.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Saturday, January 21, 2012

ကိုယ်စားလှယ်လောင်း ဇေယျာသော်


Popular News — ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်းဒေသ ကြီး၊သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲရုံကိုယ်စား လှယ်တစ်ဦးအဖြစ်နဲ့ ပါဝင်လေ့လာခဲ့ဖူးတဲ့ ဟစ်ဟော့ပ် အဆိုတော်ရသက ၂ဝ၁၂ ခုနှစ်၊ ဧပြီလ၁ရက်နေ့မှာကျင်းပ ပြုလုပ်မယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီပါ တီသစ်မှလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေမှ ဝင် ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ သိရပါတယ်။

နောက်ပြီး တော့မြန်မာနိုင်ငံဟစ်ဟော့ပ်ဂီတသမိုင်းကိုရှေးဦးစွာရေးထိုး စိုက်ထူခဲ့တAcidအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ဇေယျာသော်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ်လို့ သိရ တာကြောင့် ဆက်သွယ်မေးမြန်းတဲ့အခါ”ပုဗ္ဗသီရိမှာ ကျွန် တော့်အနေနဲ့ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်နိုင် မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော့်ကို ပါတီကနေ ရွေး ချယ်ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်ကို ဒီနေရာကနေ ဝင်ရောက်ယှဉ် ပြိုင်စေချင်တယ်ဆိုပြီး ပါတီကမူဝါဒတစ်ခု၊ ကြေညာချက်တစ်ခုနဲ့ တာဝန်ပေးအပ်လိုက်တာ၊ အဲဒီလို တာဝန်ပေးအပ်လိုက်တဲ့အတွက်ကြောင့် ကျွန်တော်က အခုလောလောဆယ်မှာ ခရိုင်ကော်မရှင်ရုံးကိုသွားပြီး လျှောက်လွှာတင်ဖို့တွေရှိပါသေးတယ်။ အဲဒီအဆင့် တွေ ပြီးသွားပြီဆိုတော့မှသာ အဲဒီမှာရှိနေတဲ့ ပြည်သူလူထုနဲ့ထိ တွေ့ ဆက်ဆံခွင့်ရမှာလေ။ လောလောဆယ်အခြေအနေ ကတော့ ကျွန်တော့်အနေနဲ့ ရှေ့မှာ ကြိုပြီးသွားခဲ့ဖူးတဲ့တစ် ခေါက်ကလွဲရင် အဲဒီမှာရှိနေတဲ့ နယ်ခံပြည်သူ လူထုနဲ့ထိ တွေ့ဆက်ဆံနိုင်ခြင်းတော့ မရှိသေးပါဘူး။
မူဝါဒပိုင်း ကတော့ကျွန်တော်တစ်ဦးတည်းအနေနဲ့ပြောလို့အဆင်မပြေ သေးဘူး။ ဝင် ရောက်ယှဉ်ပြိုင်မယ့် ၄၈ဦးစလုံးဆုံပြီးသွား တဲ့အချိန်ကျတော့မှ ကျွန်တော့်အနေနဲ့ ဘယ်လိုမူဝါဒ၊ ပုံစံမျိုးချမှတ်ထားတယ်ဆိုတာ ပြောလို့ရမှာပါ။ ဒီနေရာမှာ အနုပညာရှင်ဖြစ်ခြင်း၊မဖြစ်ခြင်းဆိုတာထက် အဲဒီမြို့နယ် မှာ နေထိုင်တဲ့ ပြည်သူလူထုရဲ့ကောင်းကျိုးကို ဘယ် လောက်ဆောင်ရွက်နိုင်မလဲဆိုတဲ့ အပေါ်မှာသာမူတည် တာပါ။ ကျွန်တော့်အပေါ်မှာလည်း ဘယ်လောက်ယုံ ကြည်ချက်ထားတယ်၊ ဘယ်လောက်မျှော်လင့်ချက်ထား တယ်ဆိုတဲ့အပေါ်မှာလည်း မူတည်မယ်လို့ ထင်ပါတယ်။ကျွန်တော့်အနေနဲ့အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာ ပါ။ အကြောက်တရား ကင်းကင်းနဲ့မိမိနေထိုင်တဲ့မြို့နယ် တွေရဲ့ အကျိုးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် နိုင်တယ်လို့ထင်တဲ့သူတွေကို ရွေးချယ်ကြပါ”လို့ ဇေယျာ သော်ကပြောပြခဲ့ပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More