အလှူရှင်များ နှင့် ဒါနအကျိုးတော်ဆောင် လူငယ်များခင်ဗျား........
မနက်ဖြန် ၀၁.၀၅.၂၀၁၂ (အလုပ်သမားနေ့) ရေ အလှုသွားရန် မဖြစ်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လှူမည်လို့ သတ်မှတ်ထားသော ကံသာရွာနှင့် ရေကျော်ရွာတို့တွင် ယနေ့ညနေ ၆ နာရီ ဖုန်းဆက်မေးမြန်းချက်အရ မိုးအရမ်းရွာသွန်းနေပါ သဖြင့် လမ်းတော်တော်ဆိုးသွားပါသည်။ ကားသွားရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။ ရွာခံကားများလည်း ယနေ့ မထွက်နိုင်ပါဟုသိရပါသည်။ ထိုရွာ ၂ ရွာတွင် မိုးရွာသွန်းပါသဖြင့် သောက်သုံးရေ အနည်းငယ် ရလိုက်သည်ဟုလည်းသိရပါသည်။ ရွာလူကြီးမှ လမ်းကောင်းလျှင် သွားလာလို့ရလျှင် အကြောင်းကြားပါမည်ဟုပြောပါသည်။ သို့ဖြစ်ပါသဖြင့် မနက်ဖြန် ရေလှူရန် အစီအစဉ်အား ရွေ့ဆိုင်းလိုက်ပါသည်။

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။