.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Wednesday, January 25, 2012

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေအနေမဲ့များအား စတင်ရှင်းလင်းပြီ

ဓါတ်ပုံ(google images)
မန္တလေးတိုင်းဒေသကြီး၏ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဘူတာရုံ၊ ဆေးရုံ၊ ပလက်ဖောင်းနှင့် အများပြည်သူ သွားလာနေသည့် စင်္ကြန်များ ပေါ်တွင် အခြေအနေမဲ့ တောင်းရမ်း စားသောက်နေသူများ၊ စည်းကမ်းမဲ့ အခြေချ ညအိပ်နေထိုင်နေသူများကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ဖမ်းဆီး ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသူများအား စတင် ရှင်းလင်းရာတွင် ပညာပေး ကာလအဖြစ် ရက်သတ္တပတ် တစ်ပတ်စတင်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် စည်ပင် သာယာနည်းဥပဒေ ပုဒ်မ ၂၄၊ ၂၅၊ ၂၆၊ ၂၇ အရျ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန်းရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တော်အတွင်း တောင်းရမ်းစားသောက်နေသူများအား အရေးယူရန် ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်တွင် မန္တလေး မြို့တော်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့တော် သာယာလှပရေး၊ မြို့နေလူထု စိတ်ချမ်းသာရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
တိုင်းပြည်မှာ လူမှုဖူလုံရေးစရိတ်တွေ တိုးမြှင့်သုံးစွဲခြင်း မပြုနိုင်သေးသမျှ ကာလပတ်လုံး ဒီပြဿနာတွေ ရှိနေဦးမှာပါ၊ တစ်ချို့ကျတော့လည်း အလုပ်မရှိလို့၊ တစ်ချို့ကျတော့လည်း ချောင်လို့ကို တောင်းစားတာမျိုး ရှိတယ်၊ သူတောင်းစား ပပျောက်ရေးဆိုပြီး တောင်းစားတဲ့သူ ထောင်ထဲထည့် နေရင်လည်း အလုပ်မဖြစ်ပြန်ဘူး၊ ရန်ကုန်မှာလို အခြေအနေမဲ့တွေကို စည်ပင်က အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ပုံမျိုးဆိုရင် ကောင်းတယ်" ဟု မန္တလေး ဒေသခံတစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More