![]() |
| ကွမ်းတံတွေး |
မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၁ မြို့နယ်ရှိပြီး မန္တလေး၊ ပြင်ဦးလွင်၊ ကျောက် ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်းနှင့် နေပြည်နော် စသည့်ခရိုင်ရှစ်ခုရှိကာ ယင်းခရိုင်များတွင် အဆိုပါ အရေးယူမှုကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
အဆိုပါ အရေးယူမည့်ကိစ္စရပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသိပညာပေးကာလအဖြစ် ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ သတ်မှတ် ထားကာ ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီက လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ခရီးသည်များကို ဇန်န၀ါ ရီလ ၂၅ ရက်နေ့မှစတင်၍ သတိပေးနှိုးဆော်ခြင်း၊ ယာဉ်များပေါ်တွင် သတိပေးစာတန်းများ ကပ်ခြင်းတို့ကိုပြု လုပ်နေကြောင်း၊ လာမည့်ဖေဖော်ဝါရီလမှစတင်၍ စည်ပင်သာယာရေးဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။















0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။