.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Sunday, February 12, 2012

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့ မြို့မဈေးကြီး မီးလောင်မှုမြင်ကွင်း
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြန်မာတစ်နိုင်ငံလုံးတွင် အနည်းဆုံး သုံးကြိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်အတွင်း ရုံးကြီးလမ်း အာစီသုံးထပ်တိုက်ရှိ ပထမထပ်တွင် အိပ်ခန်းအတွင်မှ မွေ့ယာပေါ်တွင် ထွန်းထားသော ခြင်ဆေးခွေမှ တစ်မီး နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်က လောင်ကျွမ်းခဲ့ကြောင်း သိရသည်။     မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် ခုနစ်စီး၊ အုပ်ချုပ်မှုယာဉ် ၃စီးဖြင့် မီးကိုငြိမ်းသတ်နိုင်ခဲ့ကြောင်း ၊အဆိုပါမီးလောင်ကျွမ်းမှုကြောင့်  ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်၅၀၀၀၀ခန့်ရှိပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်စေသော အိမ်ရှင်အား ပုဒ်မ-၂၈၅ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ရခိုင်ပြည်နယ် သံတွဲမြို့တွင်လည်း နံနက် ၅ နာရီအချိန်ခန့်က မြို့မဈေးကြီးတွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း  ၄၀၀ ကျော် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “မီးကဘယ်က စလောင်တယ်ဆိုတာ မသိရသေးဘူး။ လောင်တာက မနက်စောစော ငါးနာရီကတည်း က စလောင်တာ။ အများစုကတော့ လျှပ်စစ်မီးကြောင့်လို့ ပြောနေကြတယ်။ ဈေးတွင်းမှာ လျှပ်စစ်မီးက ညနေ ၅ နာရီဆိုရင် မီးပိတ်ပြီး မနက် ၇ နာရီမှ ဖွင့်တာ။ ဈေးတစ်ခုလုံးနီးပါးလို့လည်း ဆိုနိုင်တယ်။ လောင်တာက ဘာမှမကျန်လိုက်ဘူး'' ဟု ဒေသခံတစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းရာတွင် ဈေးမျက်နှာစာက ဈေးဆိုင်တန်းတစ်ခုနှင့် အင်္ဂလိပ်ခေတ်က ဆောက် ထားခဲ့သည့် အဆောက်အဦးများသာ မီးလွတ်ခဲ့ပြီး ကျန်ဆိုင်တန်းများမှာ မီးထဲပါဝင်သွားကြောင်းလည်း သိရ သည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဟိုတယ်ဇုန်သွား လမ်းမကြီးဘေးရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်မှ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းဘေးရှိ စက်သုံးဆီ ရောင်းချသော ဆိုင်အမှတ် ၀၃၅၄ တွင် ဂါလံ (၁၆၀၀)ဆံ့ ဆီဘောက်ဆာ ဒ/၃၂၅၅ ကားမှ မြေအောက် ဆီသိုလှောင်ကန်သို့ ဆီချနေစဉ် နေအပူရှိန်ကြောင့် ရုတ်တရက် မီးထလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းဆီဆိုင်မှ ဒုတိယမန်နေဂျာ ဦးမြင့်အောင် မီးလောင်ဒဏ်ရာရရှိကာ ဆီဘောက် ဆာကားတစ်စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရပါသည်။
''ဒါမျိုးမီးလောင်မှုတွေက ဖြစ်ပွားတတ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုပူပြင်းတဲ့ရာသီ ရောက်လာပြီဆိုရင် ဆီဆိုင်တွေမှာ ဆီထည့်မယ်ဆိုရင် နံနက် ၁၀ နာရီ နဲ့ ၁၁ နာရီကြားထည့်တာ အကောင်းဆုံးပဲ။ အခုလောင်တဲ့ပုံစံက နေ့ခင်း ၁ နာရီလောက်မှ ဒီဘောက်ဆာကား က ဆီထည့်တယ်ဆိုတော့ လောင်စာရယ်၊ အပူရယ်၊ လေရယ်ပွတ်တိုက်မှုအားကောင်းပြီး မီးထလောင်တဲ့ ပုံစံမျိုးပါပဲ။ အခုဆုံးရှုံးသွားတာက ကားထဲမှာကျန်တဲ့ ဓာတ်ဆီဂါလန် ၇၀၀ လောက်နဲ့ ဆီဘောက်ဆာ တစ်စီးပဲ ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ဒဏ်ရာရတဲ့ မန်နေဂျာကတော့ ကျွန် တော်တို့ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကြီးကို ချက်ချင်းပို့ခဲ့ပါတယ်'' ဟု နေပြည်တော် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ဆိုင် အမှတ် ၀၃၅၄ တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၎င်း၏ဆုံးရှုံးမှုများမှာ ဂါလံ (၁၆၀၀)ဆံ့ ဘောက်ဆာကား တစ်စီး၊ ဓါတ်ဆီဂါလံ(၇၀၀)နှင့် ၎င်းဆိုင်ဝန်းအတွင်းရှိ အဆောက်အဦးတစ်ခု ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ၎င်းဆိုင်အမှတ် ၀၃၅၄ စက်သုံးဆီအရောင်းဆိုင်တွင် ဓါတ်ဆီ၊ ဒီဇယ်၊ အောက်တိန်းဆီနှင့် ၉၂ ဆီ မြေအောက်ဆီသိုလှောင်ကန် လေးကန်ရှိပြီး ကန်တစ်ကန်တွင် ဂါလန် ၆၄၀၀ ဆံ့ကြောင်း သိရှိရသည်။ စက်သုံးဆီ အရောင်းဆိုင်အမှတ် ၀၃၅၄ မီးလောင်မှုဖြစ်ပွားရာ ၁း၁၀ နာရီ မီးစလောင်ကျွမ်းခဲ့ပြီး ၁း၃၀ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ရာ မီးသတ်ယာဉ်အစီးရေ ၃၂ စီး၊ ရေကား ၁၃ စီး၊ သန္ဓေ ၁၀၂ ဦး၊ အရန်မီးသတ် ၃၀ ဦးတို့ဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More