.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Thursday, January 26, 2012

ငါးရှဉ့်ကြော်


ဒါကတော့ ငါးရှဉ့်ကြော်လေးပါ။ ၀တ်ရည်ချက်နည်းနဲ့ လုပ်ထားပေမယ့် ဆိုင်ကအတိုင်း စားလို့ အရမ်းကောင်းပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကို ကြည့်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ငါးရှဉ့်( အသားလွှာပြီသား)– ၃၅၀ ဂရမ်
၂။ ဂျုံမှုန့် – ဆန်ချိန်ခွက် ၃ခွက်စာ
၃။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၎။ ငရုတ်သီးမှုန့် (အနီ) – စားပွဲတင်ဇွန်း ၂ဇွန်း (အစပ်ကြိုက်သူများ ၄ဇွန်းထိ ထည့်နိုင်သည်)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၆။ ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပြီ ဆီနဲ့ကြော်ပေးထားပါ)


ချက်ပြုတ်နည်း
၁။ အရင်ဆုံး အသားလွှာပြီသား ငါးရှဉ့်များကို ရေဆေးသန့်စင်ပြီ ရေခြောက်အောင် ထားထားပေးပါ။

၂။ ပြီးမှ ငါးရှဉ့် ၃စင်တာမီတာ အရွယ်လေးများ လှီပေးပြီ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ရောမွှေထားပါ။
၃။ ထို့နောက် (ဂျုံ၊ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်)တို့ကို ဇလုံတစ်ခုထဲတွင် ရောမွှေလိုက်ပါ။
၎။ ပြီမှ ထိုဇလုံထဲသို့ ငါးရှဉ့်များ ထည့်ပြီ ဂျုံကပ်လိုက်ပါ။

၅။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ငါးရှဉ့်များကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၆။ ထို့နည်းအတိုင်း ကျန် ငါးရှဉ့်များကို ဆက်လက်ကြော်ပေးပါ။

ရ။ အပေါ်က ကြက်သွန်နီကြော်လေးများ ဖြူပေးပပြီ ငါးရှဉ့်ကြော်ကို သုံးဆောင်နိုင်ပါပြီ…
Advertisement

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More