၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ ပါး

၂။ နေထိုင်ရေး မင်္ဂလာ ၃ ပါး

၃။ သင်ကြားရေး မင်္ဂလာ ၄ပါး

၎။ ပြုစုရေး မင်္ဂလာ ၃ ပါး

၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄ ပါး

၆။ ရှောင်ကြဉ်ရေး မင်္ဂလာ ၄ ပါး

၇။ စိတ်ထားရေး မင်္ဂလာ ၅ ပါး

၈။ သည်းခံရေး မင်္ဂလာ ၄ ပါး

၉။ ခြိုးခြံရေး မင်္ဂလာ ၄ ပါး

၁၀။ စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာ ၄ ပါး

......................
ကြာသာပတေးနေ့ ။ ။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဋ္ဌာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းဆိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ ကိန်းပါကို။
သောကြာနေ့ ။ ။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြူံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဓိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို။
တနင်္လာနေ့ ။ ။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။
ဗုဒ္ဓဟူးနေ့ ။ ။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍ ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။
စနေနေ့ ။ ။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့တွင်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။
အင်္ဂါနေ့ ။ ။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊
ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။
တနင်္ဂနွေနေ့ ။ ။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်၊ ကြွင်းတယ်ကို။
ဆုတောင်း ။ ။ ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊
မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ၊
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ၊ ချမ်းသာကိုပေး ဆက်ဆံရေး၊
မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ နေထိုင်ရေး မင်္ဂလာ ၃ ပါး
ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ၊
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှု အထူး ရှိပါစေ၊ မိမိကိုယ်ကို
ကောင်းအောင် ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ၊ ဥစ္စာကိုပေး နေထိုင်ရေး၊
မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃။ သင်ကြားရေး မင်္ဂလာ ၄ပါး
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ
ရှိပါစေ၊ အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ၊
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ၊
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ
ကမ္ဘာ့မင်္ဂလာတွေ။

၎။ ပြုစုရေး မင်္ဂလာ ၃ ပါး
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ၊ ကြွေးသစ်ချကာ သားနှင့်မယား၊
မြှောက်စားချီးမြှင့် ၀တ်ကုန်စေ၊ အလုပ်တာဝန် မလစ်ဟင်းနှင့်၊
အပြစ်ကင်းအောင် လုပ်ပါလေ၊ စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေး
သုံးချက်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄ ပါး
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ
လှုနိုင်စေ၊ ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကြင့်ပါလေ၊
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ၊
သန့်စင်ပြစ်မျိုး လူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ
ကမ္ဘာ့မင်္ဂလာတွေ။

၆။ ရှောင်ကြဉ်ရေး မင်္ဂလာ ၄ ပါး
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က
ရှောင်ကြဉ်လေ၊ တွေ့ကြုံလာရင် မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ၊ လုပ်ကိုင်ပြောကြား
သတိထား၊ တရားမမေ့စေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၇။ စိတ်ထားရေး မင်္ဂလာ ၅ ပါး
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား
ရိုသေလေ၊ မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ်ချ အမြဲနေ၊ လောဘအပို
အလိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊ ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊
အထူးသိတတ်စေ၊ ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ၊ အဲဒါမှ .....
ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၈။ သည်းခံရေး မင်္ဂလာ ၄ ပါး
ဝတ် စား နေထိုင် ရန်ခပ်သိမ်း၊
စိတ်ကိုချုပ်ထိန်း သည်းခံလေ၊ ကျိုးကြောင်း ပြညွှန် ဆုံးမစကားကို၊
ပြောကြားလာက နာလွယ်စေ၊ သူမြတ်ပုဂ္ဂိလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ၊ သဘာဝတွေး
မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၉။ ခြိုးခြံရေး မင်္ဂလာ ၄ ပါး
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့
ခြိုးခြံလေ၊ မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကြင့်ထုံး
ယွင်းမသွေ၊ လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကျိုးစားလေ၊
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ
ကမ္ဘာ့မင်္ဂလာတွေ။

၁၀။ စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာ ၄ ပါး
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ
လူတိုင်းပေ၊ ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လှဲ့စီလှည့် အမြဲနေ၊
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊ သောကကိုထိန်း
ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊
လိုက်နာကြင့်သုံးပန်သူတွေ၊ စီးပွားချမ်းသာ ကျက်သရေတိုးလို့၊
ကောင်းကျိုးစည်ပွင့် တဝေေ၀၊ ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော
ကိုယ်ရော ချမ်းသာမလေ၊ ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ၊
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ ပန်းခိုင်တွေ။

......................
ကြာသာပတေးနေ့ ။ ။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဋ္ဌာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းဆိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ ကိန်းပါကို။

သောကြာနေ့ ။ ။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြူံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဓိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို။

တနင်္လာနေ့ ။ ။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

ဗုဒ္ဓဟူးနေ့ ။ ။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍ ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။

စနေနေ့ ။ ။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့တွင်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

အင်္ဂါနေ့ ။ ။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊
ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။

တနင်္ဂနွေနေ့ ။ ။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်၊ ကြွင်းတယ်ကို။

ဆုတောင်း ။ ။ ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။