.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Sunday, January 29, 2012

၂၀၁၂ခုနှစ် ရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲကျင်းပပြီး ယခင်နှစ်ထက် ပိုမိုစည်ကား

7186
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ် ကထက် ဖွင့်ပွဲနေ့တွင် ဘုရားဖူးများ ပိုမိုစည်ကားခဲ့ကြောင်း သိရသည်။
ရွှေစက်တော် ဘုရားပွဲတော်တွင် ယခုနှစ်အတွက် ယခင်နှစ်ကထက် တဲကျောင်းမြေနေရာများ ပိုမိုဈေးများခဲ့သော်လည်း ယခင်နှစ်က တဲကျောင်းအရေအတွက် ၅၀၀ ခန့် သာရှိခဲ့ပြီး ယခုနှစ်တွင် တဲကျောင်း အရေအတွက် ၉၀၀ ကျော်ရှိကြောင်း သိရသည်။

7186a “အခုနှစ်ကဖွင့်ပွဲနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့တိုက်လို့ ဘုရားဖူးပိုကျပါတယ်။ တဲကျောင်းတွေက နာမည်ပေါက်ကျအောင် လျှောက်ယူကြပြီး တစ်ဆင့်ပြန်ရောင်းတာတွေ ရှိလို့ အရင်နှစ်ကထက် ဈေးပိုတက်ခဲ့တာပါ။ နာမည်ပေါက် စလစ်တစ်ခုကို ကျပ် သိန်း ၂၀ အထိ ပေးဝယ်ခဲ့ကြပြီး အဆောက်အဦဖိုး အပါနဲ့ဆို ကျပ် ၃၅ သိန်းအထက်ထိ ပေးဝယ်တာတွေ ရှိပါတယ်”ဟု ရွှေစက်တော်ဘုရား ပွဲတော်တွင် နှစ်စဉ်လာရောက်သော ဆယ့်နှစ်ပွဲဈေးသည် တစ်ဦးက ပြောပြပါသည်။
ယခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပါဝင်ခဲ့ပြီး ယခင်နှစ် များက အဆောက်အဦး ဆောက်လုပ်လေ့မရှိသော နမ္မဒါတည်းခိုဆောင် အ၀င်လမ်းမ၏ ဘေးဝဲယာတွင် ဆိုင်ခန်းနှစ်ခန်း ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ခြေတော်ရာဖွင့်ပွဲနှင့် ပွဲတော်ဖွင့်ပွဲနေ့တွင် ရွှေစက်တော်နှင့် နီးစပ်ရာမြို့နယ်များမှအပြင် ရန်ကုန် မြို့မှ ဘုရားဖူး ယာဉ်လိုင်းများဖြင့် လာရောက်သူများဖြင့် ပိုမိုစည်ကားခဲ့ကြောင်း၊ ရွှေစက်တော် ဘုရားပွဲသည် မကွေးတိုင်းဒေသကြီး အတွက် ရက်အရှည်ကြာဆုံး ပွဲတော်ဖြစ်ပြီး တန်ခူးလပြည့်ကျော်၁၁ရက် (မြန်မာနှစ်ဆန်း ၁ရက်)နေ့အထိ ရက်ပေါင်း ၈၁ရက် ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More