.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Thursday, February 23, 2012

ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက်က နှင်းများ ထူထပ်စွာကျရောက်ခဲ့မှုကြောင့်ဟုဆိုကာ ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်ချိန်များ ရွှေ့ဆိုင်းခဲ့ရ

၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက်က ရန်ကုန်မြို့တွင် နှင်းများထူထပ်စွာ ကျရောက်ခဲ့မှုကြောင့်ဟုဆိုကာ ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်ချိန်များ  ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်းရရှိပါသည်။
ယင်းကဲ့သို့ လေယာဉ်ချိန်များ ရွှေ့ဆိုင်းခဲ့ရမှုကြောင့် ရန်ကုန်လေဆိပ်မှထွက်ခွာမည့် ပြည်တွင်း ပြည်ပလေကြောင်းလိုင်းများမှ လေယာဉ်အစီး ၂၀ခန့် ထွက်ခွာချိန် နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး ခရီးသည်များမှာ လေဆိပ်အတွင်း၌ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
''ဒီနေ့မနက်မှာ နှင်းတွေအရမ်းကျလို့ လေယာဉ်ချိန်တွေ Delay ဖြစ်ခဲ့တာပါ။ အနည်းဆုံးထွက်ခွာမယ့် အချိန်ထက် ၃နာရီ လောက်နောက်ကျပြီးမှ ထွက်ခွာနိုင်ခဲ့ပါတယ်'' ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၃ရက်နေ့ နေ့လည် ၁၂နာရီခန့်က ပြောပြခဲ့ပါသည်။

ယင်းသို့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ချိန်များ Delay ဖြစ်ခဲ့ရာတွင် မြန်မာ့လေကြောင်းမှ နံနက် ၆နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည့် ရန်ကုန်-မန္တလေး-ဗန်း မော်-မြစ်ကြီးနားလေယာဉ်သည် နံနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင်မှ ထွက်ခွာနိုင်ခဲ့ပြီး အခြားပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်များသည်လည်း ထွက်ခွာချိန် အနည်းဆုံး ၃ နာရီမှ ၅နာရီခန့်အထိ ကြာမြင့်ပြီးမှ အသီးသီးထွက်ခွာနိုင်ခဲ့ကြောင်း သိရပါသည်။

''မနက် ၁၀နာရီ ၄၅ထဲက ရန်ကုန်ကနေ မြစ်ကြီးနားကိုထွက်မယ့် လေယာဉ်က အခု ၁နာရီခွဲအထိ မထွက်ရသေးဘဲ လေဆိပ်ထဲမှာ စောင့်နေရတုန်းပါ'' ဟု ဖေဖော်ဝါရီ ၂၃ရက်နေ့က ရန်ကုန်မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦးက နေ့လည် ၁နာရီခွဲခန့်က ပြောပြခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် မန္တလေးမှ မြစ်ကြီးနားသို့ Asian Wings လေကြောင်းလိုင်းဖြင့် သွားရောက်မည့် ခရီးသည်တစ်ဦးကလည်း ''နေ့လည် ၁၂နာရီ ၄၀ ထဲက ထွက်ရမယ့် လေယာဉ်က ညနေ ၃နာရီမှပဲ ထွက်နိုင်မယ်လို့ ကြေညာပါတယ်။ မနက် ၁၁နာရီ ၁၅ထဲက လေဆိပ်ထဲရောက်တာ ခုထိ လေဆိပ်ထဲမှာပဲ စောင့်နေရတုန်းပါ'' ဟု နေ့လည် ၁နာရီခွဲခန့်က ပြောပြခဲ့ပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More