.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Monday, January 30, 2012

မြန်မာ မျောက်နှာလန် မျိုးဆက်သစ် တွေ့ ရှိ

ကချင်ပြည်နယ်၊ အရှေ့မြောက်ပိုင်း တောင်ပေါ်သစ်တောများ၌ ထောင်ထားသော ကင်မရာထောင်ချောက်များ၏ အကူအညီဖြင့် မြန်မာ မျောက်နှာလန် မျိုးစိတ်သစ် ကို တွေ့ရှိခဲ့ရကြောင်း BANCAအသင်း၊ မြန်မာမျောက်မျိုးစိတ် ထိန်းသိမ်းရေးစီမံချက် မန်နေဂျာ ဦးငွေလွင်က ပြောသည်။အဆိုပါ မျောက်မျိုးစိတ်အသစ်ကို မြစ်ဆုံရေကာတာ
စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်(EIA) ပြုလုပ်နေစဉ်က
သတင်းရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် BANCAအသင်းသည် FFI နှင့် PRCF တို့မှ ဇီဝဗေဒပညာရှင်များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သော မျောက်လွှဲကျော်လေ့လာရေး စီမံချက်အတွင်း မြန် မာပြည်မြောက်ပိုင်း မေခမြစ်၏ လက်တက်တစ်ခု ဖြစ်သော မော်ချောင်း
ဧရိယာအတွင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာမျောက်နှာလန် မျိုးစိတ် အသစ်ကို တွေ့ရှိရသောဧရိယာ သည် ၂၇ဝ စတုရန်းကီလို
မီတာ ကျယ်ဝန်းပြီး အနိမ့်ဆုံး မီတာ ၁၆ဝဝ နှင့် အမြင့်ဆုံးမီတာ ၃ဝဝဝ ကျော် ရှိသော နေရာများတွင် နေထိုင်ကြောင်း၊ လပေါင်းများစွာ ကွင်းဆင်းလေ့လာမှုများနှင့် မုဆိုးများကို မေးမြန်းသိရှိချက်များအရ မျောက်မျိုးစိတ်အသစ်ကောင်ရေ ၂၆ဝ နှင့် ၃၃ဝ ကြားတွင်ရှိကြောင်း ဦးငွေလွင်က ပြောသည်။
”၂ဝ၁ဝ ခုနှစ်ထဲမှာ ခရီးစဉ်စီစဉ်ပြီးတော့ အဲဒီဒေသကိုသွားတယ်။အဓိကကတော့ မျောက်လွှဲ
ကျော်လေ့လာရေးပေါ့။ ဒါပေမဲ့ မျောက်နှာလန် သတင်းကလည်း ကြား ထားတော့ နှစ်မျိုး
စလုံးကို လုပ်ဖြစ်တယ်။ ရွာပေါင်း ၃ဝ ကျော်မှာ အင်တာဗျူး လေ့လာမှုတွေ လုပ်တယ်။ ပထမဆုံး ဦးခေါင်းခွံနှစ်ခုနဲ့ အရေခွံအပိုင်းအစတစ်ခု ရတယ်။ မတ်လထဲကျမှ မုဆိုးတွေဆီက အသေကောင်ကို ရတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ထို့နောက် မှတ်တမ်းတင် ဓာတ်ပုံများကို မျောက်မျိုးစိတ်ကျွမ်းကျင်သူများထံ ပေးပို့တိုင်ပင်ခဲ့
သဖြင့်၊ မြန်မာမျောက်နှာလန် မျိုးစိတ်အသစ် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာမျောက်နှာလန် မျိုးစိတ်သစ်နှင့် ပတ်သက်၍ BANCAအသင်း၊ ဥက္ကဋ္ဌဒေါက်တာ ထင်လှကလည်း ”ကျွန်တော်တို့ ဒီမျောက်မျိုးတွေ မျိုးပြုန်းမပျောက်ကွယ် အောင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလျင်အမြန်လုပ်ဖို့လိုအပ်နေပါတယ်။ အမဲလိုက်ခြင်းတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် နေထိုင်ရာဒေသ ပျောက်ဆုံးခြင်းစတဲ့ မျိုးပြုန်းစေ ရန် ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေကြတယ်”ဟု ပြောသည်။
ထို့အပြင် ၄င်းမျောက်မျိုးစိတ် အသစ်အား မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်ရန် လုပ်ငန်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာန၊ ဒေသအာဏာပိုင်များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်သွားရန် BANCA နှင့်FFI တို့မှ ဆုံးဖြတ်ထားကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် မျောက်နှာလန် မျိုးစိတ်လေးမျိုးကို တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်သာ တွေ့ရှိ ခဲ့ပြီး မျောက်နှာလန်အားလုံးမှာ ရှားပါးမျောက်မျိုးစိတ်များ စာရင်း ဝင်ဖြစ်ကြကြောင်း၊ မျောက်နှာလန်မျိုးစိတ် လေးမျိုးရှိနေရာမှ မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်၌ မျောက်နှာလန်မျိုးစိတ် အသစ်တစ်မျိုး ထပ်မံတွေ့ရှိခဲ့သဖြင့် မျောက်နှာလန် မျိုးစိတ်ပေါင်းငါးမျိုး ဖြစ်လာကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More