.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Monday, January 30, 2012

ဂုဏ်ယူပါတယ် ဦးကျော်သူ

သစ်ပုတ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း
ဖုန်တလောင်းလောင်းထနေဆဲ။
ကျောင်းတော်ကြီးရဲ့ သံတံခါး
တွန့်လိမ် ကောက်ကွေးပိတ်မရဆဲ။
ကျောင်းတော်ကြီးရဲ့ အမိုးသံပြား
နေမလုံရေမလုံလွင့်ပျံနေဆဲ။
ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ
အော်ဟစ် ပေါက်ကွဲဖော်ထုတ်နေဆဲ။
ကျောင်းတော်ကြီးရဲ့ အထင်ကရသစ်ပုတ်အိုကြီး
အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်းထောင်ပြနေဆဲ။
ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက်
သစ်ပုတ်မျိုးဆက်သစ်များမာန်ကြွမာန်ထကုန်းရုန်းထနေဆဲပါလား။ ။ (ကျော်သူ)

          ဟုတ်ပါသည်။
သစ်ပုတ်မျိုးဆက်သစ်များတစ်နည်းအားဖြင့် လူမှုရေးမျိုးဆက်သစ်များအားမာန် အပြည့်ဖြင့် တိုးတက်ရှင်သန်လာကြပါပြီ။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ၊ လုပ်အားပေးများတို့သည် မိမိတို့၏ ကိုယ်ပိုင် အချိန်များ
အားဖဲ့ယူ၍ အများအကျိုးအတွက် လာရောက်ပေးဆပ် ကူညီနေကြသူများ ဖြစ်ကြသည်။ မိမိတို့ ၏ ကိုယ်ပိုင်
အချိန်များတွင် ပညာရေး၊ အိမ်တွင်းရေး၊ စားဝတ်နေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရင်းကုသိုလ်ယူကြ
သူများလည်း ဖြစ်ကြသည်။

မောင်နေမျိုးနိုင် - မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ကာနာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ၂၀၀၆ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မော်တော်ယာဉ်များအား ပြုပြင်ထိန်းသိမ်း
ခြင်းနှင့်မော်တော်ယာဉ်မောင်းနှင်ပေးခြင်းလုပ်ငန်းတာဝန်များကိုထမ်းဆောင်ခဲ့ကာမိမိ၏ ပညာရေးအား
လည်းမလစ်ဟင်းစေရန် ကြိုးစားခဲ့၍ ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.A Myanmarဘွဲ့အားဆွတ်ခူးရယူနိုင်
ခဲ့သည်။


မောင်ဖြိုးကိုကို - ကျောက်မြောင်းမြို့နယ်တွင် နေထိုင်ပြီး၂၀၀၈ခုနှစ်တွင်နာရေးကူညီမှုအသင်း(ရန်ကုန်)
တွင် လုပ်အားပေးအဖြစ် ဝင်ရောက်ပေးဆပ်ခဲ့ပြီးယခုလက်ရှိ ပြန်ကြားရေးတာဝန်ကိုထမ်းဆောင်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် B.Sc (Zoology) ဘွဲ့အားဆွတ်ခူးရယူနိုင်ခဲ့သည်။


မဇင်မေလင်း(ခ)ဇူးဇူး- မြောက်ဥက္ကာလာပမြို့နယ်တွင် နေထိုင်ကာနာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ၂၀၁၀ ခုနှစ်မှစ၍ ကုသိုလ်ဖြစ် လုပ်အားဒါနပြုခဲ့ပြီး ၁၆.၁၀.၂၀၁၁ ရက်နေ့တွင် ကွန်ပြူတာစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာမိမိ၏ ပညာရေးအတွက် ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.Sc (Botany) ဘွဲ့အားဆွတ်ခူးရယူနိုင်ခဲ့သည်။


မဆုမြတ်နိုး - မရမ်းကုန်းမြို့နယ်တွင် နေထိုင်ကာနာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၀၀၈ ခုနှစ်
( ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ အသက်အငယ်ဆုံးသောလူမှုရေးသမားအဖြစ် လုပ်အားဒါနကူညီဖေးမမှုတို့
ကိုလုပ်ကိုင်ခဲ့ပြီး ၂၈.၁.၂၀၁၂ ရက်နေ့တွင် B.C.Sc (ကွန်ပြူ တာသိပ္ပံ) ဘွဲ့ကိုဂုဏ်ထူးတန်းဖြင့် အောင်မြင်
ဆွတ်ခူးရယူနိုင်ခဲ့သည်။

ထို့ကြောင့် သူတို့သူတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီးဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာသက် အနှစ် (၃၀) မြောက်တွင် ကိုမျိုး(မြန်မာစာ)၏ဂုဏ်ပြုရေးဖွဲ့ထားသော“ဂုဏ်ယူတယ်”ဟူသောကဗျာစာပိုဒ်၏
နောက်ဆုံးအပိုဒ်တွင် ထပ်မံဖြည့်စွက်ကာဂုဏ်ယူမိပါကြောင်း . . . . (ကျော်သူ)


“ဂုဏ်ယူတယ်”

-         ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံကသာ
တိပိဋကသာသနာ့ အာဇာနည်တွေပေါ်ထွန်းတာဂုဏ်ယူတယ်။
-         ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံသားတစ်ဦး
ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲဖြစ်ခဲ့ဖူးတာဂုဏ်ယူတယ်။
-         ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံမှာ
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ဦး ရှိနေတာဂုဏ်ယူတယ်။
-         ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံတွင်
ဧရာဝတီမြစ်မင်းနဲ့ ရေဝေတောတောင် အပေါ် မြတ်နိုးသူတွေရှိတာဂုဏ်ယူတယ်။
-         ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံဟာ
ဗြဟ္မစိုရ်တရားထွန်းကားတယ်ဆိုတဲ့ စကားဆက်လက်မှန်ကန်စေဖို့
ဘဝတစ်ခုလုံးပရဟိတနယ်မှာ“ဝကွက်” အပ်ရဲတဲ့
“ဇနီးမောင်နှံရဲ့ ပုလဲရတု” အတွက်လည်းဂုဏ်ယူတယ်။  (ကိုမျိုး - မြန်မာစာ)


-         ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံအတွက် ဗြဟ္မစိုရ်နှလုံးသားကိုလက်ကိုင်ပြုပြီး
အများပြည်သူတို့ကိုကူညီဖေးမစောင့်ရှောက်ရင်း
ပညာရေးဘွဲ့ထူး၊ ဂုဏ်ထူးများရအောင် ဆွတ်ခူးနိုင်တဲ့
F.F.S.S လူမှုရေးမျိုးဆက်များအတွက်လည်းဂုဏ်ယူတယ်။ (ကျော်သူ)



ကျော်သူ ( Facebook ) မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More