.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Friday, January 6, 2012

ကြိုးဖုန်းတစ်လုံး ခြောက်သိန်းခွဲဖြင့် အကန့်အသတ်ချထားပေးမည်

မန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁၀သိန်းခွဲဖြင့် တပ်ဆင့် အသုံးပြုပေးလျက်ရှိသော ကြိုးဖုန်းများကို မေလ ၂၅ ရက်နေ့မှစ၍ ကျပ်ခြောက်သိန်းခွဲဖြင့် အလုံးရေ အကန့်အသတ် မရှိ ချပေးမည် ဖြစ်ကြောင်း
နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အော်တို တယ်လီဖုန်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဟုတ်က မေလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ “တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ချပေးတာပါ။ သက်ဆိုင်ရာ ဌာနတွေမှာ အရင် လျှောက်သလိုပဲ လျှောက်ရင် ရပါတယ်” ဟု ဆိုသည်။ ယင်းကြိုးဖုန်းများ လျှောက်ထားရာတွင် သန်းခေါင် စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူနှင့် ဖုန်းလျှောက်လွှာ တစ်စောင်ရေး၍ အော်တို အိတ်ချိန်းရုံးတွင် လျှောက်ထားရပြီး အနည်းဆုံး သုံးလ အကြာတွင် ရရှိကြောင်း၊ ဈေးကွက် ပေါက်ဈေးမှာ ၁၁ သိန်းရှိကြောင်း ဖုန်းလျှောက် ထားသူများထံမှ သိရသည်။ ယင်း ကြိုးဖုန်းလိုင်းများသည် ၁၉၈၈ ခုနှစ်တွင် တယ်လီဖုန်း ရိုးရိုးလိုင်း အင်အား ၇၄၈၈၅ လိုင်းရှိရာမှ ၂၀၁၀ သြဂုတ်လတွင် ဒစ်ဂျစ်တယ် တယ်လီဖုန်းလိုင်း အင်အား ၂၁၇၂၄၃၄ လိုင်းအထိရှိကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် တရားဝင် ထုတ်ပြန်ထားသည်ဟု ၂၀၁၁ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More