.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Tuesday, February 7, 2012

စင်ကာပူနိုင်ငံမှ ဘဏ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၆၀ ကျော် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်မည်

7194
ပြင်ဦးလွင် ခရိုင် View Point အနီးမှ ဖြတ်သန်း သွယ်တန်းလျက် ရှိသည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့
ပိုက်လိုင်းသွယ်တန်းသည့် လုပ်ငန်းခွင်အား ဇန်န၀ါရီလ နောက်ဆုံးပတ်က တွေ့ရစဉ်
စင်ကာပူနိုင်ငံမှ ဘဏ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၆၀ ကျော် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
စင်ကာပူကုမ္ပဏီ ၆၀ ကျော် အားSingapore Business Federation(SBF)မှ ဥက္ကဋ္ဌ Mr.Tony Chew ဦးဆောင်လာရောက်မည် ဖြစ်ပြီး လုပ်ငန်းရှင် ၁၂၀ ပါဝင်လာမည် ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ် အစည်းအဝေးခန်းမတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံကာ ကုန်သွယ်မှုများအတွက် ဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ MICC ၌ စင်ကာပူ-မြန်မာ ရင်းနှီးမြှုပ်နှံမှု (Singapore- Myanmar Investment Conference) ကို ကျင်းပကာ ရင်းနှီးမြှုပ်နှံမှုများ ဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားမည်ဟု သိရှိရ သည်။
“မကြာသေးခင်က နိုင်ငံတော် သမ္မတကြီး စင်ကာပူခရီးစဉ် သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ စင်ကာပူ SBF က တာဝန်ရှိသူတွေ နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်။ စင်ကာပူ က မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုရော၊ မြှုပ်နှံမှုရောတိုးမြှင့်ချင်တဲ့အတွက် လာရောက်ဆွေးနွေးဖို့ ပြောပြီး အခု ခရီးစဉ် ဖြစ်ပေါ်လာတာပါ။ အခုလာမယ့် စင်ကာပူစီးပွားရေးအဖွဲ့ဟာ စင်ကာပူနိုင်ငံမှာ စီးပွားရေးဆိုင်ရာမှာ အမြင့်ဆုံးအဖွဲ့ဖြစ်ပါတယ်။ လုပ်ငန်းရှင်၁၂၀ ပါဝင်လာမှာပါ။ မြန်မာနိုင်ငံနဲ့ ပိုပြီး ကုန်သွယ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ လာရောက်မှာပါ။ အရင်ကတော့ စင်ကာပူက မြန်မာနိုင်ငံရဲ့ နိုင်ငံခြား မြှုပ်နှံမှုစာရင်းမှာ နံပါတ်တစ်နိုင်ငံ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဟောင်ကောင်နိုင်ငံတွေက ကျော်တက်သွားတဲ့အတွက် အဆင့်ခြောက်နေရာ ရောက်သွားပါတယ်။ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ မြှုပ်နှံထားပါတယ်။ အခုထပ်ပြီး မြှုပ်နှံဖို့အတွက် လာရောက်တာပါ”ဟု RUMFCCI ၏ တွဲဖက်အတွင်းရေးမှူး
ဦးအေးလွင်က ပြောကြားခဲ့သည်။
စင်ကာပူကုမ္ပဏီ ၆၀ ကျော် တွင် ဘဏ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ သယ်ယူပို့ဆောင်ရေး၊ သင်္ဘောလိုင်း၊ သတ္တုတူးဖော်ရေး၊ ဆောက် လုပ်ရေး၊ အင်ဂျင်နီယာ၊ ဆေးနှင့် ဆေးပစ္စည်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တွင် နေပြည်တော်ရှိ MICC  ၌ ကျင်းပမည့် Singapore-Myanmar Investment Conference သို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံမှ ကုမ္ပဏီ ၆၀ ကျော်အနေဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သီလ၀ါဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ လှိုင်သာယာ စက်မှုဇုန်များသို့ပါ သွားရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
စင်ကာပူစီးပွားရေးအဖွဲ့တွင် ကုန်စည်ဖြန့်ဖြူးသည့် ကုမ္ပဏီလေး ခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ ၁၀ ခု၊ ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၅ ခု၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်း ကုမ္ပဏီ ၁၆ ခု၊ သယ်ယူပို့ဆောင် ရေးကုမ္ပဏီခြောက်ခု၊ ပညာရေးကုမ္ပ ဏီငါးခု၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး ကုမ္ပဏီသုံးခု၊ ဟိုတယ်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်း ကုမ္ပဏီများ ပါဝင်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတကာမှ လာရောက် မြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ကျော်အထိ ရှိကြောင်း၊ တရုတ်နိုင်ငံမှ ၁၄ ဘီလျံနီးပါးမြှုပ်နှံကာ နံပါတ်တစ် မြှုပ်နှံသည့်နိုင်ငံ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More