.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Thursday, May 31, 2012

ပညာ(သို့) အလင်းရောင်

ပညာ ဆိုတာ အလင်းရောင်လို့ ဆိုလိုပါတယ်.လောကမှာ အလင်းကို လိုချင်လျှင် အနည်းဆုံး အကြောင်းတရားသုံးခုရှိရပေသည်။ မီးဖြစ်စေရန် လောင်စာ လောင်စာကိုလောင်ကျွမ်းစေရန် လုံလောက်
သောစွမ်းအား ထိုအကြောင်းတရားနှစ်ခုကို အထမြောက်စေရန် ပြုလုပ်ခြင်း(သို့မဟုတ်) ပြုလုပ်ပေးနိုင်
သော အကြောင်းတရား ဆိုပြီး အနည်းဆုံး သုံးမျိုးပြည့်စုံရပေသည်။ ဥပမာ။ ။တောမီးလောင်သည်
ဆိုပါစို့ ခြောက်သွေ့သော သစ်ကိုင်းအခြင်းခြင်း ပွတ်တိုက်ကာ အပူကိုဖြစ်ပေါ်စေပြီး ထိုအပူကြောင့်ပင်
မီးတို့လောင်ကျွမ်းရပေသည်။ ထိုဖြစ်စဉ်တွင် လောင်ကျွမ်းစေနိုင်သော လောင်စာမှာ သစ်ကိုင်းခြောက်များ
ဖြစ်ပြီး လောင်ကျွမ်းစေနိုင်သော စွမ်းအားမှာ ပွတ်တိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အပူဖြစ်ပြီး ထိုသစ်
ကိုင်း အခြင်းခြင်း ပွတ်တိုက်စေရန် ပြုလုပ်ပေးနိုင်သော အကြောင်းတရားမှာ လေတိုက်ခြင်းပင်ဖြစ်ပေ

သည်။ ထိုကဲ့သို့ပင် လူတို့တွင်လည်း ပညာတည်းဟူသော အလင်းရောင်ကို ဖြစ်ပေါ်စေရန် အကြောင်း
တရား အနည်းဆုံး သုံးမျိုးရှိရပေသည်။ပညာတည်းဟူသော အလင်းရောင်ကို ဖြစ်ပေါ်စေရန် လုံလောက်
သော လောင်စာမှာ အာရုံ ငါးပါး ဖြစ်ပြီး ထိုအာရုံတို့ကို အကြောင်းပြုပြီး လုံလောက်သော စွမ်းအားမှာ
အသိဥာဏ် ဖြစ်ပြီး အထမြောက်စေရန် ပြုလုပ်ခြင်း (သို့မဟုတ်) ပြုလုပ်ပေးနိုင်သော အကြောင်းတရား
ဆိုသည်မှာ သတိပင်ဖြစ်ပေသည်။ အကြင်သူသည် အာရုံတို့ကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာသော အသိ
ဥာဏ်တို့ကို သတိကို အသုံးချပြီး ပြုလုပ်ခြင်းဖြင့် ပညာတည်းဟူသော အလင်းရောင်တို့ကို ဖြစ်ပေါ်စေ
ကာ သံသရာတည်းဟူသော အမိုက်မှောင်အတွင်းမှ လွတ်ကင်းနိုင်အောင် အားထုတ်နိုင်ပေသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More