ဆရာမ တာဝန်ထမ်းဆောင်တာကြာပြီလား "
" ၃ နှစ်လောက်ရှိပါပြီ"
ဘာတာဝန်ယူရသလဲ
"ကလေးတွေရဲ့  စရိုက်သဘာဝကိုသူတို့ စရိုက်အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင်သိဖို့  တာဝန်ကိုယူရတယ်"
"မူကြိုဆရာမအလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်တာလဲ"
"နောက်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေဖြစ်လာမယ့် ကလေးငယ်တွေကို အသေအချာ လေ့ လာခွင့်၊ထိတွေ့ ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာမအလုပ်ဘဲရှိတာလေ။ဒါကြောင့် မူကြိုဆရာမအလုပ်ကို ကျွန်မ ရွေးချယ်တာ"
"ဒီထက်ပိုပြီး ရှင်းပြလို့ ရမလား"
"ကလေးဆိုတာ ချစ်စရာကောင်းတယ်။အားကိုးစရာ ကောင်းတယ် ။ ကြောက်စရာလည်း ကောင်းတယ် "
"ဘာကြောင့်လဲ"
" ၃ နှစ်လောက်ရှိပါပြီ"
ဘာတာဝန်ယူရသလဲ
"ကလေးတွေရဲ့  စရိုက်သဘာဝကိုသူတို့ စရိုက်အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင်သိဖို့  တာဝန်ကိုယူရတယ်"
"မူကြိုဆရာမအလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်တာလဲ"
"နောက်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေဖြစ်လာမယ့် ကလေးငယ်တွေကို အသေအချာ လေ့ လာခွင့်၊ထိတွေ့ ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာမအလုပ်ဘဲရှိတာလေ။ဒါကြောင့် မူကြိုဆရာမအလုပ်ကို ကျွန်မ ရွေးချယ်တာ"
"ဒီထက်ပိုပြီး ရှင်းပြလို့ ရမလား"
"ကလေးဆိုတာ ချစ်စရာကောင်းတယ်။အားကိုးစရာ ကောင်းတယ် ။ ကြောက်စရာလည်း ကောင်းတယ် "
"ဘာကြောင့်လဲ"
"ရိုးသားလို့  ချစ်စရာကောင်းတာလေ။အနာအတွက် ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ်"
"ဒါဖြင့်ရင် ဘာလို့ ကြောက်စရာကောင်းတာလဲ"
"ဒီကလေးတွေက ယဉ်ကျေးလိမ္မာခြင်းမရှိဘဲ ကြီးလာခဲ့ ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ ဘဲ။အရှေ့ တိုင်းစာပေတွေမှာ အမွေခံသားဆိုးသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ဒီတော့ ကလေးဆိုတာ ကျွန်မတို့ ပညာရေးပေါ်လစီများရင် ၇န်သူဖြစ်လာနိုင်တယ်။ဒါကြောင့် ကြောက်တာ။"
"ဟုတ်တယ် ဆက်ပြောပါဦး "
"ကျွန်မက ဒါ့ကြောင့် ဆရာမအလုပ်ကိုနှစ်သက်တာ။ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင်။မျောက်တွေ၊ကျားတွေကို ထိန်းနေရတဲ့ အတိုင်းဘဲ။တဖြည်းဖြည်းနဲ့  သူတို့ ရဲ့  ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုဘဲ ကိုယ့်ရဲ့ တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့ အတွက် ပျော်လာတယ်"
"ပညာရေးရဲ့ အဓိက ရည်မှန်းချက်က ဘာလဲဗျ။ ခင်ဗျား နားလည်သလို ပြောပြစမ်းပါ"
"ကျွန်မ အယူအဆကို ပြောပြမယ်နော်။ပညာရေးရဲ့  အဓိကရည်မှန်းချက်ဆိုတာ ဧကရာဇ်ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်း မဟုတ်ဘူး။မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့ လည်း မဟုတ်ဘူး။မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့ လည်း မဟုတ်ဘူး။ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဟာ တိုင်းပြည်အနေနဲ့  ပြောရမယ်ဆိုရင် နိုငံသူ ၊နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ ဘဲ။လူတွေကို ချစ်တတ်အောင် သင်ပေးဖို့ ဘဲ။အိမ်တစ်အိမ်အနေနဲ့  ပြောမယ်ဆိုရင် သားကောင်းသမီးကာင်း။မိသားစုကောင်းဖြစ်အောင် သင်ပေးခြင်းဟာ အခြေခံပညာရေးရဲ့  ရည်မှန်းချက်ဘဲ"
"ခင်ဗျားဖြေတာ တော်တော်ကောင်းတာဘဲ"
"လစာဘယ်လောက်ရသလဲ"
"ဒီမေးခွန်းကတော့ မမေးသင့်ဘူးထင်တယ်"
"ဒီလိုပါ ၀န်ထမ်းတစ်ယောက်ဟာ လစာ လုံလောက်စွာ မရရင် အကျင့်ပျက်နိုင်တယ် ။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့ အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ခေတ်အခြေအနေနဲ့  လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကို မွေးဖွားပေးတတ်တယ်။ဒါကြောင့် မေးတာပါ"
"လစာက လုံလောက်ပါတယ်။ခံစားခွင့်တွေလည်း အပြည်အ၀ ပေးထားတယ်လေ။ဒီတော့ ကျွန်မတို့ ဘက်က ကိုယ့်လုပ်တဲ့ အလုပ်ပေါ်မှာ စေတာနာလည်းပါသင့်တယ်။ဝါသနာလည်း ပါသင့်တယ်။ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတတ်ဖို့ လည်း လိုတယ်။ဒါမှ ၀န်ထမ်းကောင်းဖြစ်မှာရှင့်"
"ဆက်ပြီးမေးပါရစေ"
"ကောင်းပါပြီ"
"ကလေးတွေက ဥာဏ်ရည်ဘယ်လိုနေသလဲ"
"ပြန်ပြီးမေးပါ။မေးခွန်းကို နားမလည်လို့ ပါ"
"ကလေးတွေက တော်သလား ညံ့ သလားလို့ ဆိုလို တာပါ"
"ဒါဆို ရှင့်ကို မေးခွန်းတစ်ခုပြန်မေးမယ်။နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းက ပိုလှသလဲ"
"ဘာဆိုင်လို့ လဲ"
"ဖြေကြည့်ပါ"
"နှင်းဆီပန်းက လှတာပေါ့"
"ကျွန်မမေးတာက နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှသလဲလို့  မေးတာလဲ"
"ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ ကျွန်မမေးတာက ဘယ်ပန်းကို ပိုကြိုက်သလဲ လို့  မေးတာမဟုတ်ဘူး။ရှင်က ရှင်ကြိုက်တဲ့  နှင်းဆီပန်းကိုဘဲ လှတယ်လို့ ပြောနေတယ်"
"ဟုတ်သားဘဲ ကျုပ်က နှင်းဆီပန်း ကြိုက်တာဗျ။ဒါကြောင့် နှင်းဆီပန်းကို လှတယ်လို့ ဖြေလိုက်မိတယ် "
"တကယ်တော့ နှင်းဆီပနုးလည်းလှသလို စံပယ်ပန်းလည်း လှတာပါဘဲရှင့်။ကလေးတွေကို တော်သလား ညံ့သလားဆိုတဲ့  မေးခွန်းဟာ လူကြီးတွေဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းဘဲ။သူ့ အလှနဲ့ သူ အားလုံးလှကြပါတယ်။ ကျွန်မတို့  လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့  ပိုပြီးလိုအပ်တယ်။ဘာဘဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး။သူတို့ မှာ ကျွန်မတို့ နဲ့  မတူတဲ့ စိတ်ကူးစိတ်သန်းဆိုတွေ ရှိနေကြတယ်လေ။လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတတစ်ခုပါဘဲရှင့်။အဲဒီစိတ်ကူးစိတ်သန်းတွေကို ဖျက်စီး မပစ်ဖို့ ဘဲလိုတယ်။လူငယ်တွေရဲ့ အိပ်မက်တွေကို တည်ဆောင်ပေးရခြင်းဟာ နိုင်ငံတစ်ခုရဲ့ တာဝန်ဘဲရှင့်"
"ခင်ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေးခွန်းတွေရဲ့ အဖြေတွေကို စနစ်တကျ ဖြေတတ်တယ်နော်"
"စာဖတ်လို့ ပါ"
"ဘယ်စာတွေ ဖတ်သလဲ"
"အစုံဖတ်တယ်။အားရင် ကျွန်မက စာဖတ်တယ်"
" ဒါနဲ့ မေးရဦးမယ် . အိုဘားမားကို နှစ်သက်သလား"
"နှစ်သက်ခဲ့ ပါတယ်"
"နောက်ထပ်တစ်ကြိမ်အတွက် ထပ်ပြီး နှစ်သက်ပါဦးမလား"
"ဒါကတော့ မပြောနိုင်ဘူးရှင့် ၊ သူ့ အပြောနဲ့ သူ့ အလုပ်စောင့်ကြည့်ရမှာဘဲ။အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့။အပြောတခြား အလုပ်တခြား ဆိုရင်လည်း တစ်မျိုးပေါ့လေ"
"သမ္မတကြီး နဲ့  ခင်ဗျား နဲ့  တိုင်းပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ "
"တိုင်းပြည်အတွက် ဆိုရင်တော့ သူရော၊ကျွန်မရော ၊ရှင်ရော ၊ဒီနိုင်ငံမှာရှိတဲ့  လူတွေ အားလုံး အတူတူဘဲ အရေးကြီးတယ်။ရှင့်မေးခွန်း တစ်ခုခုလိုနေသလိုဘဲ။ဒီနိုင်ငံမှာနေ၊ဒီမြေ၊ဒီရေ၊ဒီလေနဲ့ အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် အားလုံးအရေးကြီးတယ်။အားလုံး အရေးပါတယ်။အားလုံးကောင်းမှ အားလုံးကောင်းမှာပါ။တစ်ဦးတစ်ယောက် ၊ တစ်သင်းတစ်ဖွဲ့  ကောင်းနေရုံနဲ့ အားလုံးမကောင်းနိုင်ပါဘူး"
"အောရိုက်စ်၊ကောင်းလိုက်တဲ့  အဖြေဗျာ။ နောက်ဆုံး မေးခွန်း တစ်ခု မေးပါရစေ။"
"မေးပါ"
"သမ္မတကြီးနဲ့  ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီး တာဝန်ရှိသလဲ"
"ဒါကလည်း ရှင်းရှင်းလေးပါ။ ကျွန်မက ပိုပြီး တာဝန်ရှိတာပေါ့။"
"ဘာကြောင့်လဲဗျ။ခင်ဗျား အဖြေက တစ်မျိုးကြီး ပါလား။"
"ဟုတ်တယ်ရှင့် ... သမ္မတတို့  ၊ ၀န်ကြီးချုပ်တို့ ၊ အမတ်တို့ ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခြင်းခံရပြီး တာဝန်က အပ်နှင်းခြင်း ခံရသူတွေလေ။ ၄ နှစ်သက်တမ်းအတွင်းမှာ ကို တာဝန်က ရပ်စဲခြင်း ခံရနိုင်တာဘဲ။ နောက်ထပ် ၄ နှစ်ဆိုတာ ဘာမှ မသေချာဘူးလေ။ ကျွန်မတို့ က နိုင်ငံ ၀န်ထမ်း တွေရှင့် ။ ပင်စင် မယူမချင်း အလုပ်လုပ်နေကြရမှာ။ ၀န်ထမ်းကောင်းမှ တိုင်းပြည် ကောင်းမှာရှင့် ။"
"ကျေးဇူးတင်ပါတယ် ခင်ဗျား အဖြေကို သဘောကျပါတယ်"
"ကျွန်မကလည်း ဖြေဆိုခွင့် ရလို့ ကျေးဇူးတင်ပါတယ်"...........(ပြီး)
အရမ်းကောင်းတဲ့  အမေးအဖြေလေးပါ ...ဒီပို့ စ်လေးကို ဖတ်လိုက်ရတဲ့ သူငယ်ချင်းများရော မဖတ်ရသေးတဲ့ သူငယ်ချင်းများ ... မြန်မာပြည်သူ ပြည်သားအပေါင်း မိမိတာဝန်မိမိ သိနိုင်ကြပါစေ...
မှတ်ချက် ။ ။ တစ်ခါတစ်ရံတွင် လူတို့ သည် ကိုယ့်တန်ဖိုး ကိုယ်မသိကြ။ကိုယ့်နေရာ ကို ကိုယ်တန်ဖိုးမထားတတ်ကြ ။ ကိုယ့်တာဝန် ကို ကိုယ် မသိကြပါ။ နော်အယ်မူးဖော














0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။