရဲတွင်းကနေပြီးတော့ တက်ပြီးတော့ ထွက်နိုင်အောင်လို့ဆိုတာဟာ အဲဒီမှာလည်း ဥပဒေစိုးမိုးရေးဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့နိုင်ငံမှာ တချို့ရှိနေတဲ့ဥပဒေတွေဟာ ပြည်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ အခြေအနေ ဟန့်တားထားတဲ့ ဥပဒေတွေရှိပါတယ်။ ဒါတွေကို ကျွန်မတို့ကနေပြီးတော့ လွှတ်တော်တွင်းကနေပြီးတော့ ဖယ်ရှားချင်တဲ့ ဆန္ဒတွေ ရှိပါတယ်။ နောက်တချို့အနည်းအကျဉ်းသော ဥပဒေတွေကတော့ အသစ်ပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ဥပဒေရှင်တွေနဲ့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် မလိုလားအပ်တဲ့ ဥပဒေ၊ ပြည်သူတွေရဲ့ဘ၀တွေကို မလိုလားအပ်ဘဲနဲ့ ချုပ်ချယ်ထားတာ၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေတွေကို ကန့်သတ်ထားတာ၊ အဲဒီလို ဥပဒေတွေကနေစပြီးတော့ ကျွန်မတို့က ဖယ်ရှားရမှာဖြစ်ပါတယ်''ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ''နောက်ပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ်ကနေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ အင်မတန်မှကို ဒီကိစ္စကို အလေးထားပါတယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်းပဲ ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် အပစ်အခတ်တွေ ရပ်စဲတာ မရှိသေးပါဘူး။ ဒီတော့အဲဒီက ကျွန်မတို့ရဲ့ ကချင်ညီအစ်ကိုမောင်နှစ်မသားချင်းတွေ ဘယ်လောက် ဒုက္ခရောက်နေမလဲဆိုတာ စဉ်းစားကြည့်ကြပါ။ စာနာကြပါ။ ဒါကြောင့်လည်း ကျွန်မတို့ကနေပြီးတော့ ကချင်ဒုက္ခသည်တွေအတွက် တတ်နိုင်သမျှ ကျွန်မတို့ ကူညီထောက်ပံ့တာတွေ လုပ်ပါတယ်။ အားလုံးဟာ အချင်းချင်းပဲ။ ဒီနိုင်ငံတစ်နိုင်ငံလုံးမှာ တစ်နေရာမှာ မအေးချမ်းဘူးဆိုလို့ရှိရင် တစ်နိုင်ငံလုံး မအေးချမ်းဘူးလို့ ဒီလိုပဲ ယူဆရပါလိမ့်မယ်။ လွတ် လပ်ခြင်းဆိုတာ ခွဲခြားလို့ ရတာမဟုတ်ပါဘူး။ တစ်ယောက်မလွတ်လပ်ဘူးဆိုရင် ဒါကျွန်မတို့ နိုင်ငံမလွတ်လပ်ဘူးလို့ ကျွန်မတို့ ဒီလိုပဲကျွန်မတို့အမြင်နဲ့ မြင်ရပါလိမ့်မယ်။ အဲတော့ တစ်ယောက်ဟာ ဥပဒေရဲ့အကျိုးခံစားပိုင်ခွင့်မရှိဘူးဆိုလို့ရှိရင် တစ်တိုင်းပြည်လုံး ဥပဒေရဲ့အကျိုးကို ခံစားပိုင်ခွင့်မရှိတာနဲ့ အတူတူပါပဲ''ဟု ဆက်လက်ပြောကြားခဲ့သည်။
ဒီနိုင်ငံတစ်နိုင်ငံလုံးမှာ တစ်နေရာမှာ မအေးချမ်းဘူးဆိုလို့ရှိရင် တစ်နိုင်ငံလုံး မအေးချမ်းဘူးလို့ ဒီလိုပဲယူဆရပါလိမ့်မယ်။ လွတ်လပ်ခြင်းဆိုတာ ခွဲခြားလို့ရတာ မဟုတ်ပါဘူး။ တစ်ယောက်မလွတ်လပ်ဘူးဆိုရင် ဒါကျွန်မတို့နိုင်ငံ မလွတ်လပ်ဘူးလို့ ကျွန်မတို့ ဒီလိုပဲ ကျွန်မတို့အမြင်နဲ့ မြင်ရပါလိမ့်မယ်။ အဲတော့ တစ်ယောက်ဟာ ဥပဒေရဲ့ အကျိုးခံစားပိုင်ခွင့်မရှိဘူးဆိုလို့ရှိရင် တစ်တိုင်းပြည်လုံးဥပဒေရဲ့ အကျိုးကိုခံစားပိုင်ခွင့်မရှိတာနဲ့ အတူတူပါပဲ . .

''နောက်ကျွန်မတို့အနေနဲ့ ဥပဒေစိုးမိုးရေးနဲ့ တန်းတူညီမျှ အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။ အခုနိုင်ငံထဲမှာဆိုရင် ကျွန်မတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးကာလက အခုထိ၊ လွတ်လပ်ရေးရပြီးတာ လည်း နှစ် ၆၀ ကျော် သွားပါပြီ။ အခုထိ လုံးဝပြည်တွင်း စစ်ငြိမ်းတယ်ရယ်လို့ မရှိခဲ့သေးပါဘူး။ ဒီဟာကို ကျွန်မတို့ ဦးတည်ရပါမယ်။ ကျွန်မတို့ဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထား တဲ့ နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ ဗမာ တွေဆိုတာလည်း ဒီတိုင်းရင်းသားထဲက တစ်စုပဲ။ ဒါပေမယ့် လူများစုပေါ့။ အခု တနင်္သာရီဟာ ကျွန်မတို့ တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ဒီဟာကို အများကြီးပိုပြီး ကျွန်မတို့ထက် နားလည်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္သာရီဟိုဘက် ရော၊ ဒီဘက်ရောဆက်စပ်နေတယ်လို့ ကျွန်မကထင်တယ်။ တနင်္သာရီဟာဆိုရင် တိုင်းဖြစ်တယ်။ ပြည်မနဲ့ ဆက်စပ်နေတယ်။ ဒီမျိုးရိုးအရ ဗမာတွေနဲ့ နီးစပ်နေတယ်။ သို့သော်ငြားလည်း တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ပြည်မက ဗမာတွေနဲ့လုံးဝ ထပ်တူတူတာတော့မဟုတ်ဘူး။ ခြားနားချက်ကလေးတွေတော့ ရှိတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျော်လင့်ချက်တွေကို ပိုပြီးတော့စာနာနိုင်မယ်လို့ ကျွန်မတို့ ထင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''တတိယမြောက် ကျွန်မအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ အရေးကြီးတဲ့ ဦးတည်ချက်တစ်ခုဆိုပြီး သတ်မှတ်ထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေ တဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပါပဲ။ ဒါကျွန်မတို့ လုပ်ကိုလုပ်ရမယ်။ ရင်ဆိုင်ရဲရမယ်။ အဲတော့ ဒီလိုပြောတဲ့အခါမှာ အခြေခံဥပဒေကို လေ့လာကြပါလို့ ကျွန်မက တိုက်တွန်းချင်တယ်။ ဒီဥပဒေကို မလေ့လာထားဘဲနဲ့ မဖတ် ရှုထားဘဲနဲ့ သိနားမလည်ဘဲနဲ့ ပြောင်းချင်တယ်ဆိုပြီးတော့ ဒီလိုပဲပြောလို့ မရပါဘူး။ ဘာဖြစ်လို့ ပြောင်းဖို့လိုတာလဲ။ ဘယ်အစိတ်အပိုင်းတွေကို ပြောင်းဖို့လိုတာလဲဆိုတာ၊ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေ တစ်ဦးချင်း၊ တစ်ဦးချင်း ဟာ သိဖို့လိုပါတယ်။ ဒါမှတစ် ဆင့်ပြည်သူတွေကို ပြန်ပြီးတော့ ရှင်းပြနိုင်မှာပါ။ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းထားတယ်ဆိုတာ ဒါအတွက်ပဲ။ ပြည်သူတွေက အချိန်ပြည့်နိုင်ငံရေး ကိစ္စတွေကိုလေ့လာနေဖို့ဆိုတာ မဖြစ်နိုင် ပါဘူး''ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ ဖြစ်ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မိမိအမည် မဲစာရင်း၌ ပါရှိစေရေး ပြည်သူများ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ရန် အသိပေးနှိုးဆော်ထားပြီး ပါတီများအနေဖြင့်လည်း မိမိတို့ စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း နှိုးဆော်ထားသည်။

eleven media မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More