.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Monday, January 23, 2012

မအားလပ်သည့်ကြားမှဖြေကြားပေးခဲ့သောမိုးဟေကို

မိုးဟေကိုက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ ‘မေတ္တာကွန်ရက်’ ဒီဗီဒီဇာတ်ကား မှာ လူမင်း၊ စည်ဖြိုးတို့နဲ့ အတူ သရုပ်ဆောင် နေပါတယ်။ လတ်တလောမှာ ထွက်ရှိ ထား တဲ့ ‘ပန်းတွေနဲ့လွမ်းစေ’ဇာတ်ကားမှာ နေတိုးနဲ့ အတူ သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားထဲ မှာ ဇာတ်ရုပ်သုံးမျိုးကို မိုးဟေကိုက ပိုင်နိုင်စွာ သရုပ်ဆောင်နိုင် ခဲ့ပါတယ်။ ဒီဇာတ်ကား အပြီး ‘ရင်ထဲကအိမ်’ဇာတ်ကားမှာလည်း လူမင်း၊ ခိုင်နှင်းဝေတို့နဲ့အတူ မြန်မာဇာတ်ကား တွေမှာ မြင်လေ့မြင်ထမရှိတဲ့ ဇာတ်ရုပ်မျိုး သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားနှစ်ကားလုံးဟာ ပရိသတ်အကြိုက်နဲ့ထပ်တူညီခဲ့ပါတယ
်။ ဒီ ဇာတ်ကားနှစ်ကားနဲ့ ပတ်သက်ပြီး မိုးဟေကိုက” ‘ပန်းတွေနဲ့လွမ်းစေ’ဇာတ်ကားကို တွေ့ တဲ့လူ တိုင်းက ကြိုက်ကြတယ်။ ကောင်း တယ် လို့ပြောတဲ့အသံလေးတွေ ပြန်ကြားရတော့ ပင်ပန်းရ ကျိုးနပ်တာပေါ့နော်။ အဲဒီ ကားရိုက်တုန်းက ဖျားနေတဲ့အချိန်မှာ ရိုက်ရတာ။ ရိုက်ပြန်တော့လည်း ဇာတ်ရုပ်က သုံးမျိုးဆိုတော့ ဒီနေ့မှာပဲ လူကြီးလုပ်ရ၊ လူ ငယ်ပြန်ဖြစ်လိုက်ရဆိုတော့ တော်တော် ပင် ပန်းပါတယ်။ ပင်ပန်းရကျိုးနပ်အောင်လည်း ပရိသတ်တွေက အားပေးတဲ့အတွက် အမော ပြေတာပေါ့လေ။ ဒါပေမဲ့လည်း ဘယ်တော့မဆို ကိုယ့်ကိုယ်ကိုယ်ကောင်းတယ်လို့ မမြင်ဘူး။ လိုအပ်နေသေးတယ်လို့ပဲမြင် တယ်။ အများကြီးကြိုးစားရပါဦးမယ်။ ဇာတ်လေး ကလည်းကောင်းတယ်။ ကိုယ်လည်းမလုပ်ဖူး သေးတဲ့ ပုံစံမျိုးဆိုတော့ လုပ်ကြည့်တာပါ။ ‘ရင်ထဲကအိမ်’ ဇာတ်ကား တုန်းကတော့ နည်း နည်းစိုးရိမ်တယ်။ ဒါပေမဲ့ ကိုလူမင်းကလည်း ပြောတယ်။ မစိုးရိမ်ပါနဲ့ဆိုတော့ ရိုက်သာရိုက် ရတယ်။ စိုးရိမ်စိတ်ကတော့ အပြည့်ရှိတာ ပေါ့။ ဒါပေမဲ့လည်း ကိုယ်က မတူတဲ့ဇာတ်လေး ရိုက်ကြည့် ချင်တယ်ဆိုပြီး ရိုက်လိုက်တာ။ ဒါပေမဲ့ ထွက်လာတော့လည်း ပရိသတ်တွေ က ကြိုက်ကြတယ်။ နားလည်ပေး ကြတယ်။ အမြင်ဆန်းအောင်လို့ သာတင်ပြလိုက်တာ။ ကိုယ်ကိုယ်တိုင် ကလည်း ရိုက်တဲ့နေ့အထိ စိုးရိမ်နေလို့ ကိုလူမင်းကို အတန်တန်ပြောပါ တယ်။ ကိုလူမင်းက မကြောက်ပါနဲ့တဲ့။ လုပ်စရာရှိတာကို ကောင်းကောင်းမွန်မွန် လုပ်ပါတဲ့။ ပရိသတ်တွေရဲ့ အမြင်မှာ ကိုယ့်ကို ပြန်သနားသွားတာလေးကို မြင်ရတဲ့အတွက် ကိုယ့်ကို ပရိသတ်တွေ ချစ်ပါလားဆိုတာ သိရလို့ ပိုပြီးတော့တောင် ဝမ်းသာပီတိဖြစ် ရတယ်။ ဒီရက်ပိုင်းတွေဆို အလုပ်တွေလည်း ပိနေတယ်။ ကားတွေလည်း ဆက်တိုက်ထွက် လာတယ်ဆိုတော့ တစ်ကားနဲ့တစ်ကားသေ ချာတော့ ပြန်ကြည့်ရတယ်။ ပြန်ကြည့်ရတယ် ဆိုတာ ကိုယ်ဝတ်ထားပြီးသားတွေ၊ကိုယ် လုပ်ပြီးသား အိုက်တင်တွေ၊ ကိုယ်လိုတာတွေ ပြန်ကြည့်ပြီး ကိုယ့်လိုအပ်ချက်တွေ ပြန်ဖြည့် ရတယ်။ မအားပေမယ့်လည်း ကိုယ့်အိပ်ချိန် ကို ဖဲ့ပေးပြီး ဇာတ်ကားတွေပြန်ကြည့်တယ်။ ဒါလည်း ကိုယ့်အတွက် အလုပ်တစ်ခုပဲလေ” လို့ ထွက်ပြီးသား ဇာတ်ကားတွေကို ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့အကြောင်းကို မိုးဟေကိုက ဆိုပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More