.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Saturday, January 21, 2012

မြန်မာ့ ရေ ဖြန့်ဝေထိန်းချုပ်မှု ဈေးကွက် ထိုင်းကုမ္ပဏီ ဝင်ရောက်ရန် စီစဉ်

ထိုင်း အင်ဂျင်နီးယားရင်း ကုမ္ပဏီ တခုဖြစ်သည့် Hydrotek က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အားနည်းကာ ကြီးထွားလာနိုင်ချေ ရှိသည့် ရေထိန်းချုပ် စီမံမှုနှင့် ပတ်သက်သည့် စီးပွါးရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း ပြောခဲ့သည်။

အမှုဆောင် အရာရှိချုပ် ဖြစ်သူ Slib Soongswang က ဘန်ကောက် အခြေစိုက် The Nation သတင်းစာသို့
ပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ထိုင်းနိုင်ငံ အခြေအနေနှင့် ဆင်တူနေသည့်

မြန်မာနိုင်ငံနှင့် လာအို နိုင်ငံများအား အထူးအာရုံစိုက်ကာ ဝင်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ စက်ရုံ အများတွင် သင့်လျော်သည့် ရေဆိုးထုတ်စနစ် မရှိဘဲဖြစ်နေပြီး စက်မှုကဏ္ဍ ကြီးထွားလာသည့်
နိုင်ငံတခု အနေဖြင့် ယေဘုယျအားဖြင့် ပိုက်လိုင်းမှ ရေပေးဝေမှု စနစ်တွင် အားနည်းလျက်ရှိကြောင်း Slib က ဆိုခဲ့သည်။

Slib က The Nation သတင်းစာသို့ ပြောကြားရာတွင် ရေညစ်များ စွန့်ပစ်မှုနှင့် ပတ်သတ်၍ စက်ရုံများအပေါ် ကန့်သတ်သည့် ဥပဒေ တရပ်ကို လအနည်းငယ်အတွင်း ပြဋ္ဌာန်းရန် မြန်မာအစိုးရ အနေဖြင့် စီစဉ်လျက်ရှိကြောင်း ဆိုခဲ့သည်။

လွန်ခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အကြီးအကဲနှင့် တွေ့ဆုံခဲ့ကြောင်း Slib က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ရေပေးဝေမှုသည် ထုထည် ၅၁၁,၀၀၀ ကုဗမီတာ ပမာဏ ရှိပြီး သန်းခြောက်ဆယ် လူဦးရေ၏
ခြောက်ဆယ် ရာခိုင်နှုန်းခန့်ကို ပေးဝေနေကြောင်း သူကဆိုသည်။ ရေဆိုးစနစ်နှင့် ပတ်သတ်၍ တနေ့လျှင် ၁၂,၃၆၀ ကုဗမီတာ လုပ်ဆောင်နေကြောင်းနှင့် မြန်မာနိုင်ငံတွင်း စက်ရုံများ၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း သည် ရေဆိုးရေညစ်ထုတ် စနစ် တပ်ဆင်ထားခြင်း မရှိကြောင်းလည်း သိရသည်။

Hydrotek ကုမ္ပဏီသည် ရေပေးဝေမှု စနစ်နှင့် ရေဆိုးရေညစ်ထုတ် စနစ်တို့နှင့် ပတ်သတ်သည့် ဈေးကွက် အခြေအနေများကို သုတသေန ပြုလုပ်ရန် မြန်မာပညာရှင်များကိုလည်း ငှားရမ်းထားကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် မကြာသေးခင်က ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး တရုံး ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

ထိုင်း ရေထိန်းချုပ်မှု ဈေးကွက်အနေဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုကြီးထွားလာစေရန် ခန့်မှန်းထားပြီး
လောလောဆယ် ဈေးကွက် တန်ဖိုးမှာ ထိုင်းဘတ် ၅ ဘီလီယံ ခန့် ရှိကြောင်း ကုမ္ပဏီက ဆိုသည်။

သောက်သုံးရေ ဖြန့်ဝေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက
ဆွေးနွေးခဲ့ကြကြောင်း မဇ္ဈိမ သတင်းဌာနတွင် ဖော်ပြခဲ့သည်။ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆင်ခြေဖုံး ဒေသများသို့ ပေးဝေဖြန့်ဖြူးနေသည့် သောက်သုံးရေ ပမာဏသည် လုံလောက်မှု မရှိကြောင်းနှင့် ပိုမို ဖြန့်ဝေပေးရန် မြို့တော်စည်ပင်သာယာရေး ကော်မတီအား တိုက်တွန်းခဲ့သည်။

“ကျနော်တို့ မြို့နယ်က လူအများစုဟာ ဆင်းရဲကြပါတယ်။ ရေရရှိဖို့ သူတို့တွေဟာ ညဥ့်နက်သည်အထိ မအိပ်ဘဲ
စောင့်နေရလေ့ ရှိပါတယ်။ ရေမလုံလောက်မှုကြောင့် ကျန်းမာရေး ပြဿနာတွေလည်း ရှိနေပါတယ်” ဟု ဦးကျော် က တိုင်းလွှတ်တော်တွင် ပြောကြားခဲ့သည်။

ဦးကျော်၏ အဆိုပြုချက်နှင့် ပတ်သတ်၍ ရန်ကုန်မြို့တော်ဝန်က ပြောကြားရာတွင် ရန်ကုန်တွင် နေ့စဉ် ရေ ဂါလံ
ပေါင်း ၁၆၀ သန်းကို ပေးဝေနေလျက် ရှိပြီး ပိုမိုဖြန့်ဝေပေးရန် အတွက်လည်း အစီအစဉ်များ ရှိသည်ဟု ဆိုခဲ့သည်။

“အမတ်တွေအားလုံး အာရုံစိုက်ပြီး နားထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်တဲ့ အခါမှာတော့ အမတ် ၂၄ ယောက်တည်းကပဲ ထောက်ခံခဲ့ကြပါတယ်။ စစ်ဘက်လွှတ်တော် ကိုယ်စားလှယ်များနဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြပါတယ်” ဟု သတင်းထောက် တဦးက မဇ္ဈိမသို့ ပြောခဲ့သည်။

ရန်ကုန် မြို့တော်ဝန် လှမြင့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ် ၃၃မြို့နယ် အတွက် ချိုးဖြူ၊ လှော်ကား၊ ဖူးကြီးနှင့် ငမိုးရိပ် ရေလှောင်ကန်များမှ ဖြန့်ဝေပေးလျက် ရှိနေကြောင်းနှင့် မြေအောက်
ရေများကိုလည်း စက်ရေတွင်းများမှ တဆင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ဆိုခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More