.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Saturday, January 28, 2012

“အမှန်အတိုင်းပြောစမ်းမိန်းကလေး”


ရဲ ... “အမှန်အတိုင်းပြောစမ်းမိန်းကလေး”
မိန်းကလေး ... “ကျွန်မကို မသိတဲ့ လူတစ်ယောက်က လာနမ်းတယ်”
ရဲ ... “ကောင်းပြီ၊ မင်းဘာပြန်လုပ်လိုက်သေးလဲ”
မိန်းကလေး ... “ကျွန်မကို ဒီလိုလုပ်လို့ ဘယ်ရမလဲ၊
မဟုတ်မခံတတ်တဲ့ စိတ်နဲ့ ပြန်နမ်းပစ်တာပေါ့” တဲ့။
အဲဒီဟာသလေးလို ကျွန်တော့်ကို မသိဘဲ နမ်းခဲ့သမျှ
ခပ်ကြမ်းကြမ်း ပြန်နမ်းပစ်ခဲ့ချင်တာပေါ့။
ရက်စက်တတ်တဲ့ မျက်နှာတွေမှာ

သနပ်ခါးတွေက အဖွေးသားနဲ့ လှလွန်းနေတော့လည်း
ကြင်နာတတ်တဲ့ မျက်နှာတွေမှာ
မီးဝင်းဝင်းတောက် မျက်လုံးတွေပဲ ထွန်းပေါက်ရခဲ့ပေါ့
ကောက်ကျစ်မှုက သွားတက်လေးနဲ့ ပြုံးနေတော့လည်း
ရိုးသားမှုက အစွယ်တငေါငေါနဲ့ ထွက်ခွါခဲ့ရပေါ့
သူတို့ အတ္တကို ထပ်မံအမွန်းတင်ခဲ့ကြလို့
ရာသီဥတုပျောက်ဆုံးကုန်ခဲ့ကြကြောင်း
သူတို့ နည်းနည်းလေးဖြစ်ဖြစ် သိကြရင် ကောင်းမှာ
မေတ္တာမှန်ရင် ရောင်ပြန်ဟပ်မှာပါ ..တဲ့
သွေးအေးတဲ့ မျက်လှည့်ဆရာရဲ့
အဝေးက လှမ်းချော့တဲ့ တေးသံကို
ပျားသကာလို ချိုကြလိုက်တာ
အတွင်းမှာပုန်းနေတဲ့ အဆိပ်ပြင်းတွေနဲ့
မှားယွင်းခွင့်ကို အားဆေးထိုးနေမှန်း မသိကြဘူး
ကျိုပြီးချက်ပြီး သောက်ချင်ရလောက်အောင်
အေးအေးဆေးဆေး ထိုင်ငေးချင်ရလောက်အောင်
နောင်တဟာ သိပ်ပြီး မက်မောင်စရာကောင်းနေသလား
မီးပုံထဲ ကျည်ဆံတွေ အပြည့်ထဲ့ပြီး
ဝိုင်းကြီးပတ်ပတ်ကနေကြတဲ့ သူတွေအတွက်
ဖူးပွင့်ဝေဆာနေတဲ့ ၀မ်းနည်းမှုပန်းခြင်းရယ်
မှိုစော်နံနေတဲ့ အောင်မြင်မှုဆုတံဆိပ်ရယ်
တကယ်မရှိတဲ့ သုဂတိသို့သွားရာလမ်းရယ်
ကိုယ့်ကိုယ်ကို ပြန်ရှာရမယ့် မှန်တစ်ချပ်ရယ်
ဟာသထဲက မိန်းကလေးရဲ့ မခံချင်စိတ်မျိုးနဲ့
စင်စင်ကြယ်ကြယ် စူးစူးနစ်နစ် ပြန်ပေးလိုက်ပါတယ်
နတ်လူ သာဓု ခေါ်စေဖို့။    နော်အယ်မူးဖော

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More